အသေးစိတ်ကစပြီး မက်ဆီကို လိုက်လံပြိုင်ဆိုင်ခဲ့တဲ့ စီရော်နယ်ဒို

အောင်မြင်မှုကြီးကြီးမားမားရဖို့ဆိုရင် စတေးခဲ့ရတဲ့ အရာတွေကလည်း အဆမတန် ကြီးမားလွန်းတယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။

ဒီအချက်ကို သိချင်တယ်ဆိုချင်ရင်တော့ အခုပြောမယ့် စီရော်နယ်ဒိုရဲ့ အကြောင်းကို သေချာဖတ်ကြည့်လိုက်ပါ။ အသက် ၃၇ အရွယ်တိုက်စစ်မှူးဟာ သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ပြည့်စုံကုံလုံတဲ့ အောင်မြင်မှုတွေရဖို့အတွက် တစ်ပွဲချင်းကို အားစိုက် ကြိုးစားခဲ့တဲ့သူပါ။

နောက်ပြီး သူ့ရဲ့ တိုးတက်မှုတွေအတွက်လည်း သူ့ကိုယ်သူပြန်ကြည့်ပြီး သဘောကျနေတတ်တဲ့သူလို့လည်း သိရပါတယ်။

ဆိုရရင် ရော်နယ်ဒိုဟာ မက်ဆီနဲ့အတူ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဆိုတဲ့ ဂုဏ်ပုဒ်ကို ပူးတွဲ တည်ထောင်ခဲ့ သူဖြစ်ပါတယ်။

မန်ယူနောက်ခံလူဟောင်းတစ်ယောက်ဖြစ်တဲ့ ဖာဒီနန်ရဲ့ ပြော ဆိုချက်အရ ရော်နယ်ဒိုဟာ မက်ဆီကို ပြိုင်ဆိုင်ဖို့အတွက် အသေးစိတ်ကစပြီး ဂရုတစိုက်ရှိတယ်လို့ သိခွင့်ရတဲ့ အကြောင်းကို လီဗာပူး ကစားသမားဟောင်း ပီတာခရော့ချ်က Daily Mail သတင်းစာမှာ အခုလို ဖွင့်ဟခဲ့ပါတယ်။

‘’မှန်ရှေ့မှာ အပေါ်ပိုင်း ဗလာကျင်းထားတဲ့ ပုံစံနဲ့ ထိုင်နေတဲ့ စီ ရော်နယ်ဒိုအကြောင်းကို ရီယိုဖာဒီနန်က ပြောပြခဲ့တယ်။

သူ့ရဲ့ လက်တွေ နဲ့ ဆံပင်ကို အသာအယာပွတ်သပ်ပြီး ဝိုး….ငါက ေ-ာက်ချောကြီးပါလားတဲ့။ တခြား ယူနိုက်တက် ကစားသမားတွေကတော့ သူ့ကို အလိုမကျတာမျိုး ရှိ ကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီက သူ့ထက် ပိုတော်ပါတယ်။ အဲဒီနောက် သူကတော့ သူ့ရဲ့ ပခုံးကို တွန့်လိုက်ပြီး ပြုံးလိုက်လိမ့်မယ်။ ဟာ .. ဟုတ်တာပေါ့။ မက်ဆီမှာ ဒါမျိုးမှ မရှိတာဆိုပြီးတော့ပေါ့လေ’’ လို့ ပီတာ ခရော့ချ်က ပြန်လည်ဖွင့်ဟ သွားခဲ့ပါတယ်။

နောက်ပြီး ပွဲတစ်ပွဲ ကစားဖို့ ပြင် ဆင်နေချိန်အတွင်းမှာလည်း စီရော်နယ်ဒိုလောက် ယုံကြည်မှု ပြင်းထန်တဲ့ သူမျိုး မတွေ့မိဘူးလို့ ဝိန်းရွန်နေးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပီတာခရော့ချ်က ပြောဆိုခဲ့ပါတယ်။

‘’ပွဲတိုင်းမှာ သွေးပူလေ့ကျင့်ခန်း မလုပ်ခင် သူက ပြေးနေကျလမ်းကြောင်းအတိုင်း ပြေးတယ်။

အားကစားဝတ်စုံတွေ ဝတ်တယ်။ ဖိနပ်ဝတ်တယ်။ သိပ်မကြာလိုက်ဘူး။ ရွန်နေးက ဒီကောင့်ကို သေ ချာစိုက်ကြည့်ပြီး စဉ်းစားနေတယ်။ ဘာလဲပေါ့။ စီရော်နယ်ဒိုထက် ယုံကြည် မှု လွန်ကဲတဲ့ လူမျိုးရှိမယ်ဆိုရင် ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး’’ လို့ ပီ တာခရော့ချ်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

အေသးစိတ္ကစၿပီး မက္ဆီကို လိုက္လံၿပိဳင္ဆိုင္ခဲ့တဲ့ စီေရာ္နယ္ဒို

ေအာင္ျမင္မႈႀကီးႀကီးမားမားရဖို႔ဆိုရင္ စေတးခဲ့ရတဲ့ အရာေတြကလည္း အဆ မတန္ ႀကီးမားလြန္းတယ္ဆိုတာ ေျမႀကီးလက္ခတ္ မလြဲပါပဲ။

ဒီအခ်က္ကို သိ ခ်င္တယ္ဆိုခ်င္ရင္ေတာ့ အခုေျပာမယ့္ စီေရာ္နယ္ဒိုရဲ႕ အေၾကာင္းကို ေသခ်ာ ဖတ္ၾကည့္လိုက္ပါ။

အသက္ ၃၇ အ႐ြယ္တိုက္စစ္မႉးဟာ သူ႔ရဲ႕ ကစားသမား ဘဝတစ္ေလွ်ာက္ ျပည့္စုံကုံလုံတဲ့ ေအာင္ျမင္မႈေတြရဖို႔အတြက္ တစ္ပြဲခ်င္းကို အားစိုက္ ႀကိဳးစားခဲ့တဲ့သူပါ။

ေနာက္ၿပီး သူ႔ရဲ႕ တိုးတက္မႈေတြအတြက္လည္း သူ႔ကိုယ္သူျပန္ၾကည့္ၿပီး သေဘာက်ေနတတ္တဲ့သူလို႔လည္း သိရပါတယ္။

ဆိုရရင္ ေရာ္နယ္ဒိုဟာ မက္ဆီနဲ႔အတူ ၿပီးခဲ့တဲ့ ၁၅ ႏွစ္တာ ကာလအတြင္း ကမာၻ႔အေကာင္းဆုံးကစားသမားေတြဆိုတဲ့ ဂုဏ္ပုဒ္ကို ပူးတြဲ တည္ေထာင္ခဲ့ သူျဖစ္ပါတယ္။

မန္ယူေနာက္ခံလူေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဖာဒီနန္ရဲ႕ ေျပာ ဆိုခ်က္အရ ေရာ္နယ္ဒိုဟာ မက္ဆီကို ၿပိဳင္ဆိုင္ဖို႔အတြက္ အေသးစိတ္ကစၿပီး ဂ႐ုတစိုက္ရွိတယ္လို႔ သိခြင့္ရတဲ့ အေၾကာင္းကို

လီဗာပူး ကစားသမားေဟာင္း ပီတာခေရာ့ခ်္က Daily Mail သတင္းစာမွာ အခုလို ဖြင့္ဟခဲ့ပါတယ္။ ‘’မွန္ေရွ႕မွာ အေပၚပိုင္း ဗလာက်င္းထားတဲ့ ပုံစံနဲ႔ ထိုင္ေနတဲ့ စီ ေရာ္နယ္ဒိုအေၾကာင္းကို ရီယိုဖာဒီနန္က ေျပာျပခဲ့တယ္။

သူ႔ရဲ႕ လက္ေတြ နဲ႔ ဆံပင္ကို အသာအယာပြတ္သပ္ၿပီး ဝိုး….ငါက ေ-ာက္ေခ်ာႀကီးပါလားတဲ့။ တျခား ယူႏိုက္တက္ ကစားသမားေတြကေတာ့

သူ႔ကို အလိုမက်တာမ်ိဳး ရွိ ၾကပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မက္ဆီက သူ႔ထက္ ပိုေတာ္ပါတယ္။ အဲဒီ ေနာက္ သူကေတာ့ သူ႔ရဲ႕ ပခုံးကို တြန႔္လိုက္ၿပီး ၿပဳံးလိုက္လိမ့္မယ္။ ဟာ .. ဟုတ္တာေပါ့။

မက္ဆီမွာ ဒါမ်ိဳးမွ မရွိတာဆိုၿပီးေတာ့ေပါ့ေလ’’ လို႔ ပီတာ ခေရာ့ခ်္က ျပန္လည္ဖြင့္ဟ သြားခဲ့ပါတယ္။

ေနာက္ၿပီး ပြဲတစ္ပြဲ ကစားဖို႔ ျပင္ ဆင္ေနခ်ိန္အတြင္းမွာလည္း စီေရာ္နယ္ဒိုေလာက္ ယုံၾကည္မႈ ျပင္းထန္တဲ့ သူမ်ိဳး မေတြ႕မိဘူးလို႔ ဝိန္း႐ြန္ေနးရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ပီတာခေရာ့ခ်္က ေျပာဆိုခဲ့ပါတယ္။ ‘’ပြဲတိုင္းမွာ ေသြးပူေလ့က်င့္ခန္း မလုပ္ခင္ သူက ေျပးေနက်လမ္းေၾကာင္းအတိုင္း ေျပးတယ္။

အားကစားဝတ္စုံေတြ ဝတ္တယ္။ ဖိနပ္ဝတ္တယ္။

သိပ္မၾကာလိုက္ဖူး။ ႐ြန္ေနးက ဒီေကာင့္ကို ေသ ခ်ာစိုက္ၾကည့္ၿပီး စဥ္းစားေနတယ္။ ဘာလဲေပါ့။ စီေရာ္နယ္ဒိုထက္ ယုံၾကည္ မႈ လြန္ကဲတဲ့ လူမ်ိဳးရွိမယ္ဆိုရင္ ကြၽန္ေတာ္ တစ္ခါမွ မေတြ႕ဖူးပါဘူး’’ လို႔ ပီ တာခေရာ့ခ်္က ေျပာဆိုသြားခဲ့ပါတယ္။