အသုံးစရိတ်သိရပြီးနောက် ကြယ်ပွင့် ၅ဦးကို အရောင်းစာရင်း တင်လိုက်တဲ့ တန်ဟတ်

ယူနိုက်တက်နည်းပြသစ်ဖြစ်လာတော့မယ့် အဲရစ်တန်ဟတ်ဟာ

ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လာမယ့်နွေရာသီအတွင်း
အသင်းရှိကြယ်ပွင့် ၅ ဦးကို ရောင်းချဖို့
ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပတယ်။
နယ်သာလန်နိုင်ငံသား တန်ဟတ်ဟာ ယခုရာသီအကုန်မှာ
အေဂျက်စ်အသင်းကနေ ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ်

ပြောင်းလဲတာဝန်ယူမှာဖြစ်ပြီး ယူနိုက်တက်ဘက်က
သူ့ကို အချိန်ပေးတဲ့အနေနဲ့ ၃နှစ်စာချုပ်မှာ
နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်း
ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလက ငွေမသုံးခဲ့ဘဲ

တန်ဟတ်အတွက် လုံလောက်တဲ့အသုံးစရိတ်
ထုတ်ပေးဖို့ များပေမယ့် အသက် ၅၂နှစ်အရွယ်ရှိ
တန်ဟတ်အတွက် ပြုပြင်ပြောင်းလဲရေးကာလမှာ
မလောက်ငှနိုင်လို့ အသင်းရှိကစားသမားတချို့ကို
ထုတ်ရောင်းရင်း ရန်ပုံငွေ ပိုထွက်လာစေဖို့ စီစဉ်နေတာပါ။

ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ တန်ဟတ်ဟာ နွေရာသီမှာ
အသုံးစရိတ် ပေါင်သန်း ၁၀၀ ကနေ သန်း ၁၅၀ ကြား
ရနိုင်ပေမယ့် ဒီထက်ပိုများလာစေဖို့ ဝမ်ဘစ်ဆာကာ၊
အဲရစ်ဘိုင်လေ၊ တယ်လက်စ်၊ ဖီးလ်ဂျုံးစ်နဲ့
မာစီယယ်တို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၁၉ က ပဲလေ့စ်ကနေ ရောက်ခဲ့တဲ့ ဘစ်ဆာကာဟာ
အသင်းကို ရန်းနစ် ရောက်လာချိန်ကတည်းက
ပုံမှန်ကစားခွင့် ပျောက်ဆုံးနေပြီး မာစီယယ်ကလည်း
ဆီဗီလာမှာ အငှားကစားနေပေမယ့် ခြေစွမ်းပြနိုင်ဖို့
ရုန်းကန်နေရသလို လိဂ် ၈ပွဲ ကစားပြီးတာတောင် ဂိုးပေါက်ပျောက်နေပါတယ်။

ဖီးလ်ဂျုံးစ်နဲ့ ဘိုင်လေတို့ကတော့ အခုကတည်းက
နေရာပျောက်နေတာဖြစ်လို့ အရောင်းစာရင်းမှာ
ပါဝင်နေတာ အံ့အားသင့်စရာမရှိဘဲ သူတို့ကိုသာ
ရောင်းထုတ်လိုက်ရင် ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖွယ်ရှိနေပါတယ်။
တန်ဟတ်ရဲ့အဝယ်စာရင်းထဲမှာ တိုက်စစ်မှူးတစ်ဦးနဲ့

ဗဟိုကွင်းလယ်လူတစ်ဦး ခေါ်ဖို့လည်း ပါဝင်နေနိုင်ပြီး
ကာဗာနီ၊ လင်ဂတ်နဲ့ ပေါ့ဂ်ဘာတို့က ယခုရာသီအကုန်မှာ
စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ရာ ကွင်းလယ်နဲ့
တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိလာနိုင်ပါတယ်။

Zawgyi

အသုံးစရိတ္သိရၿပီးေနာက္ ၾကယ္ပြင့္ ၅ဦးကို အေရာင္းစာရင္း တင္လုိက္တဲ့ တန္ဟတ္
ယူႏုိက္တက္နည္းျပသစ္ျဖစ္လာေတာ့မယ့္ အဲရစ္တန္ဟတ္ဟာ
ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ လာမယ့္ေႏြရာသီအတြင္း

အသင္းရွိၾကယ္ပြင့္ ၅ ဦးကို ေရာင္းခ်ဖို႔
ဆုံးျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သိရပတယ္။
နယ္သာလန္ႏုိင္ငံသား တန္ဟတ္ဟာ ယခုရာသီအကုန္မွာ
ေအဂ်က္စ္အသင္းကေန ယူႏုိက္တက္ရဲ႕အၿမဲတမ္းနည္းျပအျဖစ္
ေျပာင္းလဲတာ၀န္ယူမွာျဖစ္ၿပီး ယူႏုိက္တက္ဘက္က

သူ႕ကို အခ်ိန္ေပးတဲ့အေနနဲ႔ ၃ႏွစ္စာခ်ဳပ္မွာ
ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးႏုိင္မယ့္အခ်က္လည္း
ထည့္သြင္းခ်ဳပ္ဆုိခဲ့ပါတယ္။
ယူႏုိက္တက္အသင္းဟာ ဇန္န၀ါရီလက ေငြမသုံးခဲ့ဘဲ
တန္ဟတ္အတြက္ လုံေလာက္တဲ့အသုံးစရိတ္

ထုတ္ေပးဖို႔ မ်ားေပမယ့္ အသက္ ၅၂ႏွစ္အရြယ္ရွိ
တန္ဟတ္အတြက္ ျပဳျပင္ေျပာင္းလဲေရးကာလမွာ
မေလာက္ငွႏိုင္လုိ႔ အသင္းရွိကစားသမားတခ်ိဳ႕ကို
ထုတ္ေရာင္းရင္း ရန္ပုံေငြ ပိုထြက္လာေစဖို႔ စီစဥ္ေနတာပါ။
ESPN သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ တန္ဟတ္ဟာ ေႏြရာသီမွာ

အသုံးစရိတ္ ေပါင္သန္း ၁၀၀ ကေန သန္း ၁၅၀ ၾကား
ရႏုိင္ေပမယ့္ ဒီထက္ပိုမ်ားလာေစဖို႔ ၀မ္ဘစ္ဆာကာ၊
အဲရစ္ဘုိင္ေလ၊ တယ္လက္စ္၊ ဖီးလ္ဂ်ံဳးစ္နဲ႔
မာစီယယ္တုိ႔ကို ေရာင္းထုတ္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
၂၀၁၉ က ပဲေလ့စ္ကေန ေရာက္ခဲ့တဲ့ ဘစ္ဆာကာဟာ

အသင္းကို ရန္းနစ္ ေရာက္လာခ်ိန္ကတည္းက
ပုံမွန္ကစားခြင့္ ေပ်ာက္ဆုံးေနၿပီး မာစီယယ္ကလည္း
ဆီဗီလာမွာ အငွားကစားေနေပမယ့္ ေျခစြမ္းျပႏုိင္ဖို႔
ရုန္းကန္ေနရသလို လိဂ္ ၈ပြဲ ကစားၿပီးတာေတာင္ ဂိုးေပါက္ေပ်ာက္ေနပါတယ္။
ဖီးလ္ဂ်ံဳးစ္နဲ႔ ဘုိင္ေလတို႔ကေတာ့ အခုကတည္းက

ေနရာေပ်ာက္ေနတာျဖစ္လုိ႔ အေရာင္းစာရင္းမွာ
ပါ၀င္ေနတာ အံ့အားသင့္စရာမရွိဘဲ သူတုိ႔ကိုသာ
ေရာင္းထုတ္လုိက္ရင္ ဗဟိုေနာက္ခံလူတစ္ဦး ေခၚယူဖြယ္ရွိေနပါတယ္။
တန္ဟတ္ရဲ႕အ၀ယ္စာရင္းထဲမွာ တိုက္စစ္မွဴးတစ္ဦးနဲ႔
ဗဟိုကြင္းလယ္လူတစ္ဦး ေခၚဖို႔လည္း ပါ၀င္ေနႏုိင္ၿပီး

ကာဗာနီ၊ လင္ဂတ္နဲ႔ ေပါ့ဂ္ဘာတုိ႔က ယခုရာသီအကုန္မွာ
စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ရာ ကြင္းလယ္နဲ႔
တုိက္စစ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိလာႏိုင္ပါတယ္။