အသားကျဖို့ ခက်ခဲနေတုန်းပဲလား ဂရေးလစ်ရှ်

ဂျက်ဂရေးလစ်ရှ်က အသင်းသစ်မန်ချက်စတာစီးတီးအသင်းအတွက်

အခုထက်ပိုတဲ့စွမ်းဆောင်ရည်တွေယူဆောင်လာပေးဖို့ ကြိုးစားနေရကြောင်း၊

မန်စီးတီးမှာအသားကျဖို့ ထင်ထားတာထက်ခက်ခဲ့ကြောင်းဝန်ခံလာပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ငယ်ဘဝကတည်းက ကစားလာတဲ့အက်စ်တွန်ဗီလာကို

စွန့်ခွါပြီး မန်စီးတီးကိုပေါင်သန်း၁၀၀နဲ့ပြောင်းရွှေ့လာတဲ့ဂရေးလစ်ရှ်ဟာ

အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် သတ်မှတ်မခံရသေးဘဲ

ပွဲထွက် ကစားခွင့် ရတဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၂ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးမှုသာ

ပြုလုပ်ထားခဲ့ပါတယ် ။


လတ်တလောမှာတော့ဂရေးလစ်ရှ်ဟာ ကိုဗစ်စည်းကမ်းကိုချိုးဖောက်ကာ

အသင်းဖော်ဖိုဒန်နဲ့ night out ထွက်ခဲ့မိလို့ နည်းပြဂွါဒီယိုလာရဲ့ ချန်လှပ်ထား

ခြင်းကိုခံနေရပါတယ်။
“ကျွန်တော် အများကြီး ပေးဆပ်ဖို့ ရှိပါသေးတယ် ။ ဒီမှာ ကျွန်တော် ထင်ထား

တာထက် အများကြီး ပိုခက်ခဲ့ပါတယ် ။အစ တုန်းက ဒီလိုပဲ အဆင်ပြေသွား

မှာပါလို့ ထင်မိ ခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် အများကြီး သင်ယူ လေ့လာ

ရဦးမယ် ဆိုတာကို သဘောပေါက် သွားခဲ့ ပါတယ် ။ အခု အဲ့ဒါတွေကို

စလုပ်နေပါပြီ။အသင်းသစ်ကို ပြောင်းရင် တစ်နှစ်လောက် အချိန်ယူရတတ်တယ်

လို့ ကြားဖူး ပါတယ် ။

ကျွန်တော်လည်း အတူတူပဲ နေမှာပါ ။ နောက်နှစ် ( ၂၀၂၂ ) ထဲမှာ

အသင်းအတွက် ဂိုးတွေ ပိုသွင်း ၊ ဂိုးတွေ ပိုဖန်တီးပေး နိုင်ဖို့ မျှော်လင့်ထား

ပါတယ် ဒီ အသင်းမှာက ကွင်းထဲမှာရော ကွင်းပြင်မှာပါ သတ်မှတ်ချက်တွေ ၊

တောင်းဆိုချက်တွေက အရမ်းကို မြင့်ပါတယ် ကျွန်တော့်အတွက်တော့ မယုံနိုင်

စရာပါပဲ ။ ဒါကြောင့်လည်း သူတို့ အခုလောက်ထိ အောင်မြင် နေတာ ဖြစ်မှာပါ”လို့

ဂရေးလစ်ရှ် က ပြောဆို သွားခဲ့ ပါတယ် ။

Zawgyi

အသားက်ဖို႔ ခက္ခဲေနတုန္းပဲလား ဂေရးလစ္ရွ္

ဂ်က္ဂေရးလစ္ရွ္က အသင္းသစ္မန္ခ်က္စတာစီးတီးအသင္းအတြက္

အခုထက္ပိုတဲ့စြမ္းေဆာင္ရည္ေတြယူေဆာင္လာေပးဖို႔ ႀကိဳးစားေနရေၾကာင္း၊

မန္စီးတီးမွာအသားက်ဖို႔ ထင္ထားတာထက္ခက္ခဲ့ေၾကာင္းဝန္ခံလာပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက ငယ္ဘဝကတည္းက ကစားလာတဲ့အက္စ္တြန္ဗီလာကို

စြန႔္ခြါၿပီး မန္စီးတီးကိုေပါင္သန္း၁၀၀နဲ႔ေျပာင္းေ႐ႊ႕လာတဲ့ဂေရးလစ္ရွ္ဟာ

အသင္းရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္မခံရေသးဘဲ

ပြဲထြက္ ကစားခြင့္ ရတဲ့ ေနာက္ဆုံး ၁၂ ပြဲမွာ ၂ ဂိုး သြင္းၿပီး ၂ ဂိုး ဖန္တီးမႈသာ

ျပဳလုပ္ ထားခဲ့ ပါတယ္ ။
လတ္တေလာမွာေတာ့ဂေရးလစ္ရွ္ဟာ ကိုဗစ္စည္းကမ္းကိုခ်ိဳးေဖာက္ကာ

အသင္းေဖာ္ဖိုဒန္နဲ႔ night out ထြက္ခဲ့မိလို႔ နည္းျပဂြါဒီယိုလာရဲ႕ ခ်န္လွပ္ထား

ျခင္းကိုခံေနရပါတယ္။
“ကြၽန္ေတာ္ အမ်ားႀကီး ေပးဆပ္ဖို႔ ရွိပါေသးတယ္ ။ ဒီမွာ ကြၽန္ေတာ္ ထင္ထား

တာထက္ အမ်ားႀကီး ပိုခက္ ခဲ့ပါတယ္ ။အစ တုန္းက ဒီလိုပဲ အဆင္ေျပသြာ

းမွာပါလို႔ ထင္မိ ခဲ့တာပါ ။ ဒါေပမယ့္ ကြၽန္ေတာ္ အမ်ားႀကီး သင္ယူ ေလ့လာ

ရဦးမယ္ ဆိုတာကို သေဘာေပါက္ သြားခဲ့ ပါတယ္ ။ အခု အဲ့ဒါေတြကို

စလုပ္ေနပါၿပီ။အသင္းသစ္ကို ေျပာင္းရင္ တစ္ႏွစ္ေလာက္ အခ်ိန္ယူရတတ္တယ္

လို႔ ၾကားဖူး ပါတယ္ ။ ကြၽန္ေတာ္လည္း အတူတူပဲ ေနမွာပါ ။ ေနာက္ႏွစ္ ( ၂၀၂၂ )

ထဲမွာ အသင္းအတြက္ ဂိုးေတြ ပိုသြင္း ၊ ဂိုးေတြ ပိုဖန္တီးေပး ႏိုင္ဖို႔ ေမွ်ာ္လင့္ထား

ပါတယ္ ဒီ အသင္းမွာက ကြင္းထဲမွာေရာ ကြင္းျပင္မွာပါ သတ္မွတ္ခ်က္ေတြ ၊

ေတာင္းဆိုခ်က္ေတြက အရမ္းကို ျမင့္ပါတယ္ ကြၽန္ေတာ့္အတြက္ေတာ့ မယုံႏိုင္

စရာပါပဲ ။ ဒါေၾကာင့္လည္း သူတို႔ အခုေလာက္ထိ ေအာင္ျမင္ ေနတာ ျဖစ္မွာပါ”လို႔

ဂေရးလစ္ရွ္ က ေျပာဆို သြားခဲ့ ပါတယ္ ။