အသင်းအတွက် နိုင်အောင်ကန်သလို စိတ်ဓာတ်အဆင့်အတန်းကိုပါပြခဲ့တဲ့ ဆာလက်

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်နောက်ဆုံးပွဲတွေကို

ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့ရာ လီဗာပူးတိုက်စစ်မှူးတွေဖြစ်တဲ့

ဆာလက်နဲ့ မာနေးတို့ရဲ့လက်ရွေးစင်အသင်းတွေ အသီးသီးအနိုင်ရခဲ့ကြပါတယ်။

ဆာလက်ရဲ့အီဂျစ်အသင်းက ဟာကီမီရဲ့ မော်ရိုကိုအသင်းကို

အချိန်ပိုမှာ ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ကာ

ဆာလက်က အသင်းအတွက် အရေးပါတဲ့ချေပဂိုးသွင်းယူနိုင်ခဲ့သလို

ဗီလာတောင်ပံကစားသမား ထရက်ဇီဂေးရဲ့အနိုင်ဂိုးအတွက်လည်း

အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ စုစုပေါင်း ၇ကြိမ် ဗိုလ်စွဲထားတဲ့

အီဂျစ်အသင်းဟာ ကြာသပတေးနေ့မှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်

အိမ်ရှင် ကင်မရွန်းနဲ့ ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပြီး

အဲဒီပွဲမှာ တတိယဦးစားပေးဂိုးသမား ဆော့ဟီကို အသုံးပြုရဖွယ်ရှိနေပါတယ်။

မော်ရိုကိုအနေနဲ့ ပွဲချိန် ၆ မိနစ်မှာ ဘူဖယ်ရဲ့ပင်နယ်တီဂိုးနဲ့အတူ

ဦးဆောင်နိုင်ခဲ့ပြီးနောက် ၁၉၈၈ နောက်ပိုင်း ဒုတိယမြောက်

ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်

ဆာလက်ရဲ့ခြေစွမ်းပြမှုတွေကြောင့် မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ရပါတယ်။

အီဂျစ်-မော်ရိုကိုပွဲပြီးဆုံးကြောင်း ကွင်းလယ်ဒိုင်က

ခရာမှုတ်ခဲ့ချိန်မှာတော့ အီဂျစ်အသင်းသားတွေဟာ

နောက်တစ်ဆင့်တက်နိုင်ခဲ့လို့ အောင်ပွဲခံနေခဲ့ကြပေမယ့်

ဆာလက်ကတော့ အောင်ပွဲမခံခဲ့ဘဲ မော်ရိုကိုနောက်ခံလူ

ဟာကီမီကို သွားရောက်နှစ်သိမ့်နေခဲ့ပါတယ်။

ဆာလက်ရဲ့ အဲဒီအပြုအမူအတွက် သူ့ကိုလူမှုကွန်ရက်ပေါ်မှာ

ပရိသတ်တွေက ချီးကျူးနေကြပြီး အီဂျစ်သားကြီးကတော့

အားလုံးရဲ့နှလုံးသားတွေကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

zawgyi

အသင္းအတြက္ ႏိုင္ေအာင္ကန္သလို စိတ္ဓာတ္အဆင့္အတန္းကိုပါျပခဲ့တဲ့ ဆာလက္

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္ေနာက္ဆုံးပြဲေတြကို

ယမန္ေန႔ညက က်င္းပျပဳလုပ္ခဲ့ရာ လီဗာပူးတိုက္စစ္မႉးေတြျဖစ္တဲ့

ဆာလက္နဲ႔ မာေနးတို႔ရဲ႕လက္ေ႐ြးစင္အသင္းေတြ အသီးသီးအႏိုင္ရခဲ့ၾကပါတယ္။

ဆာလက္ရဲ႕အီဂ်စ္အသင္းက ဟာကီမီရဲ႕ ေမာ္႐ိုကိုအသင္းကို

အခ်ိန္ပိုမွာ ၂-၁ ဂိုးနဲ႔အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ကာ

ဆာလက္က အသင္းအတြက္ အေရးပါတဲ့ေခ်ပဂိုးသြင္းယူႏိုင္ခဲ့သလို

ဗီလာေတာင္ပံကစားသမား ထရက္ဇီေဂးရဲ႕အႏိုင္ဂိုးအတြက္လည္း

အေကာင္းဆုံးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ စုစုေပါင္း ၇ႀကိမ္ ဗိုလ္စြဲထားတဲ့

အီဂ်စ္အသင္းဟာ ၾကာသပေတးေန႔မွာ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္

အိမ္ရွင္ ကင္မ႐ြန္းနဲ႔ ပြဲက်ပ္ရင္ဆိုင္ရမွာျဖစ္ၿပီး

အဲဒီပြဲမွာ တတိယဦးစားေပးဂိုးသမား ေဆာ့ဟီကို အသုံးျပဳရဖြယ္ရွိေနပါတယ္။

ေမာ္႐ိုကိုအေနနဲ႔ ပြဲခ်ိန္ ၆ မိနစ္မွာ ဘူဖယ္ရဲ႕ပင္နယ္တီဂိုးနဲ႔အတူ

ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ၁၉၈၈ ေနာက္ပိုင္း ဒုတိယေျမာက္

ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္

ဆာလက္ရဲ႕ေျခစြမ္းျပမႈေတြေၾကာင့္ ေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားခဲ့ရပါတယ္။

အီဂ်စ္-ေမာ္႐ိုကိုပြဲၿပီးဆုံးေၾကာင္း ကြင္းလယ္ဒိုင္က

ခရာမႈတ္ခဲ့ခ်ိန္မွာေတာ့ အီဂ်စ္အသင္းသားေတြဟာ

ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့လို႔ ေအာင္ပြဲခံေနခဲ့ၾကေပမယ့္

ဆာလက္ကေတာ့ ေအာင္ပြဲမခံခဲ့ဘဲ ေမာ္႐ိုကိုေနာက္ခံလူ

ဟာကီမီကို သြားေရာက္ႏွစ္သိမ့္ေနခဲ့ပါတယ္။

ဆာလက္ရဲ႕ အဲဒီအျပဳအမူအတြက္ သူ႔ကိုလူမႈကြန္ရက္ေပၚမွာ

ပရိသတ္ေတြက ခ်ီးက်ဴးေနၾကၿပီး အီဂ်စ္သားႀကီးကေတာ့

အားလုံးရဲ႕ႏွလုံးသားေတြကိုပါ သိမ္းပိုက္ခဲ့ပါတယ္။