အသင်းဟောင်းအတွေ့မှာ ပေါ်တာမှော်အစွမ်းကုန်သွားလို့ ကြောင်ရေချိုးတဲ့အကွက်နဲ့ အိမ်ပြန်ခဲ့ရတဲ့ ချဲလ်ဆီး

ဒီပွဲမှာနည်းပြဂရေဟမ်ပေါ်တာရဲ့လူထုတ်ပုံက အံ့အားသင့်စရာဖြစ်ခဲ့ပြီး ကွင်းလယ်မှာ စတာလင်း၊ ကိုဗာဆစ်၊

လော့ဖ်တက်ချိခ်နဲ့ ပူလီဆစ်တို့လို တိုက်စစ်အားသန်တွေကို ပွဲထုတ်တာက မဟာအမှားလို့ဆိုနိုင်တယ်။

မေဆန်မောင့်၊ ဂယ်လက်ဟာနဲ့ ကိုင်ဟာဗက်ဇ်တို့လိုကစားသမားတွေလည်း ပွဲထွက်ပါဝင်ခဲ့တာကြောင့်

ပေါ်လ်တာရဲ့ လူထုတ်ပုံက တိုက်စစ်သီးသန့်ကြီးလိုဖြစ်နေခဲ့တယ်။

ဘရိုက်တန်နည်းပြဒီဇာဘီကတော့ ကွင်းလယ်လူပါစကယ်ဂရော့ကို ညာနောက်ခံနေရာမှာကစားစေခဲ့ပြီး

ဂျပန်သားလေး မီတိုမာကို တောင်ပံတိုက်စစ်မှာနေရာပေးသွားခဲ့တယ်။

လီဗာပူးကို ဟက်ထရစ်သွင်းပြီးနှိပ်ကွက်ခဲ့တဲ့ ထရိုဆက်က ပွဲအစ ၅မိနစ်မှာ ဘရိုက်တန်အတွက်

အဖွင့်ဂိုးသွင်းပေးခဲ့သလို လော့ဖ်တက်ချိခ်နဲ့ ချာလိုဘတ်တို့ရဲ့ လက်ဆောင်ဂိုးတွေနဲ့ အတူ

ပထမပိုင်းမှာ ဘရိုက်တန်က ၃ဂိုးပြန်ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ဒုတိယပိုင်းအစ မှာ ချဲလ်ဆီးဂိုးသမားကီပါ ဒဏ်ရာရခဲ့လို မန်ဒီနဲ့လူစားလဲခဲ့ရပြီး ၄၈မိနစ်မှာ ဂယ်လက်ဟာရဲ့ ပေးပို့မှုကတစ်ဆင့်

ကိုင်ဟာဗက်ဇ်က ဧည့်သည်အတွက် ချေပဂိုးစသွင်းနိုင်ခဲ့ပါတယ်။

မိနစ် ၆၀ နောက်ပိုင်းမှာတော့ ချဲလ်ဆီးက အူဘာမီယန်း၊ ဘန်ချီဝဲလ်၊ ဇီယက်ရှ်နဲ့ ဘရိုဂျာတို့ကို ထည့်သွင်းပြီး

နောက်ထပ်ချေပဂိုးအတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာပါစကယ်ဂရော့က ဘရိုက်တန်အတွက်

စတုတ္ထဂိုးသွင်းပြီး ပွဲကိုအဆုံးသတ်ပေးလိုက်ပါတယ်။

ချဲလ်ဆီးဟာ နည်းပြဂရေဟမ်ပေါ်လ်တာလက်ထက်ပထမဆုံးရှုံးပွဲကြုံခဲ့ပြီး ၉ပွဲဆက်အရှုံးမရှိ စံချိန်ရပ်တန့်သွားခဲ့တာဖြစ်သလို

အဆင့် ၄ အပြင်ဘက်ကိုလွင့်စင်ထွက်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘရိုက်တန်ဟာ ၅ပွဲဆက်နိုင်ပွဲပျောက်မှုကိုရပ်တန့်နိုင်ခဲ့ပြီး

နည်းပြဒီဇာဘီလက်ထက် ပထမဆုံးနိုင်ပွဲ ကိုပုံဖော်သွားနိုင်ခဲ့ပါတယ်။

ဘရိုက်တန်ပရိသတ်တွေကလည်း သူတို့အသင်းရဲ့ နည်းပြဟောင်းကို


ပထမပိုင်း အပြီးမှာကတည်းက “ခင်ဗျား… နောက်နေ့ မနက် ဆိုရင် အထုတ်ခံရပြီ” ဆိုတဲ့ စာရေးကာ

တွစ်တာမှာ ပိုစ်တင်ရင်း လှောင်နေကြပါတယ်။

zawgyi

အသင္းေဟာင္းအေတြ႕မွာ ေပၚတာေမွာ္အစြမ္းကုန္သြားလို႔ ေၾကာင္ေရခ်ိဳးတဲ့အကြက္နဲ႔ အိမ္ျပန္ခဲ့ရတဲ့ ခ်ဲလ္ဆီး

ဒီပြဲမွာနည္းျပဂေရဟမ္ေပၚတာရဲ႕လူထုတ္ပုံက အံ့အားသင့္စရာျဖစ္ခဲ့ၿပီး ကြင္းလယ္မွာ စတာလင္း၊ ကိုဗာဆစ္၊

ေလာ့ဖ္တက္ခ်ိခ္နဲ႔ ပူလီဆစ္တို႔လို တိုက္စစ္အားသန္ေတြကို ပြဲထုတ္တာက မဟာအမွားလို႔ဆိုႏိုင္တယ္။

ေမဆန္ေမာင့္၊ ဂယ္လက္ဟာနဲ႔ ကိုင္ဟာဗက္ဇ္တို႔လိုကစားသမားေတြလည္း ပြဲထြက္ပါဝင္ခဲ့တာေၾကာင့္

ေပၚလ္တာရဲ႕ လူထုတ္ပုံက တိုက္စစ္သီးသန႔္ႀကီးလိုျဖစ္ေနခဲ့တယ္။

ဘ႐ိုက္တန္နည္းျပဒီဇာဘီကေတာ့ ကြင္းလယ္လူပါစကယ္ဂေရာ့ကို ညာေနာက္ခံေနရာမွာကစားေစခဲ့ၿပီး

ဂ်ပန္သားေလး မီတိုမာကို ေတာင္ပံတိုက္စစ္မွာေနရာေပးသြားခဲ့တယ္။

လီဗာပူးကို ဟက္ထရစ္သြင္းၿပီးႏွိပ္ကြက္ခဲ့တဲ့ ထ႐ိုဆက္က ပြဲအစ ၅မိနစ္မွာ ဘ႐ိုက္တန္အတြက္

အဖြင့္ဂိုးသြင္းေပးခဲ့သလို ေလာ့ဖ္တက္ခ်ိခ္နဲ႔ ခ်ာလိုဘတ္တို႔ရဲ႕ လက္ေဆာင္ဂိုးေတြနဲ႔ အတူ

ပထမပိုင္းမွာ ဘ႐ိုက္တန္က ၃ဂိုးျပန္ဦးေဆာင္ခြင့္ရခဲ့ပါတယ္။

ဒုတိယပိုင္းအစ မွာ ခ်ဲလ္ဆီးဂိုးသမားကီပါ ဒဏ္ရာရခဲ့လို မန္ဒီနဲ႔လူစားလဲခဲ့ရၿပီး ၄၈မိနစ္မွာ ဂယ္လက္ဟာရဲ႕ ေပးပို႔မႈကတစ္ဆင့္

ကိုင္ဟာဗက္ဇ္က ဧည့္သည္အတြက္ ေခ်ပဂိုးစသြင္းႏိုင္ခဲ့ပါတယ္။

မိနစ္ ၆၀ ေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးက အူဘာမီယန္း၊ ဘန္ခ်ီဝဲလ္၊ ဇီယက္ရွ္နဲ႔ ဘ႐ိုဂ်ာတို႔ကို ထည့္သြင္းၿပီး

ေနာက္ထပ္ေခ်ပဂိုးအတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ နာက်င္အခ်ိန္ပိုမွာပါစကယ္ဂေရာ့က ဘ႐ိုက္တန္အတြက္

စတုတၳဂိုးသြင္းၿပီး ပြဲကိုအဆုံးသတ္ေပးလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာ နည္းျပဂေရဟမ္ေပၚလ္တာလက္ထက္ပထမဆုံးရႈံးပြဲႀကဳံခဲ့ၿပီး ၉ပြဲဆက္အရႈံးမရွိ စံခ်ိန္ရပ္တန႔္သြားခဲ့တာျဖစ္သလို

အဆင့္ ၄ အျပင္ဘက္ကိုလြင့္စင္ထြက္ခဲ့ပါတယ္။ တစ္ဖက္မွာေတာ့ ဘ႐ိုက္တန္ဟာ ၅ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈကိုရပ္တန႔္ႏိုင္ခဲ့ၿပီး

နည္းျပဒီဇာဘီလက္ထက္ ပထမဆုံးႏိုင္ပြဲ ကိုပုံေဖာ္သြားႏိုင္ခဲ့ပါတယ္။

ဘ႐ိုက္တန္ပရိသတ္ေတြကလည္း သူတို႔အသင္းရဲ႕ နည္းျပေဟာင္းကို

ပထမပိုင္း အၿပီးမွာကတည္းက “ခင္ဗ်ား… ေနာက္ေန႔ မနက္ ဆိုရင္ အထုတ္ခံရၿပီ” ဆိုတဲ့ စာေရးကာ

တြစ္တာမွာ ပိုစ္တင္ရင္း ေလွာင္ေနၾကပါတယ္။