အသင်းဟောင်းပရိသတ်တွေရဲ့ သူရဲကောင်းသဖွယ်ကြိုဆိုခြင်းကိုခံခဲ့ရတဲ့ မော်ရင်ဟို

အသင်းဟောင်းအင်တာနဲ့ရင်ဆိုင်ရမယ့် ကိုပါအီတာလီယာ

ကွာတားဖိုင်နယ်ပွဲစဉ်အတွက် မော်ရင်ဟိုဟာ ဆန်စီရိုကွင်းကို

ပြန်ရောက်လာတော့ အသင်းဟောင်းပရိသတ်တွေရဲ့

သူရဲကောင်းသဖွယ်ကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။

ပြိုင်ဘက်နည်းပြတစ်ယောက်အနေနဲ့ ဆန်စီရိုကိုပြန်ရောက်လာခဲ့တာဖြစ်ပေမယ့်

အင်တာပရိသတ်တွေက အဲဒီပေါ်တူဂီသားကို သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတာပါ။

ပွဲမတိုင်ခင် ကွင်းထဲဝင်လာတဲ့သူ့ကို အင်တာပရိသတ်တွေက

စာတန်းတွေကိုင်ဆောင် ကြိုဆိုခဲ့ကြသလို သူ့နာမည်လည်း ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။

မော်ရင်ဟိုကလည်း ဒီလိုကြိုဆိုခံရလို့ အင်တာပရိသတ်တွေကို

ကျေးဇူးတင်အသိအမှတ်ပြုတဲ့အနေနဲ့

လက်ဝှေ့ယမ်းပြသလို fly kiss ပုံစံလည်း ပေးခဲ့တာပါ။

မော်ရင်ဟိုဟာ အင်တာနဲ့အတူ အဓိကဖလား ၃ လုံးအောင်မြင်မှုရခဲ့တဲ့

၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်စီရိုကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

အင်တာဟာ ဒီလိုအောင်မြင်မှုမျိုးရတဲ့ ပထမဆုံးနဲ့ တစ်သင်းတည်းသော

အီတလီကလပ်လည်း ဖြစ်ခဲ့တာပါ။

ဒါကြောင့်မို့လည်း အင်တာပရိသတ်တွေဟာ မော်ရင်ဟိုကို

အခုချိန်ထိ ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

၅၉ နှစ်အရွယ် မော်ရင်ဟိုဟာ အင်တာနဲ့ ၂ ရာသီသာကြာခဲ့ပေမယ့်

ဆုဖလားအောင်မြင်မှု ၅ ခုတောင် ရရှိခဲ့တာပါ။

အင်တာနဲ့ ဖလား ၃ လုံးအောင်မြင်မှုရပြီးချင်မှာပဲ

သူဟာ ရီးရဲလ်ကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုအနေနဲ့ ပထမဆုံးအကြိမ် ဆန်စီရိုအပြန်မှာ

သူရဲကောင်းသဖွယ် ကြိုဆိုခံခဲ့ရပေမယ့် သူ့အသင်းရိုးမားကတော့ ၂-၀ နဲ့ ရှုံးပြီး

ကိုပါအီတာလီယာပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

zawgyi

အသင္းေဟာင္းပရိသတ္ေတြရဲ႕ သူရဲေကာင္းသဖြယ္ႀကိဳဆိုျခင္းကိုခံခဲ့ရတဲ့ ေမာ္ရင္ဟို

အသင္းေဟာင္းအင္တာနဲ႔ရင္ဆိုင္ရမယ့္ ကိုပါအီတာလီယာ

ကြာတားဖိုင္နယ္ပြဲစဥ္အတြက္ ေမာ္ရင္ဟိုဟာ ဆန္စီ႐ိုကြင္းကို

ျပန္ေရာက္လာေတာ့ အသင္းေဟာင္းပရိသတ္ေတြရဲ႕

သူရဲေကာင္းသဖြယ္ႀကိဳဆိုျခင္းကို ခံခဲ့ရပါတယ္။

ၿပိဳင္ဘက္နည္းျပတစ္ေယာက္အေနနဲ႔ ဆန္စီ႐ိုကိုျပန္ေရာက္လာခဲ့တာျဖစ္ေပမယ့္

အင္တာပရိသတ္ေတြက အဲဒီေပၚတူဂီသားကို ေသာင္းေသာင္းျဖျဖႀကိဳဆိုခဲ့ၾကတာပါ။

ပြဲမတိုင္ခင္ ကြင္းထဲဝင္လာတဲ့သူ႔ကို အင္တာပရိသတ္ေတြက

စာတန္းေတြကိုင္ေဆာင္ ႀကိဳဆိုခဲ့ၾကသလို သူ႔နာမည္လည္း ဟစ္ေႂကြးသီဆိုခဲ့ၾကပါတယ္။

ေမာ္ရင္ဟိုကလည္း ဒီလိုႀကိဳဆိုခံရလို႔ အင္တာပရိသတ္ေတြကို

ေက်းဇူးတင္အသိအမွတ္ျပဳတဲ့အေနနဲ႔

လက္ေဝွ႔ယမ္းျပသလို fly kiss ပုံစံလည္း ေပးခဲ့တာပါ။

ေမာ္ရင္ဟိုဟာ အင္တာနဲ႔အတူ အဓိကဖလား ၃ လုံးေအာင္ျမင္မႈရခဲ့တဲ့

၂၀၁၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဆန္စီ႐ိုကို ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

အင္တာဟာ ဒီလိုေအာင္ျမင္မႈမ်ိဳးရတဲ့ ပထမဆုံးနဲ႔ တစ္သင္းတည္းေသာ

အီတလီကလပ္လည္း ျဖစ္ခဲ့တာပါ။

ဒါေၾကာင့္မို႔လည္း အင္တာပရိသတ္ေတြဟာ ေမာ္ရင္ဟိုကို

အခုခ်ိန္ထိ ခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္။

၅၉ ႏွစ္အ႐ြယ္ ေမာ္ရင္ဟိုဟာ အင္တာနဲ႔ ၂ ရာသီသာၾကာခဲ့ေပမယ့္

ဆုဖလားေအာင္ျမင္မႈ ၅ ခုေတာင္ ရရွိခဲ့တာပါ။

အင္တာနဲ႔ ဖလား ၃ လုံးေအာင္ျမင္မႈရၿပီးခ်င္မွာပဲ

သူဟာ ရီးရဲလ္ကို ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။

ေမာ္ရင္ဟိုအေနနဲ႔ ပထမဆုံးအႀကိမ္ ဆန္စီ႐ိုအျပန္မွာ

သူရဲေကာင္းသဖြယ္ ႀကိဳဆိုခံခဲ့ရေပမယ့္ သူ႔အသင္း႐ိုးမားကေတာ့ ၂-၀ နဲ႔ ရႈံးၿပီး

ကိုပါအီတာလီယာၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။