
ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားဟောင်းဖြစ်သူ
ဒန်နီယယ် ဂျိမ်းစ် ကတော့ သူတို့ အသင်းဟာ
ဒီတစ်ပတ် ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်တဲ့ အခါမှာ
ရလဒ်ကောင်း 1 ခု ရယူနိုင်ဖို့ မိမိကိုယ်ကို ဖိအားတွေ ပေးနေကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ်။
ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ အီလန်ရုတ် ကို
သွားရမှာ ဖြစ်ပြီး လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒန်နီယယ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အက်စတွန် ဗီလာ အသင်း နဲ့
3 ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်တုန်းက တိုက်စစ်မှူး အဖြစ်
ပါဝင်ခွင့် ရရှိခဲ့သေးပြီး ခြေစွမ်းကောင်းပြရင်း အသင်း အတွက်
တစ်ဦးတည်း 2 ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။
အခုတော့ ဂျိမ်းစ်ဟာ အသင်းဟောင်း ယူနိုက်တက်ကို ရင်ဆိုင် ကစားရပါတော့မယ်။
” ကျွန်တော် တို့ဟာ ယူနိုက်တက် အသင်း နဲ့ ကစားရမယ့် ပွဲစဉ်ကို ရှေးရှု နေကြပါတယ်။
ကျွန်တော်တို့လာမယ့်တစ်ပတ်ထဲမှာ သုံးပွဲ အထိ ကစားကြရဖို့ ရှိနေပါတယ်။
ယူနိုက်တက် ၊ လီဗာပူး ၊ တော့တင်ဟမ်နဲ့ပွဲတွေပါ”
” အဲဒီထဲမှာတော့ ကြားရက် ပွဲအဖြစ် လီဗာပူး အသင်းနဲ့လည်း ရင်ဆိုင်ရဦးမှာပါ။
ဒါဟာ ကျွန်တော်တို့ ကစားလိုကြတဲ့ ပွဲစဉ်မျိုးပါပဲ။
ကျွန်တော်တို့ ဘောလုံး ကစားနေကြတာ အခုလို ပွဲတွေ ဆင်နွှဲရဖို့လေ ”
” ဒါကြောင့် မလိုချင်တဲ့ ရလဒ်တွေ မရရှိစေဖို့ အတွက်
ကျွန်တော်တို့ဟာ မိမိကိုယ်တိုင်အပေါ် ဖိအား အနည်းငယ် ပိုပေးပြီး ကစားရပါ့မယ်။
ဒီပွဲကို ရင်ဆိုင်ဖို့ အတွက် ကျွန်တော်တို့ အားလုံး ယုံကြည်မှု အပြည့် ရှိနေကြပါတယ် ” လို့
ဒန်နီယယ် ဂျိမ်းစ် က ပြောပါတယ်။
zawgyi
အသင္းေဟာင္းကို ႏိုင္ေအာင္ကစားဖို႔ ရည္မွန္းထားတဲ့ ယူႏိုက္တက္ တိုက္စစ္ ကစားသမားေဟာင္း ဒန္နီယယ္ဂ်ိမ္းစ္
ယူႏိုက္တက္ အသင္းရဲ႕ ေတာင္ပံ တိုက္စစ္ ကစားသမားေဟာင္းျဖစ္သူ
ဒန္နီယယ္ ဂ်ိမ္းစ္ ကေတာ့ သူတို႔ အသင္းဟာ
ဒီတစ္ပတ္ ယူႏိုက္တက္ အသင္းနဲ႔ ရင္ဆိုင္တဲ့ အခါမွာ
ရလဒ္ေကာင္း 1 ခု ရယူႏိုင္ဖို႔ မိမိကိုယ္ကို ဖိအားေတြ ေပးေနေၾကာင္း ဖြင့္ဟခဲ့လိုက္ပါတယ္။
ယူႏိုက္တက္ အသင္းဟာ ဒီတစ္ပတ္မွာေတာ့ အီလန္႐ုတ္ ကို
သြားရမွာ ျဖစ္ၿပီး လိဒ္စ္ ယူႏိုက္တက္ အသင္းနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။
ဒန္နီယယ္ ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက အက္စတြန္ ဗီလာ အသင္း နဲ႔
3 ဂိုးစီ သေရ ရလဒ္ ထြက္ေပၚခဲ့တဲ့ ပြဲစဥ္တုန္းက တိုက္စစ္မႉး အျဖစ္
ပါဝင္ခြင့္ ရရွိခဲ့ေသးၿပီး ေျခစြမ္းေကာင္းျပရင္း အသင္း အတြက္
တစ္ဦးတည္း 2 ဂိုးထိ သြင္းယူေပးႏိုင္ခဲ့ပါေသးတယ္။
အခုေတာ့ ဂ်ိမ္းစ္ဟာ အသင္းေဟာင္း ယူႏိုက္တက္ကို ရင္ဆိုင္ ကစားရပါေတာ့မယ္။
” ကြၽန္ေတာ္ တို႔ဟာ ယူႏိုက္တက္ အသင္း နဲ႔ ကစားရမယ့္ ပြဲစဥ္ကို ေရွးရႈ ေနၾကပါတယ္။
ကြၽန္ေတာ္တို႔လာမယ့္တစ္ပတ္ထဲမွာ သုံးပြဲ အထိ ကစားၾကရဖို႔ ရွိေနပါတယ္။
ယူႏိုက္တက္ ၊ လီဗာပူး ၊ ေတာ့တင္ဟမ္နဲ႔ပြဲေတြပါ”
” အဲဒီထဲမွာေတာ့ ၾကားရက္ ပြဲအျဖစ္ လီဗာပူး အသင္းနဲ႔လည္း ရင္ဆိုင္ရဦးမွာပါ။
ဒါဟာ ကြၽန္ေတာ္တို႔ ကစားလိုၾကတဲ့ ပြဲစဥ္မ်ိဳးပါပဲ။
ကြၽန္ေတာ္တို႔ ေဘာလုံး ကစားေနၾကတာ အခုလို ပြဲေတြ ဆင္ႏႊဲရဖို႔ေလ ”
” ဒါေၾကာင့္ မလိုခ်င္တဲ့ ရလဒ္ေတြ မရရွိေစဖို႔ အတြက္
ကြၽန္ေတာ္တို႔ဟာ မိမိကိုယ္တိုင္အေပၚ ဖိအား အနည္းငယ္ ပိုေပးၿပီး ကစားရပါ့မယ္။
ဒီပြဲကို ရင္ဆိုင္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ အားလုံး ယုံၾကည္မႈ အျပည့္ ရွိေနၾကပါတယ္ ” လို႔
ဒန္နီယယ္ ဂ်ိမ္းစ္ က ေျပာပါတယ္။