အသင်းသားတွေကို ယုံကြည်မှုထည့်ပေးလိုက်တဲ့ အမ်မရီကြောင့် မန်ယူကို သွေးပျက်သွားစေခဲ့တဲ့ ဗီလာ

စပိန်သားနည်းပြ အူနိုင်းအမ်မရီရဲ့ ပထမဆုံးပွဲဦးထွက်မှာတင် အက်စ်တွန်ဗီလာအသင်းဟာ မတူကွဲပြားမှုတွေကို ရုပ်လုံးပေါ်အောင် ထုဆစ်နိုင်ခဲ့ပြီး

နည်းပြအဲရစ်တန်ဟတ်ရဲ့ မန်ယူအသင်းကို အခက်တွေ့စေခဲ့ပါတယ်။ နှစ်သင်း စလုံးဟာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုသွားခဲ့ပေမဲ့ ပွဲကို ခပ်သွက်သွက်လေး

ဦးဆောင်ခဲ့တာကတော့ အိမ်ရှင် ဗီလာဖြစ်ခဲ့ပါတယ်။ ပြောင်းလဲသွားတဲ့ ကစားပုံနဲ့အတူ မန်ယူကို ကိုယ့်ကွင်းဘက်မှာ နေရာလွတ် မပေးချင်တဲ့ ဗီလာရဲ့ အတင်းဝင်

အတင်းဖျက် ကစားပုံကြောင့် ယူနိုက်တက်တို့ ပွဲကို ထိန်းချုပ် ဖို့ ကြိုးစားခဲ့ပေမဲ့ မလွယ်ကူခဲ့ဘူး။ ပွဲချိန် ၅ မိနစ် ကျော်လာတဲ့အချိန်မှာ ဗီလာ ဟာ အချိတ်အဆက်မိလာခဲ့ပြီး

တစ်ဦးချင်း စွမ်းရည်ပိုင်းမှာ အသာစီးရဖို့ ကြိုး စားလာခဲ့ပါတယ်။ အဲဒါကြောင့် ပွဲချိန် ၇ မိနစ်မှာတော့ ရမ်ဆေးရဲ့ အကွက် မြင်မြင် ဖန်တီးပေးမှုကတစ်ဆင့် ဘိုင်လီက

ဒီဂီယာရဲ့ ဘယ်ဘက် အောက်ခြေဂိုးထောင့်ထဲကို မြေရှပ်ဘော ကန်သွင်းခဲ့လို့ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရသွားခဲ့တယ်။ အဲဒီနောက် ၄ မိနစ်အကြာမှာ လုခ်ရှောရဲ့ ဖျက်ထုတ်မှုကြောင့်

မန်ယူတို့ ပြစ်ဒဏ်ဘော ပေးလိုက်ရပြီး ဒီဖရီးကစ်ကို ဒစ်ဂ်နီက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ဗီလာတို့ ဒုတိယဦးဆောင်ဂိုး ရသွားခဲ့တာကြောင့် နည်း ပြ အူနိုင်းအမ်မရီဟာ

သူ့ရဲ့ ဗီလာနည်းပြဘ၀ ပထမဆုံး ၁၁ မိနစ်အတွင်းမှာတင် မန်ယူကို ၂ ဂိုးသွင်းယူနိုင်ခဲ့တယ်။ အဲဒီနောက် ချေပဂိုးရဖို့ မန်ယူတို့ ဖိကစားလာပေမဲ့ တစ်ဦးချင်း စွမ်းရည်ပိုင်းကို

အသုံးချဖို့ အာရုံစိုက်ခဲ့တဲ့ ဗီလာကြောင့် အလုပ်မဖြစ်ခဲ့ဘူး။ ပွဲချိန် ၃၄ မိနစ်အရောက်မှာတော့ အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဂါနာချို ဂိုးသွင်းခဲ့ပေမယ့် မာတီနက်ဇ်

ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့တယ်။ အဲဒီနောက် မန်ယူဟာ ကွင်းလယ်စိုးမိုးမှုကို အသာစီးရယူပြီး ချေပဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဗန်ဒီဘိခ်ရဲ့ ပံ့ပိုးနိုင်မှု

အားနည်းနေတဲ့အတွက် မထိရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ပထမပိုင်း ပြီးခါနီးမှာ တော့ လုခ်ရှောရဲ့ ကန်ချက်က ပြင်းထန်အားပါတာကြောင့် လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့လို့

ပထမပိုင်းမှာ မန်ယူတို့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ရတယ်။

(Zawgyi)

အသင္းသားေတြကို ယုံၾကည္မႈထည့္ေပးလိုက္တဲ့ အမ္မရီေၾကာင့္ မန္ယူကို ေသြးပ်က္သြားေစခဲ့တဲ့ ဗီလာ

စပိန္သားနည္းျပ အူႏိုင္းအမ္မရီရဲ႕ ပထမဆုံးပြဲဦးထြက္မွာတင္ အက္စ္တြန္ဗီ လာအသင္းဟာ မတူကြဲျပားမႈေတြကို ႐ုပ္လုံးေပၚေအာင္ ထုဆစ္ႏိုင္ခဲ့ၿပီး နည္း ျပအဲရစ္တန္ဟတ္ရဲ႕

မန္ယူအသင္းကို အခက္ေတြ႕ေစခဲ့ပါတယ္။ ႏွစ္သင္း စလုံးဟာ ၄-၂-၃-၁ ကစားကြက္ကို အသုံးျပဳသြားခဲ့ေပမဲ့ ပြဲကို ခပ္သြက္သြက္ ေလး ဦးေဆာင္ခဲ့တာကေတာ့ အိမ္ရွင္ ဗီလာျဖစ္ခဲ့ပါတယ္။

ေျပာင္းလဲသြားတဲ့ ကစားပုံနဲ႔အတူ မန္ယူကို ကိုယ့္ကြင္းဘက္မွာ ေနရာလြတ္ မေပးခ်င္တဲ့ ဗီလာ ရဲ႕ အတင္းဝင္ အတင္းဖ်က္ ကစားပုံေၾကာင့္ ယူႏိုက္တက္တို႔ ပြဲကို ထိန္းခ်ဳပ္ ဖို႔

ႀကိဳးစားခဲ့ေပမဲ့ မလြယ္ကူခဲ့ဘူး။ ပြဲခ်ိန္ ၅ မိနစ္ ေက်ာ္လာတဲ့အခ်ိန္မွာ ဗီလာ ဟာ အခ်ိတ္အဆက္မိလာခဲ့ၿပီး တစ္ဦးခ်င္း စြမ္းရည္ပိုင္းမွာ အသာစီးရဖို႔ ႀကိဳး စားလာခဲ့ပါတယ္။

အဲဒါေၾကာင့္ ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ရမ္ေဆးရဲ႕ အကြက္ ျမင္ျမင္ ဖန္တီးေပးမႈကတစ္ဆင့္ ဘိုင္လီက ဒီဂီယာရဲ႕ ဘယ္ဘက္ ေအာက္ ေျခဂိုးေထာင့္ထဲကို ေျမရွပ္ေဘာကန္သြင္းခဲ့လို႔

အိမ္ရွင္တို႔ ဦးေဆာင္ဂိုး ရ သြားခဲ့တယ္။ အဲဒီေနာက္ ၄ မိနစ္အၾကာမွာ လုခ္ေရွာရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ မန္ယူတို႔ ျပစ္ဒဏ္ေဘာ ေပးလိုက္ရၿပီး ဒီဖရီးကစ္ကို ဒစ္ဂ္နီက အမွားအယြင္း

မရွိ ကန္သြင္းႏိုင္ခဲ့လို႔ ဗီလာတို႔ ဒုတိယဦးေဆာင္ဂိုး ရသြားခဲ့တာေၾကာင့္ နည္း ျပ အူႏိုင္းအမ္မရီဟာ သူ႔ရဲ႕ ဗီလာနည္းျပဘ၀ ပထမဆုံး ၁၁ မိနစ္အတြင္းမွာ တင္ မန္ယူကို ၂ ဂိုးသြင္းယူႏိုင္ခဲ့တယ္။

အဲဒီေနာက္ ေခ်ပဂိုးရဖို႔ မန္ယူတို႔ ဖိ ကစားလာေပမဲ့ တစ္ဦးခ်င္း စြမ္းရည္ပိုင္းကို အသုံးခ်ဖို႔ အာ႐ုံစိုက္ခဲ့တဲ့ ဗီလာ ေၾကာင့္ အလုပ္မျဖစ္ခဲ့ဘူး။ ပြဲခ်ိန္ ၃၄ မိနစ္အေရာက္မွာေတာ့ အဲရစ္ဆင္ရဲ႕

ဖန္တီးေပးမႈကတစ္ဆင့္ ဂါနာခ်ိဳ ဂိုးသြင္းခဲ့ေပမယ့္ မာတီနက္ဇ္ ပုတ္ထုတ္ ကာကြယ္သြားႏိုင္ခဲ့တယ္။ အဲဒီေနာက္ မန္ယူဟာ ကြင္းလယ္စိုးမိုးမႈကို အသာစီးရယူၿပီး ေခ်ပဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမဲ့

ဗန္ဒီဘိခ္ရဲ႕ ပံ့ပိုးႏိုင္မႈ အားနည္းေနတဲ့အတြက္ မထိေရာက္ခဲ့ပါဘူး။ ဒါေပမဲ့ ပထမပိုင္း ၿပီးခါနီးမွာ ေတာ့ လုခ္ေရွာရဲ႕ ကန္ခ်က္က ျပင္းထန္အားပါတာေၾကာင့္ လမ္းေၾကာင္း

ေျပာင္းၿပီး ဂိုးဝင္သြားခဲ့လို႔ ပထမပိုင္းမွာ မန္ယူတို႔ ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ေနခဲ့ရတယ္။