အသင်းသမိုင်းကြောင်းနဲ့ ဆက်နွယ်နေတဲ့ပြိုင်ပွဲတစ်ခုမှာ စောစောစီးစီးထွက်ခဲ့ရတာဖြစ်လို့ နာကျင်ရကြောင်း အာတီတာဆို

အက်ဖ်အေဖလားတတိယအဆင့်မှာ ချန်ပီယံရှစ်ကလပ်နော်တင်ဟမ်ရဲ့

နောက်ကျချခြင်းခံခဲ့ရပြီးနောက် အာဆင်နယ်နည်ပြအာတီတာက

တကယ့်ကိုနာကျင်ရကြောင်း ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ အဲဒီပွဲမှာ ခြေစွမ်းအရ ရုန်းကန်ခဲ့ရပြီး ၈၃ မိနစ်မှာ

ပေးလိုက်ရတဲ့တစ်လုံးတည်းသောဂိုးနဲ့ အောက်တန်းအသင်းကို ရှုံးခဲ့တာပါ။

ပရီးမီးယားလိဂ်အသင်းတွေဟာ အက်ဖ်အေဖလားမှာ

တတိယအဆင့်ကနေ စတင်ကစားရတာဖြစ်လို့ အာဆင်နယ်အနေနဲ့ပြိုင်ပွဲကနေ

အစောဆုံးထွက်လိုက်ရတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အက်ဖ်အေဖလားမှာ အစောဆုံးထွက်ရတာ

၁၉၉၆ နောက်ပိုင်းမှာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၈ တုန်းကလည်း အက်ဖ်အေဖလားမှာနော်တင်ဟမ်အိမ်ကွင်းမှာပဲ

နောက်ကောက်ချခြင်းခံခဲ့ရသေးတယ်။

ဒါ့အပြင် အာတီတာရဲ့အသင်းဟာ တနင်္ဂနွေညက

ပွဲမှာဂိုးပေါက်တည့်တစ်ကြိမ်မှတောင် မရှိခဲ့ပါဘူး။

ဒါကြောင့် သူတို့အတွက် ဒီရာသီ ဒုတိယအကြိမ်မြောက်အဖြစ်

ဂိုးပေါက်တည့်မှုမရှိခဲ့တဲ့ပွဲဖြစ်ပြီး ပထမဆုံးပွဲကတော့

ပြီးခဲ့တဲ့သြဂုတ်မှာကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ နော်တင်ဟမ်နဲ့အခုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု

၆၇ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ပြိုင်ဘက်အသင်းကို

ဂိုပေါက်ခြိမ်းခြောက်မှု ရံဖန်ရံခါသာလုပ်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း အာဆင်နယ်နည်းပြဘ၀ သူ့ရဲ့ပထမဆုံးရာသီမှာ

ဗိုလ်စွဲခဲ့တဲ့ ပြိုင်ပွဲကနေ အာတီတာထွက်ခဲ့ရတာပါ။

အက်ဖ်အေဖလားသမိုင်းမှာ အစဉ်အလာကြီးခဲ့ပြီး

အအောင်မြင်ဆုံးအသင်းလည်းဖြစ်နေလို့ အခုလိုပြိုင်ပွဲကထွက်ခဲ့ရတာဟာ

အာဆင်နယ်အတွက် နာကျင်စရာဖြစ်နေပါတယ်။

”တကယ်ကို နာကျင်ရပါတယ်။ ကျွန်တော်တို့ရဲ့အသင်းသမိုင်းကြောင်းနဲ့

အရမ်းကိုဆက်နွယ်နေတဲ့ပြိုင်ပွဲတစ်ခုမှာ စောစောစီးစီး

ထွက်ခဲ့ရတာဖြစ်လို့ ပိုလို့ဆိုးပါတယ်။ကျွန်တော်တို့အသင်းရဲ့

ခြေစွမ်းကိုလည်း တကယ်စိတ်ပျက်မိပါတယ်။

ကျွန်တော်တို့ပိုပြီး ဆာလောင်မှုရှိရမှာပါ။ ကျွန်တော်တို့ဟာ ဒီနေ့မှာ

ကျွန်တော်တို့ရဲ့ပုံမှန်အဆင့်မရှိခဲ့ပါဘူး”လို့ ပွဲအပြီးမှာ အာတီတာက ပြောခဲ့တာပါ။

zawgyi

အသင္းသမိုင္းေၾကာင္းနဲ႔ ဆက္ႏြယ္ေနတဲ့ၿပိဳင္ပြဲတစ္ခုမွာ ေစာေစာစီးစီးထြက္ခဲ့ရတာျဖစ္လို႔ နာက်င္ရေၾကာင္း အာတီတာဆို

အက္ဖ္ေအဖလားတတိယအဆင့္မွာ ခ်န္ပီယံရွစ္ကလပ္ေနာ္တင္ဟမ္ရဲ႕

ေနာက္က်ခ်ျခင္းခံခဲ့ရၿပီးေနာက္ အာဆင္နယ္နည္ျပအာတီတာက

တကယ့္ကိုနာက်င္ရေၾကာင္း ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာ အဲဒီပြဲမွာ ေျခစြမ္းအရ ႐ုန္းကန္ခဲ့ရၿပီး ၈၃ မိနစ္မွာ

ေပးလိုက္ရတဲ့တစ္လုံးတည္းေသာဂိုးနဲ႔ ေအာက္တန္းအသင္းကို ရႈံးခဲ့တာပါ။

ပရီးမီးယားလိဂ္အသင္းေတြဟာ အက္ဖ္ေအဖလားမွာ

တတိယအဆင့္ကေန စတင္ကစားရတာျဖစ္လို႔ အာဆင္နယ္အေနနဲ႔ၿပိဳင္ပြဲကေန

အေစာဆုံးထြက္လိုက္ရတာလည္း ျဖစ္ပါတယ္။

အာဆင္နယ္ဟာ အက္ဖ္ေအဖလားမွာ အေစာဆုံးထြက္ရတာ

၁၉၉၆ ေနာက္ပိုင္းမွာ ဒုတိယအႀကိမ္လည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ၂၀၁၈ တုန္းကလည္း အက္ဖ္ေအဖလားမွာေနာ္တင္ဟမ္အိမ္ကြင္းမွာပဲ

ေနာက္ေကာက္ခ်ျခင္းခံခဲ့ရေသးတယ္။

ဒါ့အျပင္ အာတီတာရဲ႕အသင္းဟာ တနဂၤေႏြညက

ပြဲမွာဂိုးေပါက္တည့္တစ္ႀကိမ္မွေတာင္ မရွိခဲ့ပါဘူး။

ဒါေၾကာင့္ သူတို႔အတြက္ ဒီရာသီ ဒုတိယအႀကိမ္ေျမာက္အျဖစ္

ဂိုးေပါက္တည့္မႈမရွိခဲ့တဲ့ပြဲျဖစ္ၿပီး ပထမဆုံးပြဲကေတာ့

ၿပီးခဲ့တဲ့ၾသဂုတ္မွာကစားခဲ့တဲ့ မန္စီးတီးနဲ႔ပြဲျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေနာ္တင္ဟမ္နဲ႔အခုပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ

၆၇ ရာခိုင္ႏႈန္းရွိခဲ့ေပမယ့္ ၿပိဳင္ဘက္အသင္းကို

ဂိုေပါက္ၿခိမ္းေျခာက္မႈ ရံဖန္ရံခါသာလုပ္ႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္လည္း အာဆင္နယ္နည္းျပဘ၀ သူ႔ရဲ႕ပထမဆုံးရာသီမွာ

ဗိုလ္စြဲခဲ့တဲ့ ၿပိဳင္ပြဲကေန အာတီတာထြက္ခဲ့ရတာပါ။

အက္ဖ္ေအဖလားသမိုင္းမွာ အစဥ္အလာႀကီးခဲ့ၿပီး

အေအာင္ျမင္ဆုံးအသင္းလည္းျဖစ္ေနလို႔ အခုလိုၿပိဳင္ပြဲကထြက္ခဲ့ရတာဟာ

အာဆင္နယ္အတြက္ နာက်င္စရာျဖစ္ေနပါတယ္။

”တကယ္ကို နာက်င္ရပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အသင္းသမိုင္းေၾကာင္းနဲ႔

အရမ္းကိုဆက္ႏြယ္ေနတဲ့ၿပိဳင္ပြဲတစ္ခုမွာ ေစာေစာစီးစီး

ထြက္ခဲ့ရတာျဖစ္လို႔ ပိုလို႔ဆိုးပါတယ္။ကြၽန္ေတာ္တို႔အသင္းရဲ႕

ေျခစြမ္းကိုလည္း တကယ္စိတ္ပ်က္မိပါတယ္။

ကြၽန္ေတာ္တို႔ပိုၿပီး ဆာေလာင္မႈရွိရမွာပါ။ ကြၽန္ေတာ္တို႔ဟာ ဒီေန႔မွာ

ကြၽန္ေတာ္တို႔ရဲ႕ပုံမွန္အဆင့္မရွိခဲ့ပါဘူး”လို႔ ပြဲအၿပီးမွာ အာတီတာက ေျပာခဲ့တာပါ။