အသင်းသစ်မှာ ဟာလန်း တစ်ပတ်လုပ်ခ ပေါင် ငါးသိန်းအထိ အလိုရှိနေ

သတင်းတွေရဲ့ဖော်ပြချက်အရ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ
နောက်ပြောင်းမယ့်အသင်းသစ်မှာ တစ်ပတ်လုပ်ခလစာ
ပေါင် ငါးသိန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။
နော်ဝေလက်ရွေးစင် ဟာလန်းဟာ လာမယ့်နွေရာသီမှာ
ဒေါ့မွန်ကနေ ထွက်ခွာဖွယ်ရှိနေရာ အသင်းကြီးတွေရဲ့
ပြင်းထန်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ရဖို့
များနေပေမယ့် သူ့ကိုခေါ်ယူမယ်ဆိုရင်
ငွေကြေးအများအပြား သုံးစွဲရဖွယ်ရှိနေပါတယ်။


ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဟာလန်းဟာ
အသင်းသစ်ရောက်ရင် လုပ်ခလစာအဖြစ်
အနည်းဆုံး တစ်ပတ် ပေါင် ငါးသိန်း
တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပြီး
သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၄သန်းက
လာမယ့်နွေရာသီမှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
အဲဒီသတင်းဌာနရဲ့နောက်ထပ် ဖော်ပြချက်အရ
ဥရောပထိပ်တန်းကလပ်တွေဟာ ဟာလန်းကို
အဲဒီလောက်အထိ လစာအများကြီးပေးချေဖို့
အဆင်မပြေဖြစ်နေတယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းက
ယခုကတည်းက ဟာလန်းကို ခေါ်ယူရေး
ကြိုးစားမှုကနေ နောက်ဆုတ်သွားပြီလို့ သိရပါတယ်။


ဟာလန်းဟာ ယခုရာသီမှာ ဒေါ့မွန်အသင်းအတွက်
ပြိုင်ပွဲစုံ ပွဲ ၂၀ကစား ၂၃ ဂိုးသွင်းယူကာ
ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ထားပြီး
၂၀၂၄ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။