အသင်းသစ်မှာ ပထမဆုံးသွင်းဂိုးစတင်ရလာပြီးဖြစ်တဲ့ သရဲနီကစားသမားဟောင်း မာတာ

ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာ ယူနိုက်တက်ကနေ

ဂါလာတာစာရေးအသင်းထံ ပြောင်းရွေ့သွားခဲ့တဲ့ ဟွမ် မာတာဟာ

လက်ရှိမှာတော့ အသင်းသစ်မှာ သွင်းဂိုး စတင်ရယူနေပါပြီ။

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက် အသင်းကနေ အလွတ်ထွက်ခွာခွင့်ရရှိခဲ့တဲ့ မာတာဟာ

အသင်းသစ်ရှာဖို့ အချိန် အနည်းငယ် ယူခဲ့ရပြီး အပြောင်းအရွေ့ပိတ်သိမ်းခါနီးမှာ

တူရကီ ကလပ်အသင်းကြီးဖြစ်တဲ့ ဂါလာတာ စာရေးနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြတန်ဟက်ရောက်လာချိန်မှာ အလွတ်ထွက်ခွာခွင့်ပြုလိုက်တဲ့

ကစားသမားတွေထဲ ပါဝင်ခဲ့တဲ့ ယူနိုက်တက် ကျောနံပါတ် (၈) ပိုင်ရှင်ဟောင်း ဟာ

Karagümrük ကို ( ၂-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက်

တတိယမြောက် လိဂ်ပွဲစဉ် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

သည်ပွဲမှာ သူဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ရတာ မဟုတ်ဘဲ

ဒုတိယပိုင်း (၇၅)မိနစ်မှသာ လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး

သူ ဝင်ရောက်လာပြီး (၁၀)မိနစ်အကြာမှာ

အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ရယူပေးခဲ့တာပါ။

ဒီရလာဒ်ကြောင့် ဂါလာတာစာရေးအသင်းဟာ (၁၁)ပွဲကစားပြီးချိန်မှာ

ရမှတ် (၂၁)မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၃ ) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မာတာဆိုတာ ချစ်ခင်ဖွယ် အမူအရာ

ပိုင်ဆိုင်ထားပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ဘောလုံးသမားဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးမီ နှစ်တွေမှာတော့ မန်ယူနိုက်တက်

စီနီယာအသင်းမှာ နေရာမရ ဖြစ်သွားခဲ့ပါတယ်။

မာတာက ပထမဆုံးသွင်းဂိုး ရယူနိုင်ခဲ့ပြီးနောက် အင်စတာဂရမ်ကနေ “Cimbom ပရိသတ်တို့ရေ

ဒီဂိုးနှင့် နိုင်ပွဲက ခင်ဗျားတို့အတွက်ပါ။”လို့ ရေးသားကာ ပို့စ်တင်ခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာကလည်း မှော်ဆရာပဲဆိုတဲ့ ပုံနဲ့ ကွန်းမန့်ပေးခဲ့ပါတယ်။

zawgyi

အသင္းသစ္မွာ ပထမဆုံးသြင္းဂိုးစတင္ရလာၿပီးျဖစ္တဲ့ သရဲနီကစားသမားေဟာင္း မာတာ

ၿပီးခဲ့တဲ့ေႏြရာသီက မန္ခ်က္စတာ ယူႏိုက္တက္ကေန

ဂါလာတာစာေရးအသင္းထံ ေျပာင္းေ႐ြ႕သြားခဲ့တဲ့ ဟြမ္ မာတာဟာ

လက္ရွိမွာေတာ့ အသင္းသစ္မွာ သြင္းဂိုး စတင္ရယူေနပါၿပီ။

ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ေနာက္ အသင္းကေန အလြတ္ထြက္ခြာခြင့္ရရွိခဲ့တဲ့ မာတာဟာ

အသင္းသစ္ရွာဖို႔ အခ်ိန္ အနည္းငယ္ ယူခဲ့ရၿပီး အေျပာင္းအေ႐ြ႕ပိတ္သိမ္းခါနီးမွာ

တူရကီ ကလပ္အသင္းႀကီးျဖစ္တဲ့ ဂါလာတာ စာေရးနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

နည္းျပတန္ဟက္ေရာက္လာခ်ိန္မွာ အလြတ္ထြက္ခြာခြင့္ျပဳလိုက္တဲ့

ကစားသမားေတြထဲ ပါဝင္ခဲ့တဲ့ ယူႏိုက္တက္ ေက်ာနံပါတ္ (၈) ပိုင္ရွင္ေဟာင္း ဟာ

Karagümrük ကို ( ၂-၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္

တတိယေျမာက္ လိဂ္ပြဲစဥ္ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

သည္ပြဲမွာ သူဟာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခဲ့ရတာ မဟုတ္ဘဲ

ဒုတိယပိုင္း (၇၅)မိနစ္မွသာ လူစားဝင္ကစားခဲ့ရတာျဖစ္ၿပီး

သူ ဝင္ေရာက္လာၿပီး (၁၀)မိနစ္အၾကာမွာ

အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို ရယူေပးခဲ့တာပါ။

ဒီရလာဒ္ေၾကာင့္ ဂါလာတာစာေရးအသင္းဟာ (၁၁)ပြဲကစားၿပီးခ်ိန္မွာ

ရမွတ္ (၂၁)မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၃ ) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

မာတာဆိုတာ ခ်စ္ခင္ဖြယ္ အမူအရာ

ပိုင္ဆိုင္ထားၿပီး နည္းစနစ္ပိုင္း ကြၽမ္းက်င္တဲ့ ေဘာလုံးသမားျဖစ္ပါတယ္။

ဒါေပမယ့္ မၾကာေသးမီ ႏွစ္ေတြမွာေတာ့ မန္ယူႏိုက္တက္

စီနီယာအသင္းမွာ ေနရာမရ ျဖစ္သြားခဲ့ပါတယ္။ မာတာက ပထမဆုံးသြင္းဂိုး

ရယူႏိုင္ခဲ့ၿပီးေနာက္ အင္စတာဂရမ္ကေန “Cimbom ပရိသတ္တို႔ေရ

ဒီဂိုးႏွင့္ ႏိုင္ပြဲက ခင္ဗ်ားတို႔အတြက္ပါ။”လို႔ ေရးသားကာ ပို႔စ္တင္ခဲ့ပါတယ္။

ယူႏိုက္တက္ ဂိုးသမား ေဒးဗစ္ ဒီဂီယာကလည္း ေမွာ္ဆရာပဲဆိုတဲ့ ပုံနဲ႔ ကြန္းမန႔္ေပးခဲ့ပါတယ္။