
မန်ချက်စတာဒါဘီရှုံးပွဲမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက်
စီရော်နယ်ဒိုဟာ ဒဏ်ရာအကြောင်းပြချက်နဲ့ ပေါ်တူဂီကို ပြန်သွားခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးနဲ့ပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ နည်းပြရန်းနစ်က
သူ့ကို ပြောခဲ့လို့ အဲဒီပေါ်တူဂီစူပါစတားဟာ အံ့အားသင့်သွားခဲ့တာပါ။
ရန်းနစ်က ပွဲစကတည်းက ပါဖို့ဆိုရင် ကြံ့ခိုင်မှုအကောင်းဆုံးပုံစံနဲ့သာ
လိုချင်တယ်လို့ ပြောခဲ့ပြီး လူစားဝင်အနေနဲ့ပါနိုင်မှသာ
အဆင်ပြေမယ်လို့ စီရော်နယ်ဒိုကို ပြောခဲ့တာပါ။
ဒါပေမဲ့ စီရော်နယ်ဒိုက သူ့အနေနဲ့ ပွဲစကတည်းက ပါနိုင်တယ်လို့
အခိုင်အမာဆိုခဲ့ပြီး ရန်းနစ်ရဲ့အခုလိုဆုံးဖြတ်တာကို ဒေါသထွက်ခဲ့ကြောင်း
The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေညက အသင်းဟိုတယ်မှာ စီရော်နယ်ဒိုရှိမနေတာနဲ့ပတ်သက်လို့လည်း
သူ့အသင်းဖော်တွေက အံ့အားသင့်ခဲ့ကြောင်း The Sun က ဆက်လက်ဖော်ပြခဲ့ပါတယ်။
၃၇ နှစ်အရွယ် အဲဒီမန်ယူကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ် လေ့ကျင့်ခန်းအစီအစဉ်မှာ
ကောင်းစွာလေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာဖြစ်လို့
အီတီဟတ်က မန်စီးတီးနဲ့ပွဲအတွက် အားခဲထားတာပါ။
ဒါပေမဲ့ မန်ယူအသင်းဆေးအဖွဲ့က စီရော်နယ်ဒိုဆီမှာ
တင်ပါးဒဏ်ရာပြသနာရှိနေတယ်လို့ ယာယီနည်းပြရန်းနစ်ကို ပြောခဲ့ပါတယ်။
မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း
ရန်းနစ်က သူ့အနေနဲ့ အသင်းဆေးအဖွဲ့ကို ယုံကြည်ရမယ်လို့ အခိုင်အမာဆိုခဲ့တာပါ။
ဆိုရှယ်မီဒီယာမှာထွက်ပေါ်နေတဲ့ကောလာဟလတွေကတော့
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့စနေညမှာ အသင်းလူစာရင်းကနေ
နုတ်ထွက်သွားတယ်လို့ ဆိုကြပါတယ်။
စီရော်နယ်ဒိုက follow လုပ်ထားတဲ့ Instagram က cr7.0_lendario ဆိုတဲ့
အကောင့်မှာလည်း”မန်ယူနည်းပြက နောက်နေ့ကစားမယ့်ပွဲအတွက်
မတူညီတဲ့ဗျူဟာတစ်ခုသုံးချင်နေတာပါ။ စီရော်နယ်ဒိုဟာ
အရန်စာရင်းမှာတောင် ပါမှာမဟုတ်ဘူး”လို့ ပို့စ်တင်ထားတာပါ။
အဲဒီပို့စ်ကို စီရော်နယ်ဒိုရဲ့အစ်မက ကေတီယာအဗိုရိုက like လုပ်ထားပါတယ်။
zawgyi
အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ဒဏ္ရာအေၾကာင္းျပခ်က္နဲ႔ ေပၚတူဂီကို ျပန္သြားခဲ့တဲ့ စီေရာ္နယ္ဒို
မန္ခ်က္စတာဒါဘီရႈံးပြဲမွာ အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္
စီေရာ္နယ္ဒိုဟာ ဒဏ္ရာအေၾကာင္းျပခ်က္နဲ႔ ေပၚတူဂီကို ျပန္သြားခဲ့ေၾကာင္း သိရပါတယ္။
မန္စီးတီးနဲ႔ပြဲမွာ ပါဝင္မွာမဟုတ္ဘူးလို႔ နည္းျပရန္းနစ္က
သူ႔ကို ေျပာခဲ့လို႔ အဲဒီေပၚတူဂီစူပါစတားဟာ အံ့အားသင့္သြားခဲ့တာပါ။
ရန္းနစ္က ပြဲစကတည္းက ပါဖို႔ဆိုရင္ ႀကံ့ခိုင္မႈအေကာင္းဆုံးပုံစံနဲ႔သာ
လိုခ်င္တယ္လို႔ ေျပာခဲ့ၿပီး လူစားဝင္အေနနဲ႔ပါႏိုင္မွသာ
အဆင္ေျပမယ္လို႔ စီေရာ္နယ္ဒိုကို ေျပာခဲ့တာပါ။
ဒါေပမဲ့ စီေရာ္နယ္ဒိုက သူ႔အေနနဲ႔ ပြဲစကတည္းက ပါႏိုင္တယ္လို႔
အခိုင္အမာဆိုခဲ့ၿပီး ရန္းနစ္ရဲ႕အခုလိုဆုံးျဖတ္တာကို ေဒါသထြက္ခဲ့ေၾကာင္း
The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့စေနညက အသင္းဟိုတယ္မွာ စီေရာ္နယ္ဒိုရွိမေနတာနဲ႔ပတ္သက္လို႔လည္း
သူ႔အသင္းေဖာ္ေတြက အံ့အားသင့္ခဲ့ေၾကာင္း The Sun က ဆက္လက္ေဖာ္ျပခဲ့ပါတယ္။
၃၇ ႏွစ္အ႐ြယ္ အဲဒီမန္ယူၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့အပတ္ ေလ့က်င့္ခန္းအစီအစဥ္မွာ
ေကာင္းစြာေလ့က်င့္ခန္းဆင္းႏိုင္ခဲ့တာျဖစ္လို႔
အီတီဟတ္က မန္စီးတီးနဲ႔ပြဲအတြက္ အားခဲထားတာပါ။
ဒါေပမဲ့ မန္ယူအသင္းေဆးအဖြဲ႕က စီေရာ္နယ္ဒိုဆီမွာ
တင္ပါးဒဏ္ရာျပသနာရွိေနတယ္လို႔ ယာယီနည္းျပရန္းနစ္ကို ေျပာခဲ့ပါတယ္။
မန္စီးတီးကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာလည္း
ရန္းနစ္က သူ႔အေနနဲ႔ အသင္းေဆးအဖြဲ႕ကို ယုံၾကည္ရမယ္လို႔ အခိုင္အမာဆိုခဲ့တာပါ။
ဆိုရွယ္မီဒီယာမွာထြက္ေပၚေနတဲ့ေကာလာဟလေတြကေတာ့
စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့စေနညမွာ အသင္းလူစာရင္းကေန
ႏုတ္ထြက္သြားတယ္လို႔ ဆိုၾကပါတယ္။
စီေရာ္နယ္ဒိုက follow လုပ္ထားတဲ့ Instagram က cr7.0_lendario ဆိုတဲ့
အေကာင့္မွာလည္း”မန္ယူနည္းျပက ေနာက္ေန႔ကစားမယ့္ပြဲအတြက္
မတူညီတဲ့ဗ်ဴဟာတစ္ခုသုံးခ်င္ေနတာပါ။ စီေရာ္နယ္ဒိုဟာ
အရန္စာရင္းမွာေတာင္ ပါမွာမဟုတ္ဘူး”လို႔ ပို႔စ္တင္ထားတာပါ။
အဲဒီပို႔စ္ကို စီေရာ္နယ္ဒိုရဲ႕အစ္မက ေကတီယာအဗို႐ိုက like လုပ္ထားပါတယ္။