
မန်ယူအသင်းဟာ ၂၀၁၃ ကအသင်းကနေထွက်ခွာသွားတဲ့
ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း နည်းပြတွေထုတ်ပယ်ဖို့အတွက်
လျော် ကြေးပေါင် ၃၈ သန်းအသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ စကော့တလန်သားကြီး ဖာဂူဆန်ဟာသူ့ရဲ့
မန်ယူ နည်းပြသက်တမ်း ၂၇ နှစ်အတွင်းမှာ မန်ယူကိုတည်ငြိမ်မှုရှိအောင်
စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်းသူလမ်းခွဲသွားပြီးနောက် ပိုင်းမှာ
မန်ယူဟာတည်ငြိမ်မှုကလွဲလို့ ကျန်တဲ့ပြဿနာတွေအားလုံးရှိခဲ့လို့
လှုပ်ခတ်နေဆဲဖြစ်တဲ့ Theatre of Dreams လို့လည်းဆိုကြ ပါတယ်။
ဆိုးလ်ရှားဟာ မန်ယူအသင်းရဲ့နောက်ဆုံးထုတ်ပယ်ခံလိုက်ရတဲ့နည်းပြဖြစ်ပြီး
စာချုပ်အရလျော်ကြေးပေါင် ၇.၅ သန်းရရှိမှာ ဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့နွေရာသီကမှ ၃ နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ကို
ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အမှန်ဆိုရင်စာချုပ်လက်ကျန် မမာဏအတိုင်း
လျော်ကြေးရမှာဖြစ်ပေမယ့် သူတို့သဘောတူညီချက်အရ
တစ်နှစ်စာပေါင် ၇.၅ သန်းကိုသာရရှိမှာဖြစ်ပါတယ်။
မန်ယူဟာ ၂၀၁၄ ဧပြီလတုန်းက ဒေးဗစ်မိုယက်စ်ကိုထုတ်ပယ်ခဲ့မှုအတွက်
ပေါင် ၇ သန်း၊ ၂၀၁၆ မေလမှာ ဗန်ဂေါလ်ကိုထုတ်ပယ်မှုအ တွက်ပေါင် ၈.၄ သန်း၊
၂၀၁၈ ဒီဇင်ဘာလမှာ မော်ရင်ဟိုကိုထုတ်ပယ်မှုအတွက်ပေါင် ၁၅ သန်းပေးချေခဲ့ရပြီး
ဆိုးလ်ရှားအတွက်ပေးရ မယ့် လျော်ကြေးနဲ့ပါဆိုရင်
စုစုပေါင်း ပေါင် ၃၈ သန်း(အတိအကျဆိုပါကပေါင် ၃၇.၉ သန်း)ကုန်ကျခဲ့ပါတယ်။
ဖာဂူဆန်နောက်ပိုင်း မန် ယူထုတ်ပယ်ခဲ့တဲ့သူတွေထဲမှာ မိုယက်စ်နဲ့
ဆိုးလ်ရှားတို့သာဖလားရယူနိုင်ခဲ့ခြင်းမရှိဘဲ ဗန်ဂေါလ်က အက်ဖ်အေဖလား၊
မော်ရင်ဟိုက ယူရိုပါလိဂ်ဖလား တို့ကိုရယူပေးနိုင်ခဲ့ပါတယ်။
လက်ရှိမှာမန်ယူဟာ အသင်းကိုခဏတာကိုင်တွယ်ဖို့ မိုက်ကယ်ကာရစ်ကို
တာဝန်ပေး ထားပြီး ရာသီကုန်ချိန်အထိ ယာယီနည်းပြတစ်ဦးကိုဘဲ
ခန့်အပ်မယ်လို့ ကြေညာထားပါတယ်။
zawgyi
အသင္းလည္း စုတ္ျပတ္.. နည္းျပေတြအတြက္လည္း 38 သန္း ပလုံသြားတဲ့ ယူႏိုက္တက္
မန္ယူအသင္းဟာ ၂၀၁၃ ကအသင္းကေနထြက္ခြာသြားတဲ့
ဆာအဲလက္စ္ဖာဂူဆန္ေနာက္ပိုင္း နည္းျပေတြထုတ္ပယ္ဖို႔အတြက္
ေလ်ာ္ ေၾကးေပါင္ ၃၈ သန္းအသုံးျပဳခဲ့ရတယ္လို႔ သိရပါတယ္။
အသက္ ၇၉ ႏွစ္ရွိၿပီျဖစ္တဲ့ စေကာ့တလန္သားႀကီး ဖာဂူဆန္ဟာသူ႔ရဲ႕
မန္ယူ နည္းျပသက္တမ္း ၂၇ ႏွစ္အတြင္းမွာ မန္ယူကိုတည္ၿငိမ္မႈရွိေအာင္
စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္းသူလမ္းခြဲသြားၿပီးေနာက္ ပိုင္းမွာ
မန္ယူဟာတည္ၿငိမ္မႈကလြဲလို႔ က်န္တဲ့ျပႆနာေတြအားလုံးရွိခဲ့လို႔
လႈပ္ခတ္ေနဆဲျဖစ္တဲ့ Theatre of Dreams လို႔လည္းဆိုၾက ပါတယ္။
ဆိုးလ္ရွားဟာ မန္ယူအသင္းရဲ႕ေနာက္ဆုံးထုတ္ပယ္ခံလိုက္ရတဲ့နည္းျပျဖစ္ၿပီး
စာခ်ဳပ္အရေလ်ာ္ေၾကးေပါင္ ၇.၅ သန္းရရွိမွာ ျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ့ေႏြရာသီကမွ ၃ ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ကို
ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ အမွန္ဆိုရင္စာခ်ဳပ္လက္က်န္ မမာဏအတိုင္း
ေလ်ာ္ေၾကးရမွာျဖစ္ေပမယ့္ သူတို႔သေဘာတူညီခ်က္အရ
တစ္ႏွစ္စာေပါင္ ၇.၅ သန္းကိုသာရရွိမွာျဖစ္ပါတယ္။
မန္ယူဟာ ၂၀၁၄ ဧၿပီလတုန္းက ေဒးဗစ္မိုယက္စ္ကိုထုတ္ပယ္ခဲ့မႈအတြက္
ေပါင္ ၇ သန္း၊ ၂၀၁၆ ေမလမွာ ဗန္ေဂါလ္ကိုထုတ္ပယ္မႈအ တြက္ေပါင္ ၈.၄ သန္း၊
၂၀၁၈ ဒီဇင္ဘာလမွာ ေမာ္ရင္ဟိုကိုထုတ္ပယ္မႈအတြက္ေပါင္ ၁၅ သန္းေပးေခ်ခဲ့ရၿပီး
ဆိုးလ္ရွားအတြက္ေပးရ မယ့္ ေလ်ာ္ေၾကးနဲ႔ပါဆိုရင္
စုစုေပါင္း ေပါင္ ၃၈ သန္း(အတိအက်ဆိုပါကေပါင္ ၃၇.၉ သန္း)ကုန္က်ခဲ့ပါတယ္။
ဖာဂူဆန္ေနာက္ပိုင္း မန္ ယူထုတ္ပယ္ခဲ့တဲ့သူေတြထဲမွာ မိုယက္စ္နဲ႔
ဆိုးလ္ရွားတို႔သာဖလားရယူႏိုင္ခဲ့ျခင္းမရွိဘဲ ဗန္ေဂါလ္က အက္ဖ္ေအဖလား၊
ေမာ္ရင္ဟိုက ယူ႐ိုပါလိဂ္ဖလား တို႔ကိုရယူေပးႏိုင္ခဲ့ပါတယ္။
လက္ရွိမွာမန္ယူဟာ အသင္းကိုခဏတာကိုင္တြယ္ဖို႔ မိုက္ကယ္ကာရစ္ကို
တာဝန္ေပး ထားၿပီး ရာသီကုန္ခ်ိန္အထိ ယာယီနည္းျပတစ္ဦးကိုဘဲ
ခန႔္အပ္မယ္လို႔ ေၾကညာထားပါတယ္။