အသင်းရဲ့ အရေးကြီးတဲ့ ပွဲတချို့ကို ဆက်တိုက်လွဲချော်ရတော့မယ့် ဗာရန်း

ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဗာရန်းဟာ အတ္တလန်တာအသင်းနဲ့

ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာကို

ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက်မကစားနိုင်တော့ဘဲ လူစားလဲခဲ့ရသလို

အဲဒီဒဏ်ရာကြောင့် တစ်လဝန်းကျင်လောက်အထိ အနားယူသွားရမှာဖြစ်လို့

အသင်းရဲ့ အရေးကြီးတဲ့ ပွဲတချို့ကို ဆက်တိုက်လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ဗုဒ္စဟူးနေ့က ဒဏ်ရာစစ်ဆေးမှု လုပ်ခဲ့ပြီး

စနေညမှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးပွဲအပါအဝင် ဝက်ဖို့ဒ်၊

ဗီလာရီးရဲလ်၊ ချဲလ်ဆီး၊ အာဆင်နယ်ပွဲတွေကို ဆက်တိုက်လွဲချော်သွားဖို့ရှိကြောင်း သိရပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ၂၀၂၁ နေးရှင်းစ်လိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ထားရတဲ့

ဗာရန်းဟာ လက်ရွေးစင်အသင်းနဲ့ နေးရှင်းစ်လိဂ်ပြိုင်ပွဲကို ဝင်ရောက်နေတုန်းကလည်း

ပေါင်ခြံဒဏ်ရာ ရရှိခဲ့ရတာကြောင့် လက်စတာ လီဗာပူးအသင်းတွေကို

ဆက်တိုက်အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ အတ္တလန်တာကို ဧည့်ခံခဲ့ရတဲ့

ချန်ပီယံလိဂ်ပွဲစဉ်တို့ကို လွဲချော်ခဲ့ရပါတယ်။

လက်ရှိမှာ ဗဟိုနောက်ခံကစားသမား ရှားပါးသွားတာကြောင့် ဆိုးလ်ရှား အနေနဲ့

စပါး၊ အတ္တလန္တာပွဲတွေမှာ အသုံးပြုခဲ့တဲ့ ခံစစ်၃ယောက်တန်း ၃-၄-၂-၁ကစားကွက်ကို

ပြန်လည်ပြောင်းရနိုင်ပြီး ဒါမှမဟုတ် ဘယ်နောက်ခံကစားသမား

လုရှော်ကို ဟယ်ရီမက်ဂွါးယား၊ ဘိုင်လီတို့နဲ့ ဗဟိုခံစစ်မှာ တွဲဖက်သုံးလာနိုင်ပါတယ်။

တစ်ဖက်မှာ ယူနိုက်တက်အသင်းအတွက် ကံကောင်းတာကတော့

မန်ချက်စတာဒါဘီပွဲ ပြီးသွားတာနဲ့ နိုင်ငံတကာ ရက်သတ္တပတ်က

ကြားဖြတ်ဝင်ရောက်လာမှာဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်

(၂၀)ရက်နေ့မှသာ ပွဲတွေကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ယူနိုက်တက်

ပွဲတွေမရှိတဲ့ (၁)ပတ်ခန့်လောက်ပါ ဗာရန်းရဲ့နားရက်ထဲ ပါဝင်သွားနိုင်တာပါပဲ။

zawgyi

အသင္းရဲ႕ အေရးႀကီးတဲ့ ပြဲတခ်ိဳ႕ကို ဆက္တိုက္လြဲေခ်ာ္ရေတာ့မယ့္ ဗာရန္း

ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံကစားသမား ဗာရန္းဟာ အတၱလန္တာအသင္းနဲ႔

ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္းမွာ တံေကာက္ေၾကာဒဏ္ရာကို

ရရွိသြားခဲ့တာေၾကာင့္ ပြဲကို ဆက္လက္မကစားႏိုင္ေတာ့ဘဲ လူစားလဲခဲ့ရသလို

အဲဒီဒဏ္ရာေၾကာင့္ တစ္လဝန္းက်င္ေလာက္အထိ အနားယူသြားရမွာျဖစ္လို႔

အသင္းရဲ႕ အေရးႀကီးတဲ့ ပြဲတခ်ိဳ႕ကို ဆက္တိုက္လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာ ဗုဒၥဟူးေန႔က ဒဏ္ရာစစ္ေဆးမႈ လုပ္ခဲ့ၿပီး

စေနညမွာ ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲအျဖစ္ မန္စီးတီးပြဲအပါအဝင္ ဝက္ဖို႔ဒ္၊

ဗီလာရီးရဲလ္၊ ခ်ဲလ္ဆီး၊ အာဆင္နယ္ပြဲေတြကို ဆက္တိုက္လြဲေခ်ာ္သြားဖို႔ရွိေၾကာင္း သိရပါတယ္။

ျပင္သစ္အသင္းနဲ႔အတူ ၂၀၂၁ ေနးရွင္းစ္လိဂ္ခ်န္ပီယံဆုကို ပိုင္ဆိုင္ထားရတဲ့

ဗာရန္းဟာ လက္ေ႐ြးစင္အသင္းနဲ႔ ေနးရွင္းစ္လိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ေနတုန္းကလည္း

ေပါင္ၿခံဒဏ္ရာ ရရွိခဲ့ရတာေၾကာင့္ လက္စတာ လီဗာပူးအသင္းေတြကို

ဆက္တိုက္အေရးနိမ့္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြနဲ႔ အတၱလန္တာကို ဧည့္ခံခဲ့ရတဲ့

ခ်န္ပီယံလိဂ္ပြဲစဥ္တို႔ကို လြဲေခ်ာ္ခဲ့ရပါတယ္။

လက္ရွိမွာ ဗဟိုေနာက္ခံကစားသမား ရွားပါးသြားတာေၾကာင့္ ဆိုးလ္ရွား အေနနဲ႔

စပါး၊ အတၱလႏၲာပြဲေတြမွာ အသုံးျပဳခဲ့တဲ့ ခံစစ္၃ေယာက္တန္း ၃-၄-၂-၁ကစားကြက္ကို

ျပန္လည္ေျပာင္းရႏိုင္ၿပီး ဒါမွမဟုတ္ ဘယ္ေနာက္ခံကစားသမား

လုေရွာ္ကို ဟယ္ရီမက္ဂြါးယား၊ ဘိုင္လီတို႔နဲ႔ ဗဟိုခံစစ္မွာ တြဲဖက္သုံးလာႏိုင္ပါတယ္။

တစ္ဖက္မွာ ယူႏိုက္တက္အသင္းအတြက္ ကံေကာင္းတာကေတာ့

မန္ခ်က္စတာဒါဘီပြဲ ၿပီးသြားတာနဲ႔ ႏိုင္ငံတကာ ရက္သတၱပတ္က

ၾကားျဖတ္ဝင္ေရာက္လာမွာျဖစ္လို႔ ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္

(၂၀)ရက္ေန႔မွသာ ပြဲေတြကို ျပန္လည္ရင္ဆိုင္ရမွာျဖစ္တဲ့အတြက္ ယူႏိုက္တက္

ပြဲေတြမရွိတဲ့ (၁)ပတ္ခန႔္ေလာက္ပါ ဗာရန္းရဲ႕နားရက္ထဲ ပါဝင္သြားႏိုင္တာပါပဲ။