အသင်းရဲ့အခြေအနေသာ မပြောင်းလဲဘူးဆိုရင် စီရော်နယ်ဒိုဟာ အသင်းကထွက်ခွာဖို့ကို ကြိုးပမ်းလာနိုင်

ကလပ်ကထွက်ခွာပြီး ၁၂ နှစ်အကြာမှာပဲ စီရော်နယ်ဒိုဟာ ပြဇာတ်ဆန်ဆန်နဲ့

မန်ယူကို တစ်ကျော့ပြန်ရောက်လာခဲ့တာပါ။ ဒါပေမဲ့ နှစ်ပေါင်းရှည်ကြာ

စောင့်ခဲ့ရတဲ့ သူနဲ့မန်ယူတို့ရဲ့ပြည်လည်ပေါင်းစည်းမှုက မန်ယူပရိသတ်

အများစုမျှော်လင့်ထားသလို ကြာရှည်နိုင်ဖွယ်မရှိပါဘူး။

မန်ယူဟာ လောလောဆယ် အကျပ်အတည်းကာလတစ်ခုကို ကြုံတွေ့နေရပြီး

ဆိုးရွားတဲ့ခြေစွမ်းနဲ့ရလဒ်တွေကြောင့် ပရီမီးယားလိဂ်ချန်ပီယံပြေးလမ်းက

ထွက်ထားရကာ အဲဒါကို စီရော်နယ်ဒိုက စိုးရိမ်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ နေရာထဲ မရပ်တည်နိုင်ခဲ့ရင်

လာမယ့်ရာသီအတွက်  ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်မှာဖြစ်လို့ စီရော်နယ်ဒိုဟာ

အသင်းပြောင်းဖို့ တွန်းအားပေးလာနိုင်ပါတယ်။

အင်္ဂလန်က Express သတင်းစာရဲ့အဆိုအရတော့ အသင်းရဲ့အခြေအနေသာ

မပြောင်းလဲဘူးဆိုရင် စီရော်နယ်ဒိုဟာ အသင်းကထွက်ခွာဖို့ကို

ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ

ဆုဖလားဆာလောင်စိတ်ပြင်းပြသူဖြစ်ပြီး သူ့မျှော်မှန်းချက်တွေနဲ့

ထပ်တူမကျတဲ့အသင်းတစ်သင်းမှာ ဆက်နေဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာလည်း လက်ကျန်ကစားသမားဘဝကို

ပုံမှန်ကုန်ဆုံးစေဖို့ ပရီးမီးယားလိဂ်ကိုပြန်လာတာမဟုတ်ဘူးလို့လည်း

ရှင်းရှင်းလင်းလင်းပြောထားတာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ

အခြေအနေပြန်ကောင်းဖို့က မန်ယူအတွက် အရေးကြီးနေပါတယ်။

အဲဒီလိုမှ မဟုတ်ဘူးဆိုရင် စီရော်နယ်ဒိုဟာ ယူရိုပါလိဂ်ဆင်းကစားရဖို့ကို

ဆန္ဒမရှိလို့ သူ့ရဲ့မန်ယူအနာဂါတ်ကို စဉ်းစားနိုင်ပါတယ်။

zawgyi

အသင္းရဲ႕အေျခအေနသာ မေျပာင္းလဲဘူးဆိုရင္ စီေရာ္နယ္ဒိုဟာ အသင္းကထြက္ခြာဖို႔ကို ႀကိဳးပမ္းလာႏိုင္

ကလပ္ကထြက္ခြာၿပီး ၁၂ ႏွစ္အၾကာမွာပဲ စီေရာ္နယ္ဒိုဟာ ျပဇာတ္ဆန္ဆန္နဲ႔

မန္ယူကို တစ္ေက်ာ့ျပန္ေရာက္လာခဲ့တာပါ။ ဒါေပမဲ့ ႏွစ္ေပါင္းရွည္ၾကာ

ေစာင့္ခဲ့ရတဲ့ သူနဲ႔မန္ယူတို႔ရဲ႕ျပည္လည္ေပါင္းစည္းမႈက မန္ယူပရိသတ္

အမ်ားစုေမွ်ာ္လင့္ထားသလို ၾကာရွည္ႏိုင္ဖြယ္မရွိပါဘူး။

မန္ယူဟာ ေလာေလာဆယ္ အက်ပ္အတည္းကာလတစ္ခုကို ႀကဳံေတြ႕ေနရၿပီး

ဆိုး႐ြားတဲ့ေျခစြမ္းနဲ႔ရလဒ္ေတြေၾကာင့္ ပရီမီးယားလိဂ္ခ်န္ပီယံေျပးလမ္းက

ထြက္ထားရကာ အဲဒါကို စီေရာ္နယ္ဒိုက စိုးရိမ္ေနပါတယ္။

ပရီးမီးယားလိဂ္မွာ ထိပ္ဆုံး ၄ ေနရာထဲ မရပ္တည္ႏိုင္ခဲ့ရင္

လာမယ့္ရာသီအတြက္  ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လြဲေခ်ာ္မွာျဖစ္လို႔ စီေရာ္နယ္ဒိုဟာ

အသင္းေျပာင္းဖို႔ တြန္းအားေပးလာႏိုင္ပါတယ္။

အဂၤလန္က Express သတင္းစာရဲ႕အဆိုအရေတာ့ အသင္းရဲ႕အေျခအေနသာ

မေျပာင္းလဲဘူးဆိုရင္ စီေရာ္နယ္ဒိုဟာ အသင္းကထြက္ခြာဖို႔ကို

ႀကိဳးပမ္းလာႏိုင္တယ္လို႔ သိရပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ

ဆုဖလားဆာေလာင္စိတ္ျပင္းျပသူျဖစ္ၿပီး သူ႔ေမွ်ာ္မွန္းခ်က္ေတြနဲ႔

ထပ္တူမက်တဲ့အသင္းတစ္သင္းမွာ ဆက္ေနဖို႔ ဆႏၵရွိမွာ မဟုတ္ပါဘူး။

မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာလည္း လက္က်န္ကစားသမားဘဝကို

ပုံမွန္ကုန္ဆုံးေစဖို႔ ပရီးမီးယားလိဂ္ကိုျပန္လာတာမဟုတ္ဘူးလို႔လည္း

ရွင္းရွင္းလင္းလင္းေျပာထားတာပါ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္မွာ

အေျခအေနျပန္ေကာင္းဖို႔က မန္ယူအတြက္ အေရးႀကီးေနပါတယ္။

အဲဒီလိုမွ မဟုတ္ဘူးဆိုရင္ စီေရာ္နယ္ဒိုဟာ ယူ႐ိုပါလိဂ္ဆင္းကစားရဖို႔ကို

ဆႏၵမရွိလို႔ သူ႔ရဲ႕မန္ယူအနာဂါတ္ကို စဥ္းစားႏိုင္ပါတယ္။