အသင်းရဲ့နည်းဗျူဟာပိုင်းကို သူပဲ ဆုံးဖြတ်မယ်လို့ ဗန်ဟားလ် ပြန်လည်တုံ့ပြန်

နယ်သာလန်အသင်းနည်းပြ ဗန်ဟားလ်က နောက်ခံလူ ဗန်ဒိုက်ရဲ့

ဝေဖန်မှု ထွက်ပေါ်လာပြီးနောက် အသင်းရဲ့နည်းဗျူးဟာပိုင်းကို
သူပဲ ချမှတ်သွားမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
နယ်သာလန်အသင်းဟာ ဒိန်းမတ်ကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့
ခြေစမ်းပွဲမှာ ခံစစ်ပိုအလေးပေးတဲ့ ၃-၄-၁-၂ ပုံစံ အသုံးပြုခဲ့ရာ
လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ဝေဖန်ခဲ့တာဖြစ်ပြီး ဗန်ဒိုက်က

မိမိအနေနဲ့ လီဗာပူးမှာ အသုံးပြုနေတဲ့ ၄-၃-၃ နည်းဗျူဟာနဲ့ပဲ
ပိုကစားချင်တယ်လို့ လူသိရှင်ကြားဖွင့်ဟခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၇၀ အရွယ်ရှိ ယူနိုက်တက်နည်းပြဟောင်း
ဗန်ဟားလ်ကတော့ ဗန်ဒိုက်ရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်လိုက်သလို
ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ ဆွေးနွေးထားပြီးဖြစ်သလို

သူသဘောကျတဲ့နည်းဗျူဟာကိုပဲ ဆက်လက်သုံးသွားမယ်လို့ အခိုင်အမာဆိုပါတယ်။
”သူ အဲဒီလိုကစားချင်နေတာ ကျွန်တော်လည်း သိပါတယ်။
ဗန်ဒိုက်က ဒီအကြောင်း အမြဲတမ်းလိုလို
လူသိရှင်ကြား ပြောလေ့ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ စကားပြောပြီးပါပြီ။

နည်းပြကပဲ နည်းဗျူဟာကို ဆုံးဖြတ်ရတာပါ”လို့
ဗန်ဟားလ်က ပြောကြားခဲ့ပါတယ်။
ဗန်ဒိုက်က ”ကျွန်တော်တု့ိ့အသင်း နည်းဗျူဟာအများအပြားနဲ့အတူ
ထရိန်နင် ပြင်းပြင်းထန်ထန်ဆင်းသလို Meetings တွေလည်း
အများကြီး လုပ်ခဲ့ပါတယ်။ ဒါတွေက သိပ်ကောင်းပေမယ့်

တိုးတက်ဖို့လည်း လိုပါသေးတယ်။ ကျွန်တော်တို့အသင်းဟာ
စနစ်သစ်နဲ့ ကစားနေတာဖြစ်ပြီး ကစားသမားတွေကလည်း
ကွဲပြားခြားနားတဲ့အရာတွေ လိုအပ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့အသင်း ပုံစံကောင်းတချို့
ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ကျွန်တော့်အနေနဲ့ ၄-၃-၃ နည်းဗျူဟာကို
သဘောကျနေဆဲဖြစ်ပေမယ့် ကိုယ်က
လက်ရွေးစင်နည်းပြမဟုတ်ဘူးလေ။
လက်ရွေးစင်နည်းပြက ဒီကိစ္စနဲ့ပတ်သက်လို့
သဘောထားအရမ်းတင်းပါတယ်”လို့ ဗန်ဒိုက်က ပြောခဲ့တာပါ။

သမိုင်းတစ်လျှောက် ဒုတိယမြောက်ဈေးအကြီးဆုံး
နောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်ဟာ အကီ၊ ဒီလစ်ဂျ်တို့နဲ့အတူ
ဗဟိုခံစစ် ၃ယောက်တန်းမှာ ကစားခဲ့တာဖြစ်ပြီး
အကီနဲ့ ဒီလစ်ဂျ်တို့လည်း သက်ဆိုင်ရာကလပ်အသင်းတွေမှာ
ဗန်ဒိုက်လိုပဲ နောက်ခံလူ ၄ဦးကစားတဲ့နည်းဗျူဟာနဲ့ အသားကျနေတာပါ။

သြဂုတ်လက နယ်သာလန်အသင်းကို တတိယအကြိမ်မြောက်
ပြန်လည်ကိုင်တွယ်ခဲ့တဲ့ ဗန်ဟားလ်လက်ထက်မှာ အသင်းက ၈ပွဲကစား
၆ပွဲနိုင်၊ ၂ပွဲသရေနဲ့ ရှုံးပွဲမရှိစံချိန်တင်ထားပြီး
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဝင်ခွင့်ရထားပါတယ်။

Zawgyi

အသင္းရဲ႕နည္းဗ်ဴဟာပိုင္းကို သူပဲ ဆုံးျဖတ္မယ္လုိ႔ ဗန္ဟားလ္ ျပန္လည္တုံ႔ျပန္
နယ္သာလန္အသင္းနည္းျပ ဗန္ဟားလ္က ေနာက္ခံလူ ဗန္ဒိုက္ရဲ႕
ေ၀ဖန္မႈ ထြက္ေပၚလာၿပီးေနာက္ အသင္းရဲဲ႕နည္းဗ်ဴးဟာပိုင္းကို

သူပဲ ခ်မွတ္သြားမယ္လို႔ အခုိင္အမာေျပာၾကားလုိက္ပါတယ္။
နယ္သာလန္အသင္းဟာ ဒိန္းမတ္ကို ၄-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့
ေျခစမ္းပြဲမွာ ခံစစ္ပုိအေလးေပးတဲ့ ၃-၄-၁-၂ ပုံစံ အသုံးျပဳခဲ့ရာ
လီဗာပူးေနာက္ခံလူ ဗန္ဒိုက္က ေ၀ဖန္ခဲ့တာျဖစ္ၿပီး ဗန္ဒိုက္က
မိမိအေနနဲ႔ လီဗာပူးမွာ အသုံးျပဳေနတဲ့ ၄-၃-၃ နည္းဗ်ဴဟာနဲ႔ပဲ

ပုိကစားခ်င္တယ္လုိ႔ လူသိရွင္ၾကားဖြင့္ဟခဲ့ပါတယ္။
ဒါေပမဲ့ အသက္ ၇၀ အရြယ္ရွိ ယူႏုိက္တက္နည္းျပေဟာင္း
ဗန္ဟားလ္ကေတာ့ ဗန္ဒိုက္ရဲ႕မွတ္ခ်က္ကို ျပန္လည္တု႔ံျပန္လုိက္သလုိ
ဒီကိစၥနဲ႔ပတ္သက္လုိ႔ သူတုိ႔ ေဆြးေႏြးထားၿပီးျဖစ္သလုိ
သူသေဘာက်တဲ့နည္းဗ်ဴဟာကုိပဲ ဆက္လက္သုံးသြားမယ္လုိ႔ အခုိင္အမာဆုိပါတယ္။

”သူ အဲဒီလုိကစားခ်င္ေနတာ ကၽြန္ေတာ္လည္း သိပါတယ္။
ဗန္ဒိုက္က ဒီအေၾကာင္း အၿမဲတမ္းလုိလို
လူသိရွင္ၾကား ေျပာေလ့ရွိပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လုိ႔လည္း ကၽြန္ေတာ္တုိ႔ စကားေျပာၿပီးပါၿပီ။
နည္းျပကပဲ နည္းဗ်ဴဟာကို ဆုံးျဖတ္ရတာပါ”လုိ႔

ဗန္ဟားလ္က ေျပာၾကားခဲ့ပါတယ္။
ဗန္ဒိုက္က ”ကၽြန္ေတာ္တု႔ိ႔အသင္း နည္းဗ်ဴဟာအမ်ားအျပားနဲ႔အတူ
ထရိန္နင္ ျပင္းျပင္းထန္ထန္ဆင္းသလုိ Meetings ေတြလည္း
အမ်ားႀကီး လုပ္ခဲ့ပါတယ္။ ဒါေတြက သိပ္ေကာင္းေပမယ့္
တုိးတက္ဖုိ႔လည္း လုိပါေသးတယ္။ ကၽြန္ေတာ္တုိ႔အသင္းဟာ

စနစ္သစ္နဲ႔ ကစားေနတာျဖစ္ၿပီး ကစားသမားေတြကလည္း
ကြဲျပားျခားနားတဲ့အရာေတြ လိုအပ္ပါတယ္။
ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အသင္း ပုံစံေကာင္းတခ်ိဳ႕
ျပသႏိုင္ခဲ့တယ္လုိ႔ ထင္ပါတယ္။
ကၽြန္ေတာ့္အေနနဲ႔ ၄-၃-၃ နည္းဗ်ဴဟာကို

သေဘာက်ေနဆဲျဖစ္ေပမယ့္ ကုိယ္က
လက္ေရြးစင္နည္းျပမဟုတ္ဘူးေလ။
လက္ေရြးစင္နည္းျပက ဒီကိစၥနဲ႔ပတ္သက္လုိ႔
သေဘာထားအရမ္းတင္းပါတယ္”လုိ႔ ဗန္ဒိုက္က ေျပာခဲ့တာပါ။
သမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ေစ်းအႀကီးဆုံး

ေနာက္ခံလူျဖစ္တဲ့ ဗန္ဒိုက္ဟာ အကီ၊ ဒီလစ္ဂ်္တို႔နဲ႔အတူ
ဗဟိုခံစစ္ ၃ေယာက္တန္းမွာ ကစားခဲ့တာျဖစ္ၿပီး
အကီနဲ႔ ဒီလစ္ဂ်္တို႔လည္း သက္ဆုိင္ရာကလပ္အသင္းေတြမွာ
ဗန္ဒုိက္လုိပဲ ေနာက္ခံလူ ၄ဦးကစားတဲ့နည္းဗ်ဴဟာနဲ႔ အသားက်ေနတာပါ။
ၾသဂုတ္လက နယ္သာလန္အသင္းကို တတိယအႀကိမ္ေျမာက္

ျပန္လည္ကိုင္တြယ္ခဲ့တဲ့ ဗန္ဟားလ္လက္ထက္မွာ အသင္းက ၈ပြဲကစား
၆ပြဲႏိုင္၊ ၂ပဲြသေရနဲ႔ ရံႈးပဲြမရွိစံခ်ိန္တင္ထားၿပီး
ကာတာကမၻာ့ဖလားၿပိဳင္ပဲြလည္း ၀င္ခြင့္ရထားပါတယ္။