အသင်းရဲ့ဂိုးပြတ်အရှုံးအတွက် ဘယ်လိုမှ မတတ်သာပဲ ပွဲကြည့်စင်ကနေပဲ စိတ်မသက်သာစွာနဲ့ ကြည့်နေခဲ့ရတဲ့ ဟာလန်း

ကြာသပတေးညက ရိန်းဂျားစ်နဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်

ပထမအကျော့ကစားတော့ တိုက်စစ်ဟာလန်းဟာ

သူ့အသင်းကို ပွဲကြည့်စင်ပေါ်ကနေပဲ အားပေးခဲ့ပါတယ်။

ဂိုးမရှိသရေဖြစ်နေချိန် ပွဲချိန်မိနစ် ၂၀ အကျော်ထိ

သူဟာ ရယ်ရယ်မောမောနဲ့ပဲ ရှိနေခဲ့တာပါ။

ဒါပေမဲ့ ဧည့်သည်ရိန်းဂျားစ်အသင်းက ၂ ဂိုးဆက်တိုက်သွင်းလိုက်ချိန်မှာတော့

ဟာလန်းတစ်ယောက် ချက်ချင်းပဲ သုန်သုန်မှုန်မှုန်ဖြစ်သွားပါတယ်။

ရိန်းဂျားစ်က နောက်ထပ် ၂ ဂိုးထပ်သွင်းပြီးချိန်မှာတော့

သူဟာ ပွဲကို ဆက်မကြည့်ချင်တော့လောက်အောင် ဖြစ်သွားပါတယ်။

အဲဒီနော်ဝေကြယ်ပွင့် စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့အမူအယာတွေကို

ရုပ်သံကင်မရာတွေကလည်း အမိအရရိုက်ယူနိုက်ခဲ့တာပါ။

ပွဲအပြီးမှာ ဒေါ့မန်က ၄-၂ နဲ့ရှုံးသွားခဲ့တာဖြစ်လို့

နောက်တစ်ဆင့်အခွင့်အရေးဟာ မှေးမှိန်သွားပါတယ်။

ဒေါ့မန်အနေနဲ့ သူတို့အသင်းရဲ့ဥရောပပြိုင်ပွဲသမိုင်းတစ်လျှောက်

ဒုတိယအကြိမ်မြောက်အဖြစ် အိမ်ကွင်းမှာ ၄ ဂိုးနဲ့အထက် ပေးခဲ့ရတာပါ။

သူ့အသင်းရဲ့ဂိုးပြတ်အရှုံးအတွက် ဟာလန်းဟာ ဘယ်လိုမှ မတတ်သာပဲ

ပွဲကြည့်စင်ကနေပဲ စိတ်မသက်သာစွာနဲ့ ကြည့်ခဲ့ရတယ်။

အဲဒီနော်ဝေကြယ်ပွင့်ဟာ ဒဏ်ရာကြောင့် နားနေရတဲ့အတွက်

ဒေါ့မန်အတွက် မကစားပေးနိုင်ခဲ့တာ အတန်ကြာနေပါပြီ။

ဟာလန်းမကစားနိုင်ခဲ့တဲ့ကာလအတွင်းမှာလည်း

ဒေါ့မန်ဟာ ရလဒ်ပိုင်း အနိမ့်အမြင့်အတက်အကျတွေများခဲ့ပါတယ်။

အဲဒီနော်ဝေဂိုးသွင်းစက်ဟာ ရိန်းဂျားစ်နဲ့ပွဲမတိုင်ခင်လေးမှာ

လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပေမယ့် နည်းပြမာကိုရို့စ်ကတော့

စွန့်စားအသုံးမပြုဖို့သာ ဆုံးဖြတ်ခဲ့တာပါ။

zawgyi

အသင္းရဲ႕ဂိုးျပတ္အရႈံးအတြက္ ဘယ္လိုမွ မတတ္သာပဲ ပြဲၾကည့္စင္ကေနပဲ စိတ္မသက္သာစြာနဲ႔ ၾကည့္ေနခဲ့ရတဲ့ ဟာလန္း

ၾကာသပေတးညက ရိန္းဂ်ားစ္နဲ႔ ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္

ပထမအေက်ာ့ကစားေတာ့ တိုက္စစ္ဟာလန္းဟာ

သူ႔အသင္းကို ပြဲၾကည့္စင္ေပၚကေနပဲ အားေပးခဲ့ပါတယ္။

ဂိုးမရွိသေရျဖစ္ေနခ်ိန္ ပြဲခ်ိန္မိနစ္ ၂၀ အေက်ာ္ထိ

သူဟာ ရယ္ရယ္ေမာေမာနဲ႔ပဲ ရွိေနခဲ့တာပါ။

ဒါေပမဲ့ ဧည့္သည္ရိန္းဂ်ားစ္အသင္းက ၂ ဂိုးဆက္တိုက္သြင္းလိုက္ခ်ိန္မွာေတာ့

ဟာလန္းတစ္ေယာက္ ခ်က္ခ်င္းပဲ သုန္သုန္မႈန္မႈန္ျဖစ္သြားပါတယ္။

ရိန္းဂ်ားစ္က ေနာက္ထပ္ ၂ ဂိုးထပ္သြင္းၿပီးခ်ိန္မွာေတာ့

သူဟာ ပြဲကို ဆက္မၾကည့္ခ်င္ေတာ့ေလာက္ေအာင္ ျဖစ္သြားပါတယ္။

အဲဒီေနာ္ေဝၾကယ္ပြင့္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားတဲ့အမူအယာေတြကို

႐ုပ္သံကင္မရာေတြကလည္း အမိအရ႐ိုက္ယူႏိုက္ခဲ့တာပါ။

ပြဲအၿပီးမွာ ေဒါ့မန္က ၄-၂ နဲ႔ရႈံးသြားခဲ့တာျဖစ္လို႔

ေနာက္တစ္ဆင့္အခြင့္အေရးဟာ ေမွးမွိန္သြားပါတယ္။

ေဒါ့မန္အေနနဲ႔ သူတို႔အသင္းရဲ႕ဥေရာပၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္

ဒုတိယအႀကိမ္ေျမာက္အျဖစ္ အိမ္ကြင္းမွာ ၄ ဂိုးနဲ႔အထက္ ေပးခဲ့ရတာပါ။

သူ႔အသင္းရဲ႕ဂိုးျပတ္အရႈံးအတြက္ ဟာလန္းဟာ ဘယ္လိုမွ မတတ္သာပဲ

ပြဲၾကည့္စင္ကေနပဲ စိတ္မသက္သာစြာနဲ႔ ၾကည့္ခဲ့ရတယ္။

အဲဒီေနာ္ေဝၾကယ္ပြင့္ဟာ ဒဏ္ရာေၾကာင့္ နားေနရတဲ့အတြက္

ေဒါ့မန္အတြက္ မကစားေပးႏိုင္ခဲ့တာ အတန္ၾကာေနပါၿပီ။

ဟာလန္းမကစားႏိုင္ခဲ့တဲ့ကာလအတြင္းမွာလည္း

ေဒါ့မန္ဟာ ရလဒ္ပိုင္း အနိမ့္အျမင့္အတက္အက်ေတြမ်ားခဲ့ပါတယ္။

အဲဒီေနာ္ေဝဂိုးသြင္းစက္ဟာ ရိန္းဂ်ားစ္နဲ႔ပြဲမတိုင္ခင္ေလးမွာ

ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့ေပမယ့္ နည္းျပမာကို႐ို႕စ္ကေတာ့

စြန႔္စားအသုံးမျပဳဖို႔သာ ဆုံးျဖတ္ခဲ့တာပါ။