အသင်းမှာ မကစားချင်ဘူးလို့ ဆိုခဲ့တဲ့ ရန်းနစ်ရဲ့မှတ်ချက်ကို ငြင်းဆန်လိုက်တဲ့ မာစီယယ်

ယူနိုက်တက်တိုက်စစ်မှူး မာစီယယ်က ဗီလာနဲ့

၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပါဝင်မကစားချင်ခဲ့ဘူးဆိုတဲ့
နည်းပြရန်းနစ်ရဲ့မှတ်ချက်ကို ငြင်းဆန်လိုက်ပါတယ်။
မာစီယယ်ဟာ ယခုလအတွင်း အသင်းကနေ
ထွက်ခွာလိုနေပြီး ဆီဗီလာက သူ့ကို ခေါ်ယူဖို့
စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ဟာ ဗီလာနဲ့ပွဲမှာ ဂိုးသမား ၂ဦးအပါအဝင်
အရန်ကစားသမား ၈ ဦးပဲ ပါဝင်ခဲ့ရာ ရန်းနစ်က
မာစီယယ်အနေနဲ့ အသင်းနဲ့အတူ လိုက်ပါခရီးထွက်ဖို့
ဆန္ဒမရှိခဲ့ဘူးလို့ ပြောပါတယ်။


”မာစီယယ်က အသင်းရဲ့လူစာရင်းမှာ မပါချင်ခဲ့ပါဘူး။
ပုံမှန်အတိုင်းဆိုရင် လူစာရင်းမှာ သူပါဝင်မှာဖြစ်ပေမယ့်
ဆန္ဒမရှိတာကြောင့် အသင်းနဲ့အတူ လိုက်ပါခရီးမထွက်ခဲ့တာပါ”လို့
ရန်းနစ်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မာရှယ်က သူ့ရဲ့လူမှုမီဒီယာကနေ
အဲဒီမှတ်ချက်ကို ပယ်ချလိုက်ပြီး မိမိအနေနဲ့
ပရိသတ်တွေကို တစ်ခါမှ မလေးမစားလုပ်တာမျိုး
မရှိကြောင်း အခိုင်အမာပြောပါတယ်။


”ယူနိုက်တက်အတွက် ပွဲကစားဖို့
တစ်ခါမှငြင်းဆန်မှာမဟုတ်ပါဘူး။ ကျွန်တော်
ဒီမှာ ကစားလာတာ ၇ နှစ်ရှိပါပြီ။ မလေးမစား
လုပ်တာမျိုး တစ်ခါမှမရှိခဲ့သလို နောင်လည်း

ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး”လို့ မာစီယယ်က
သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ တင်ခဲ့ပါတယ်။