အသင်းမှာ ဘာပေ ဆက်ရှိဖို့ ပီအက်စ်ဂျီ ပေးခဲ့ရတဲ့ ကတိ ၃ခု

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေဟာ မက်ဇ်ကို

အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် အသင်းနဲ့ ၃နှစ်စာချုပ်သစ်
ချုပ်ဆိုခဲ့တဲ့အကြောင်း တရားဝင်အသိပေးခဲ့ပြီး
သတင်းတွေရဲ့ဖော်ပြချက်အရ ဒီလို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့
ပီအက်စ်ဂျီအသင်းဘက်က ကတိ ၃ခု ပေးခဲ့ရတယ်လို့ သိရပါတယ်။
အရင်တုန်းက ထွက်ပေါ်ခဲ့တဲ့သတင်းအများစုမှာ

ဘာပေအနေနဲ့ ဇွန်လမှာ ပီအက်စ်ဂျီနဲ့
စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ ရီးရဲလ်ကိုပဲ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လိမ့်မယ်လို့ ရေးသားဖော်ပြခဲ့တာပါ။
အခုတော့ ပီအက်စ်ဂျီက ဘာပေကို
၃ နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီး ရီးရဲလ်ရော ပီအက်စ်ဂျီပါ

ကမ်းလှမ်းရာမှာ လုပ်ခလစာ အတူတူပဲဖြစ်ပေမယ့်
ပီအက်စ်ဂျီဘက်က အသင်းရဲ့ အားကစားဆိုင်ရာပရောဂျက်မှာ
ဘာပေကို ပိုင်ရှင်အဖြစ်ပါ ပေးမယ့်အခွင့်အရေးပါ ကမ်းလှမ်းခဲ့ပါတယ်။
အခုလည်း စပိန်ဂျာနယ်လစ် ဆာဂျီယိုဆန်းတို့စ်ရဲ့သတင်းပေးပို့ချက်အရ
အသင်းမှာ ဘာပေ ဆက်ကစားနိုင်အောင် ဆွဲဆောင်စည်းရုံးနိုင်ခဲ့တဲ့အထဲမှာ

အသင်းဘက်က ပေးခဲ့တဲ့ ကတိ ၃ခုလည်း ပါဝင်တယ်လို့ သိရပြီး
အဲဒီကတိ ၃ခုကတော့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို
နည်းပြသစ်အဖြစ် ခန့်အပ်ရေး၊ ဘာစီလိုနာတောင်ပံကစားသမား
ဒမ်ဘီလီကို ခေါ်ယူပေးရေးနဲ့ အသင်းရှိ ကြယ်ပွင့်တိုက်စစ်မှူး
နေမာကို ယခုနွေရာသီအတွင်း ထုတ်ရောင်းရေးတို့ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြအဖြစ် ဇီဒန်းရှိခဲ့တုန်းက ဘာနေဗျူးကို
ဘာပေရောက်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီး ဇီဒန်းအနေနဲ့
ကလပ်လက်မဲ့ဖြစ်နေချိန် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ
ပြင်သစ်အသင်းကို ကိုင်တွယ်ဖို့ သတင်းထွက်ပေါ်နေပါတယ်။
လက်ရှိပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အသင်းကို

ရောက်လာတာ မကြာသေးပေမယ့် ယခုရာသီမှာ
အမှတ်ပေးချန်ပီယံတစ်ခုတည်း ဖြစ်ထားလို့
နွေရာသီမှာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ပြီး
ချန်ပီယံလိဂ်ဖလား ၃ကြိမ်ရထားတဲ့ ဇီဒန်းက ချန်ပီယံလိဂ်ဖလား
အသေလိုချင်နေတဲ့ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေအတွက်

အကောင်းဆုံးရွေးချယ်မှုဖြစ်လာနိုင်ပါတယ်။
နေမာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ အရင်ကလည်း
သတင်းထွက်ပေါ်ခဲ့ဖူးပြီး ပီအက်စ်ဂျီက ယခုနွေရာသီအတွင်း
နေမာကို ပေါင် ၇၆ သန်းနဲ့ ထုတ်ရောင်းဖို့ အသင့်ရှိနေပါတယ်။
နေမာဟာ ၂၀၁၇ နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့

ဘာစီလိုနာကနေ ရောက်လာခဲ့ပေမယ့် မျှော်လင့်ထားသလို
ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းရဲ့တိုက်စစ်မှာ
ထွက်ခွာရဖို့ ရာခိုင်နှုန်းအများဆုံးကစားသမားဖြစ်နေပါတယ်။
ဘာပေက နေမာရဲ့နေရာမှာ ဘာစီလိုနာတောင်ပံတိုက်စစ်မှူး
ဒမ်ဘီလီနဲ့ အစားထိုးစေချင်နေပြီး ပြင်သစ်လက်ရွေးစင်က

ယခုရာသီအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုင်လီယန်ဘာပေအက်ဖ်စီရဲ့ခေတ်တစ်ခေတ်
စတင်နေပြီလားလို့ မေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။

Zawgyi

အသင္းမွာ ဘာေပ ဆက္ရွိဖို႔ ပီအက္စ္ဂ်ီ ေပးခဲ့ရတဲ့ ကတိ ၃ခု
ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ဘာေပဟာ မက္ဇ္ကို
အႏိုင္ရခဲ့တဲ့ပြဲမတုိင္ခင္ အသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္သစ္
ခ်ဳပ္ဆိုခဲ့တဲ့အေၾကာင္း တရား၀င္အသိေပးခဲ့ၿပီး

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဒီလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔
ပီအက္စ္ဂ်ီအသင္းဘက္က ကတိ ၃ခု ေပးခဲ့ရတယ္လုိ႔ သိရပါတယ္။
အရင္တုန္းက ထြက္ေပၚခဲ့တဲ့သတင္းအမ်ားစုမွာ
ဘာေပအေနနဲ႔ ဇြန္လမွာ ပီအက္စ္ဂ်ီနဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခါ ရီးရဲလ္ကိုပဲ

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လိမ့္မယ္လုိ႔ ေရးသားေဖာ္ျပခဲ့တာပါ။
အခုေတာ့ ပီအက္စ္ဂ်ီက ဘာေပကို
၃ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိႏိုင္ခဲ့ၿပီး ရီးရဲလ္ေရာ ပီအက္စ္ဂ်ီပါ
ကမ္းလွမ္းရာမွာ လုပ္ခလစာ အတူတူပဲျဖစ္ေပမယ့္
ပီအက္စ္ဂ်ီဘက္က အသင္းရဲ႕ အားကစားဆုိင္ရာပေရာဂ်က္မွာ

ဘာေပကို ပိုင္ရွင္အျဖစ္ပါ ေပးမယ့္အခြင့္အေရးပါ ကမ္းလွမ္းခဲ့ပါတယ္။
အခုလည္း စပိန္ဂ်ာနယ္လစ္ ဆာဂ်ီယိုဆန္းတို႔စ္ရဲ႕သတင္းေပးပို႔ခ်က္အရ
အသင္းမွာ ဘာေပ ဆက္ကစားႏိုင္ေအာင္ ဆြဲေဆာင္စည္းရုံးႏိုင္ခဲ့တဲ့အထဲမွာ
အသင္းဘက္က ေပးခဲ့တဲ့ ကတိ ၃ခုလည္း ပါ၀င္တယ္လုိ႔ သိရၿပီး
အဲဒီကတိ ၃ခုကေတာ့ ရီးရဲလ္နည္းျပေဟာင္း ဇီဒန္းကို

နည္းျပသစ္အျဖစ္ ခန္႔အပ္ေရး၊ ဘာစီလုိနာေတာင္ပံကစားသမား
ဒမ္ဘီလီကို ေခၚယူေပးေရးနဲ႔ အသင္းရွိ ၾကယ္ပြင့္တုိက္စစ္မွဴး
ေနမာကို ယခုေႏြရာသီအတြင္း ထုတ္ေရာင္းေရးတို႔ျဖစ္ပါတယ္။
ရီးရဲလ္နည္းျပအျဖစ္ ဇီဒန္းရွိခဲ့တုန္းက ဘာေနဗ်ဴးကို
ဘာေပေရာက္ဖုိ႔ အနီးစပ္ဆုံးျဖစ္ခဲ့ၿပီး ဇီဒန္းအေနနဲ႔

ကလပ္လက္မဲ့ျဖစ္ေနခ်ိန္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲအၿပီးမွာ
ျပင္သစ္အသင္းကို ကိုင္တြယ္ဖို႔ သတင္းထြက္ေပၚေနပါတယ္။
လက္ရွိပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုက အသင္းကို
ေရာက္လာတာ မၾကာေသးေပမယ့္ ယခုရာသီမွာ
အမွတ္ေပးခ်န္ပီယံတစ္ခုတည္း ျဖစ္ထားလို႔

ေႏြရာသီမွာ ရာထူးကေန ထုတ္ပယ္ခံရႏိုင္ၿပီး
ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္ရထားတဲ့ ဇီဒန္းက ခ်န္ပီယံလိဂ္ဖလား
အေသလိုခ်င္ေနတဲ့ ပီအက္စ္ဂ်ီအသင္းတာ၀န္ရွိသူေတြအတြက္
အေကာင္းဆုံးေရြးခ်ယ္မႈျဖစ္လာႏိုင္ပါတယ္။
ေနမာ အသင္းကေန ထြက္ခြာဖြယ္ရွိေနတယ္လုိ႔ အရင္ကလည္း

သတင္းထြက္ေပၚခဲ့ဖူးၿပီး ပီအက္စ္ဂ်ီက ယခုေႏြရာသီအတြင္း
ေနမာကို ေပါင္ ၇၆ သန္းနဲ႔ ထုတ္ေရာင္းဖုိ႔ အသင့္ရွိေနပါတယ္။
ေနမာဟာ ၂၀၁၇ ေႏြရာသီက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔
ဘာစီလုိနာကေန ေရာက္လာခဲ့ေပမယ့္ ေမွ်ာ္လင့္ထားသလုိ
ေျခစြမ္းျပႏုိင္ဖို႔ ရုန္းကန္ေနရၿပီး အသင္းရဲဲ႕တုိက္စစ္မွာ

ထြက္ခြာရဖို႔ ရာခုိင္ႏႈန္းအမ်ားဆုံးကစားသမားျဖစ္ေနပါတယ္။
ဘာေပက ေနမာရဲ႕ေနရာမွာ ဘာစီလုိနာေတာင္ပံတုိက္စစ္မွဴး
ဒမ္ဘီလီနဲ႔ အစားထုိးေစခ်င္ေနၿပီး ျပင္သစ္လက္ေရြးစင္က
ယခုရာသီအကုန္မွာ ဘာစီလုိနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာပါ။
ဘယ္လုိပဲျဖစ္ျဖစ္ ကုိင္လီယန္ဘာေပအက္ဖ္စီရဲ႕ေခတ္တစ္ေခတ္

စတင္ေနၿပီလားလုိ႔ ေမးခြန္းထုတ္ရေတာ့မွာျဖစ္ပါတယ္။