
မန်ယူအသင်းနည်းပြ ရန်းနစ်ခ်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့အသင်းမှာ
မပျော်ဘူးဆိုရင်လာမယ့်နွေရာသီမှာထွက်ခွာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ် ဟာမန်ယူရဲ့နောက်ဆုံးပရီးမီးယားလိဂ် ၁၁ ပွဲမှာ
၂ ပွဲသာပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ရလို့သူ့အနာဂတ်ကိုစဥ်းစားနေပြီလို့
သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ ဒီလိုပွဲကစားရချိန်နည်းပါးလာတဲ့အတွက်
ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်
အင်္ဂလန်အသင်းမှာနေရာပျောက်ဆုံးမှာကိုသူက စိုးရိမ်ခဲ့တာပါ။
ဒီအခြေအနေကြောင့် ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်မသေချာတော့တဲ့အပြင်
ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပြီလို့
သတင်းတွေထွက်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ် ရဲ့စွမ်းဆောင်နိုင်စွမ်းကို
ရန်းနစ်ခ်ကသံသယမရှိသလို လက်ရှိမှာထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေးအတွက်
ကြိုးပမ်းစေလိုနေပေမယ့် မပျော်ဘူးဆိုရင်တော့လာမယ့်
နွေရာသီမှာ ထွက်ခွာနိုင်တယ်လို့ ပြတ်သားစွာဘဲပြောခဲ့တာပါ။
သူက” ရက်ရှ်ဖို့ဒ်မှာ ပွဲကစားချိန်အလုံအလောက်မရှိခဲ့ဘူးလို့ ကျွန်တော်မထင်ပါဘူး။
ဒီကိုကျွန်တော်ရောက်ပြီးနောက်သူ ကစားခဲ့တာ ၁၃ ပွဲကနေ ၁၄ ပွဲအထိရှိခဲ့ပါတယ်။
အရန်အဖြစ်ထက်စာရင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ရတာကပိုများခဲ့ပါတယ်။
ဒါကပြဿနာလို့ ကျွန်တော်မထင်ပါဘူး။
သူနဲ့မနေ့တုန်းကစကားပြောဖြစ်တော့လည်း ဒီအကြောင်းကိုသူ မပြောခဲ့ပါဘူး။
ဒါပေမယ့်အခုချိန်က ဈေးကွက်ပိတ်ချိန်ပါ။ သူရော သူ့အေးဂျင့်နဲ့
သူ့မိသားစုတို့က နွေရာသီတစ်ချိန်မှာဒီကနေထွက်မှဖြစ်မယ်လို့ ယူဆကြရင် ထွက်ပေါ့ဗျာ။
ဒါပေမယ့်နွေရာသီရောက်မှနော်။ ဒီကိစ္စက စပါးနဲ့ပွဲဒါမှမဟုတ်
လာမယ့်ပွဲတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး” လို့ပြောသွားပါတယ်။
ပြီးခဲ့တဲ့ မန်စီးတီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲမှာ
ဝါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ စီရော်နယ်ဒိုရော ကာဗာနီပါ မပါနိုင်ခဲ့ပေမယ့်
ရက်ရှ်ဖို့ဒ်ကပွဲထွက်ခွင့်မရခဲ့ဘဲ အရန်အဖြစ်သာရှိနေခဲ့လို့ကစားသမားက
ဒါကိုအဓိကမကျေမနပ်ဖြစ်နေတာလို့လည်း သတင်းတွေမှာဖော်ပြနေကြပါတယ်။
အသက် ၂၄ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်ယူနဲ့စာချုပ်သက်တမ်း ၁၈ လကျန်နေသေးပြီး
သူ့ကိုကလပ်ဘက်ကနောက်ထပ်သက်တမ်းတစ်နှစ်ထပ်တိုးခွင့်ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်က OBE ဘွဲ့ရရှိခဲ့သေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ ကွင်းပြင်ပကိစ္စတွေအပေါ်သာ
အာရုံစိုက်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
zawgyi
အသင္းမွာမေပ်ာ္ရင္ ထြက္လို႔ရတယ္လို႔ ရက္ရွ္ဖို႔ဒ္ကို ရန္းနစ္ခ္ေျပာ
မန္ယူအသင္းနည္းျပ ရန္းနစ္ခ္က တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္အေနနဲ႔အသင္းမွာ
မေပ်ာ္ဘူးဆိုရင္လာမယ့္ေႏြရာသီမွာထြက္ခြာႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။
အဂၤလန္လက္ေ႐ြးစင္ျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ ဟာမန္ယူရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ ၁၁ ပြဲမွာ
၂ ပြဲသာပြဲထြက္ကစားသမားအျဖစ္ပါဝင္ခဲ့ရလို႔သူ႔အနာဂတ္ကိုစဥ္းစားေနၿပီလို႔
သတင္းေတြထြက္ေပၚေနခဲ့တာပါ။ ဒီလိုပြဲကစားရခ်ိန္နည္းပါးလာတဲ့အတြက္
ကာတာမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္
အဂၤလန္အသင္းမွာေနရာေပ်ာက္ဆုံးမွာကိုသူက စိုးရိမ္ခဲ့တာပါ။
ဒီအေျခအေနေၾကာင့္ ရက္ရွ္ဖို႔ဒ္ရဲ႕အနာဂတ္မေသခ်ာေတာ့တဲ့အျပင္
ပီအက္စ္ဂ်ီအသင္းကလည္း ေခၚယူဖို႔စိတ္ဝင္စားေနၿပီလို႔
သတင္းေတြထြက္ခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ ရဲ႕စြမ္းေဆာင္ႏိုင္စြမ္းကို
ရန္းနစ္ခ္ကသံသယမရွိသလို လက္ရွိမွာထိပ္ဆုံး ၄ သင္းစာရင္းဝင္ေရးအတြက္
ႀကိဳးပမ္းေစလိုေနေပမယ့္ မေပ်ာ္ဘူးဆိုရင္ေတာ့လာမယ့္
ေႏြရာသီမွာ ထြက္ခြာႏိုင္တယ္လို႔ ျပတ္သားစြာဘဲေျပာခဲ့တာပါ။
သူက” ရက္ရွ္ဖို႔ဒ္မွာ ပြဲကစားခ်ိန္အလုံအေလာက္မရွိခဲ့ဘူးလို႔ ကြၽန္ေတာ္မထင္ပါဘူး။
ဒီကိုကြၽန္ေတာ္ေရာက္ၿပီးေနာက္သူ ကစားခဲ့တာ ၁၃ ပြဲကေန ၁၄ ပြဲအထိရွိခဲ့ပါတယ္။
အရန္အျဖစ္ထက္စာရင္ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခဲ့ရတာကပိုမ်ားခဲ့ပါတယ္။
ဒါကျပႆနာလို႔ ကြၽန္ေတာ္မထင္ပါဘူး။
သူနဲ႔မေန႔တုန္းကစကားေျပာျဖစ္ေတာ့လည္း ဒီအေၾကာင္းကိုသူ မေျပာခဲ့ပါဘူး။
ဒါေပမယ့္အခုခ်ိန္က ေဈးကြက္ပိတ္ခ်ိန္ပါ။ သူေရာ သူ႔ေအးဂ်င့္နဲ႔
သူ႔မိသားစုတို႔က ေႏြရာသီတစ္ခ်ိန္မွာဒီကေနထြက္မွျဖစ္မယ္လို႔ ယူဆၾကရင္ ထြက္ေပါ့ဗ်ာ။
ဒါေပမယ့္ေႏြရာသီေရာက္မွေနာ္။ ဒီကိစၥက စပါးနဲ႔ပြဲဒါမွမဟုတ္
လာမယ့္ပြဲေတြနဲ႔ ဘာမွမသက္ဆိုင္ပါဘူး” လို႔ေျပာသြားပါတယ္။
ၿပီးခဲ့တဲ့ မန္စီးတီးနဲ႔ရင္ဆိုင္ခဲ့ရတဲ့ မန္ခ်က္စတာဒါဘီပြဲမွာ
ဝါရင့္တိုက္စစ္မႉးေတြျဖစ္တဲ့ စီေရာ္နယ္ဒိုေရာ ကာဗာနီပါ မပါႏိုင္ခဲ့ေပမယ့္
ရက္ရွ္ဖို႔ဒ္ကပြဲထြက္ခြင့္မရခဲ့ဘဲ အရန္အျဖစ္သာရွိေနခဲ့လို႔ကစားသမားက
ဒါကိုအဓိကမေက်မနပ္ျဖစ္ေနတာလို႔လည္း သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။
အသက္ ၂၄ ႏွစ္ရွိတဲ့ ရက္ရွ္ဖို႔ဒ္ဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၁၈ လက်န္ေနေသးၿပီး
သူ႔ကိုကလပ္ဘက္ကေနာက္ထပ္သက္တမ္းတစ္ႏွစ္ထပ္တိုးခြင့္ရွိေနပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က OBE ဘြဲ႕ရရွိခဲ့ေသးတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ကြင္းျပင္ပကိစၥေတြအေပၚသာ
အာ႐ုံစိုက္ေနတယ္လို႔ ေဝဖန္ခံေနရပါတယ္။