





ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအပြီးမှာ
ပေါ်တူဂီကစားသမားတွေဟာ ကွင်းထဲမှာ အောင်ပွဲခံကြပေမယ့်





စီရော်နယ်လ်ဒိုကတော့ အသင်းဖော်တွေနဲ့အတူ အောင်ပွဲမခံဘဲ
ကွင်းထဲကနေ တစ်ယောက်တည်း လမ်းလျှောက်ထွက်သွားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကနေ





ချန်လှပ်ခံခဲ့ရပြီး ဒါက ယူရို-၂၀၀၈ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့
ဆွစ်ဇာလန်နဲ့ပွဲနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ





ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်သလို
လက်ရွေးစင်အသင်းအတွက် (၃၁)ပွဲဆက်ပါဝင်ကစားခွင့်ရခဲ့တဲ့
မှတ်တမ်းကလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။ အခုပွဲမှာ စီရော်နယ်လ်ဒို





ပွဲထွက်မကစားပေမယ့် ပေါ်တူဂီအသင်းဟာ လူငယ်တိုက်စစ်မှူး
ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့အတူ ဆွစ်ဇာလန်ကို (၆-၁)ဂိုးနဲ့





ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ပွဲချိန်(၇၃)မိနစ်မှာ
ယာအိုဖိလစ်အစား လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်တာကြောင့်
ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲတွေမှာ ဂိုးပေါက်ပျောက်နေတဲ့ မှတ်တမ်းဆိုး





ဆက်လက် ပိုင်ဆိုင်ထားဆဲပါပဲ။ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား
သမိုင်းတစ်လျှောက် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂိုးအပြတ်ဆုံးနိုင်ပွဲ





ရယူနိုင်ခဲ့တာဖြစ်သလို ၂၀၀၆ နောက်ပိုင်း ပထမဆုံးအကြိမ်
ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရရှိသွားတာကြောင့် ပွဲအပြီးမှာ
ပေါ်တူဂီကစားသမားတွေက ပရိသတ်တွေကို လက်ခုပ်တီး





ဂုဏ်ပြုပြီးတော့ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း စီရော်နယ်လ်ဒိုဟာ အသင်းဖော်တွေနဲ့အတူ





အောင်ပွဲမခံဘဲ မျက်နှာမသာမယာနဲ့ ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။
zawgyi





အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံရမယ့္အစား ကြင္းထဲက ထြက္သြားခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္ဒို
ဆြစ္ဇာလန္ကို အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအၿပီးမွာ





ေပၚတူဂီကစားသမားေတြဟာ ကြင္းထဲမွာ ေအာင္ပြဲခံၾကေပမယ့္
စီေရာ္နယ္လ္ဒိုကေတာ့ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲမခံဘဲ
ကြင္းထဲကေန တစ္ေယာက္တည္း လမ္းေလွ်ာက္ထြက္သြားခဲ့ပါတယ္။





စီေရာ္နယ္လ္ဒိုဟာ ဆြစ္ဇာလန္နဲ႔ပြဲအတြက္ ပြဲထြက္လူစာရင္းကေန
ခ်န္လွပ္ခံခဲ့ရၿပီး ဒါက ယူ႐ို-၂၀၀၈ အုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့





ဆြစ္ဇာလန္နဲ႔ပြဲေနာက္ပိုင္း အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ
ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္သလို
လက္ေ႐ြးစင္အသင္းအတြက္ (၃၁)ပြဲဆက္ပါဝင္ကစားခြင့္ရခဲ့တဲ့





မွတ္တမ္းကလည္း အဆုံးသတ္သြားၿပီျဖစ္ပါတယ္။ အခုပြဲမွာ စီေရာ္နယ္လ္ဒို
ပြဲထြက္မကစားေပမယ့္ ေပၚတူဂီအသင္းဟာ လူငယ္တိုက္စစ္မႉး





ဂြန္ကာလိုရာမို႔စ္ရဲ႕ ဟက္ထရစ္နဲ႔အတူ ဆြစ္ဇာလန္ကို (၆-၁)ဂိုးနဲ႔
ဂိုးျပတ္အႏိုင္ယူခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ပြဲခ်ိန္(၇၃)မိနစ္မွာ
ယာအိုဖိလစ္အစား လူစားဝင္ကစားခြင့္ရခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္တာေၾကာင့္





ကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲေတြမွာ ဂိုးေပါက္ေပ်ာက္ေနတဲ့ မွတ္တမ္းဆိုး
ဆက္လက္ ပိုင္ဆိုင္ထားဆဲပါပဲ။ ေပၚတူဂီအသင္းဟာ ကမာၻ႔ဖလား





သမိုင္းတစ္ေလွ်ာက္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဂိုးအျပတ္ဆုံးႏိုင္ပြဲ
ရယူႏိုင္ခဲ့တာျဖစ္သလို ၂၀၀၆ ေနာက္ပိုင္း ပထမဆုံးအႀကိမ္
ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ရရွိသြားတာေၾကာင့္ ပြဲအၿပီးမွာ





ေပၚတူဂီကစားသမားေတြက ပရိသတ္ေတြကို လက္ခုပ္တီး
ဂုဏ္ျပဳၿပီးေတာ့ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။





ဒါေပမဲ့လည္း စီေရာ္နယ္လ္ဒိုဟာ အသင္းေဖာ္ေတြနဲ႔အတူ
ေအာင္ပြဲမခံဘဲ မ်က္ႏွာမသာမယာနဲ႔ ကြင္းထဲကေန ထြက္သြားခဲ့ပါတယ္။