
ယူနိုက်တက်အသင်းရဲ့ နောက်ခံလူအဲရစ်ဘိုင်လီဟာ
စီးရီးအေကလပ်အေစီမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့
နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ ဒီမာဇီယိုက ပြောဆိုလိုက်ပါတယ်။
အိုင်ဗရီကို့စ်နောက်ခံလူဟာ ပြောင်းရွှေ့ဖို့အတွက် ကနဦးသဘောတူညီမှုရရှိထားပြီး
အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းနေတယ်လို့လည်း ဆိုပါတယ်။
အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ခံစစ်မှူး ဘိုင်လီဟာ
၂၀၁၆ခုနှစ်မှာ စပိန်လာလီဂါ ကလပ် ဗီလာရီးရဲလ်အသင်း ကနေ
ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့
ပြောင်းရွှေ့လာသူ တစ်ဦး ဖြစ်သလို မကြာသေးမီကမှ အသင်းနဲ့
၂၀၂၅ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ခံစစ်မှာ ပုံမှန်ကစားခွင့်ရှားပါးနေတဲ့ ဘိုင်လီဟာ
လင်ဒီလော့ဖ်၊ ဗာရန်း၊ မက်ဂွိုင်းယားတို့နောက်မှာသာ
ဦးစားပေးခံနေရတာဖြစ်ပါတယ်။
ဘိုင်လီဟာ နောက်ဆုံး ၃ ရာသီအတွင်း ယူနိုက်တက်အတွက်
ပရီးမီးယားလိဂ်ပွဲ ၂၀ သာ ကစားပေးခဲ့ရပြီး ဒဏ်ရာပြဿနာတွေ၊
ခြေစွမ်းကျဆင်းမှုတွေနဲ့ ရုန်းကန်ခဲ့ရပြီး အခက်တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းက အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ
ကျန်နေသေးတဲ့ အဲရစ် ဘိုင်လီအတွက် ပြောင်းရွှေ့ကြေး
ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း အသင်းနဲ့ နီးစပ်သူတွေက
ထုတ်ဖော် ပြောကြားထားကြပြီး အကယ်၍ အေစီမီလန်နဲ့
ယူနိုက်တက်တို့ ကြားမှာသာ ပြောင်းရွှေ့ကြေး အတွက်
သဘောတူညီမှု ရရှိခဲ့ပါက ဘိုင်လီဟာ အာဖရိကဖလားပြိုင်ပွဲ ပြီးဆုံးတာနဲ့
အီတလီနိုင်ငံဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။
zawgyi
အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၃ႏွစ္ အထိ က်န္ေနေသးေပမယ့္ ေအစီမီလန္ဆီ ေျပာင္းေ႐ႊ႕ေတာ့မယ့္ ဘိုင္လီ
ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူအဲရစ္ဘိုင္လီဟာ
စီးရီးေအကလပ္ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔
နာမည္ေက်ာ္သတင္းေထာက္တစ္ဦးျဖစ္တဲ့ ဒီမာဇီယိုက ေျပာဆိုလိုက္ပါတယ္။
အိုင္ဗရီကို႔စ္ေနာက္ခံလူဟာ ေျပာင္းေ႐ႊ႕ဖို႔အတြက္ ကနဦးသေဘာတူညီမႈရရွိထားၿပီး
အေသးစိတ္အခ်က္အလက္ေတြကို ညႇိႏႈိင္းေနတယ္လို႔လည္း ဆိုပါတယ္။
အသက္ ၂၇ႏွစ္ အ႐ြယ္ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ ခံစစ္မႉး ဘိုင္လီဟာ
၂၀၁၆ခုႏွစ္မွာ စပိန္လာလီဂါ ကလပ္ ဗီလာရီးရဲလ္အသင္း ကေန
ယူႏိုက္တက္ အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၈သန္းနဲ႔
ေျပာင္းေ႐ႊ႕လာသူ တစ္ဦး ျဖစ္သလို မၾကာေသးမီကမွ အသင္းနဲ႔
၂၀၂၅ခုႏွစ္ အထိ သက္တမ္းရွိမယ့္ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုထားသူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္ခံစစ္မွာ ပုံမွန္ကစားခြင့္ရွားပါးေနတဲ့ ဘိုင္လီဟာ
လင္ဒီေလာ့ဖ္၊ ဗာရန္း၊ မက္ဂြိဳင္းယားတို႔ေနာက္မွာသာ
ဦးစားေပးခံေနရတာျဖစ္ပါတယ္။
ဘိုင္လီဟာ ေနာက္ဆုံး ၃ ရာသီအတြင္း ယူႏိုက္တက္အတြက္
ပရီးမီးယားလိဂ္ပြဲ ၂၀ သာ ကစားေပးခဲ့ရၿပီး ဒဏ္ရာျပႆနာေတြ၊
ေျခစြမ္းက်ဆင္းမႈေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး အခက္ေတြ႕ခဲ့ရပါတယ္။
ယူႏိုက္တက္အသင္းက အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၃ႏွစ္ အထိ
က်န္ေနေသးတဲ့ အဲရစ္ ဘိုင္လီအတြက္ ေျပာင္းေ႐ႊ႕ေၾကး
ယူ႐ို ၂၀သန္း ဝန္းက်င္ လိုခ်င္ေနေၾကာင္း အသင္းနဲ႔ နီးစပ္သူေတြက
ထုတ္ေဖာ္ ေျပာၾကားထားၾကၿပီး အကယ္၍ ေအစီမီလန္နဲ႔
ယူႏိုက္တက္တို႔ ၾကားမွာသာ ေျပာင္းေ႐ႊ႕ေၾကး အတြက္
သေဘာတူညီမႈ ရရွိခဲ့ပါက ဘိုင္လီဟာ အာဖရိကဖလားၿပိဳင္ပြဲ ၿပီးဆုံးတာနဲ႔
အီတလီႏိုင္ငံဆီ သြားေရာက္ကာ ေဆးစစ္မႈေတြ လုပ္ေဆာင္ဖို႔ ရွိပါတယ္။