
ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်က သူတို့ဟာ ယူရိုပါလိဂ်မှာ
ဘာစီလိုနာတို့လိုအသင်းတွေကို ကြောက်မှာ မဟုတ်ကြောင်း
အခိုင်အမာပြောကြားလိုက်ပါတယ်။
ဝက်စ်ဟမ်းဟာ မကြာသေးခင်ကပဲ လက်ရှိဥရောပချန်ပီယံဖြစ်တဲ့
ချဲလ်ဆီးကို အနိုင်ရထားတာပါ။
အုပ်စုနောက်ဆုံးပွဲစဉ်မရောက်ခင်မှာပဲ အုပ်စုပထမအနေနဲ့ ၁၆ သင်းအဆင့်ကို
တိုက်ရိုက်တက်ရောက်ထားနိုင်ခဲ့လို့ သူတို့ဟာ ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ
လူငယ်အများစုကိုသာ အသုံးပြုခဲ့ပါတယ်။
အကယ်ဒမီထွက်ကစားသမား ၅ ယောက်ကို ပွဲထွက်သုံးခဲ့ပြီး
နောက်ထပ် အကယ်ဒမီထွက်နှစ်ယောက် လူစားဝင်ကစားစေခဲ့လို့
ဝက်စ်ဟမ်းဟာ အဲဒီပွဲမှာ ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီစကော့တလန်သားက ပြိုင်ပွဲပြန်စမယ့် မတ်လရောက်ရင်
သူ့အသင်းဟာ အင်ပြည့်အားပြည့်ရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ဥရောပအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ပေါ်တိုနဲ့ဆီဗီလာတို့ဟာ
ရှုံးထွက်အဆင့်မှာ ဝက်စ်ဟမ်းရင်ဆိုင်ရနိုင်တဲ့ပြိုင်ဘက်တွေဖြစ်ပေမယ့်
အသင်းတော်တော်များများက သူတို့ကို ရင်ဆိုင်ဖို့
စိုးရိမ်ကြမှာလို့ အခိုင်အမာဆိုခဲ့ပါတယ်။
”ကျွန်တော်တို့ဟာ အသင်းကြီးတော်တေ်များများနဲ့ ကစားရဖို့ ရှိပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့ဟာ အသင်းကြီးတစ်သင်းလို့ ထင်ပါတယ်။
အသင်းတော်တော်များများကလည်း ကျွန်တော်တို့နဲ့ကစားရမှာကို စိုးရိမ်ကြမှာပါ။
အဲဒီပွဲတွေရောက်လာရင် ကျွန်တော်တို့ ပုံစံကောင်းရှိနေမယ်လို့ မျှော်လင့်ပါတယ်။
နာမည်တွေကြည့်လိုက်တဲ့ တကယ်ခက်ခဲမယ့်ပုံပါ။ ဒါပေမဲ့ ကျွန်တော်တို့က
မကြာသေးခင်ရက်သတ္တပတ်တွေမှာ ချန်ပီယံလိဂ်ုဗိုလ်စွဲထားတဲ့အသင်းတွေကို
ကောင်းကောင်းကန်နိုင်ခဲ့လို့ သူတို့ကိုလည်း ကောင်းကောင်းကစားနိုင်မယ်
ထင်ပါတယ်”လို့ မိုယက်စ်က ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအပြင်
၂၀၁၉ ဥရောပချန်ပီယံလီဗာပူးကိုလည်း နိုင်ထားတာပါ။
zawgyi
အသင်းတော်တော်များများက သူတို့ကို ရင်ဆိုင်ဖို့ စိုးရိမ်ကြမှာပါလို့ မိုယက်စ် ပြောကြား
”ကျွန်တော်တို့ဟာ အသင်းကြီးတော်တ်ေများများနဲ့ ကစားရဖို့ ရှိပါတယ်။