
ရော်နယ်ဒို ဟာ ဒဏ်ရာ အသေးစား ရှိနေတာကြောင့် ဗီလာ ကို
အနိုင် ကစားခဲ့တဲ့ FA Cup ပွဲစဉ်မှာ မပါဝင် ခဲ့ရ ပါဘူး ။
ဒါပေမယ့် ဒီရာသီမှာ ယူနိုက်တက် အတွက် ဂိုးအများဆုံး
သွင်းယူ ပေးထားတဲ့ တိုက်စစ်မှူးကြီး ဟာ ဗီလာပါ့ခ် မှာ ကစားမယ့်
ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ယူနိုက်တက် နဲ့
ပြန်လည် ပါဝင် လာနိုင်ဖို့ အလားအလာ တွေ ရှိနေခဲ့ ပါတယ် ။
ရော်နယ်ဒို ကတချို့ ဂျူနီယာ ကစားသမားတွေရဲ့ အကြောင်းကို
အခုလိုပဲ ပြောထားပါတယ်။
“ယူနိုက်တက်ဆိုတာ အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံ ဒါမှမဟုတ်
(2)တို့ (3)တို့မှာပဲ အဆုံးသတ်သင့်ပါတယ်။
ယူနိုက်တက်အတွက် တခြားနေရာရှိသင့်တယ်လို့လည်း ကျွန်တော်မမြင်မိပါဘူး။
ကျွန်တော့်မျက်စိထဲမှာ လော လောဆယ် ယူနိုက်တက်ကစားသမားတွေရဲ့
စိတ်ဓာတ်ကို လက်ခံနိုင်စရာအကြောင်းမရှိဘူး။
ကျွန်တော့်ထင်မြင်ယူဆချက်မှာ အဆင့်(3)အောက်လျော့တဲ့အဆင့်မျိုးမှာ
ယူနိုက်တက်ရှိသင့်တယ်လို့လည်း မထင်မြင်ဘူး။”
“တိုးတက်ဖို့ အပြောင်းအလဲလုပ်တဲ့အခါ ကျွန်တော်တို့ ဘက်က
လိုလိုလားလားနဲ့ လုပ်လို ကိုင်လိုစိတ်ရှိရမယ်။
တခြားသော အသေးစိတ်ကို ကျွန်တော်မပြောလိုပါဘူး။
ဘာလို့လဲဆို ကျွန်တော်က ကစားသမားတစ်ဦးပါ။
နည်းပြလည်းမဟုတ်သလို အသင်းဥက္ကဌလည်းမဟုတ် နေပါဘူး။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ နာမည်တပ်ပြောမှာတော့မဟုတ်ဘူး။
ဘာလို့လဲဆိုရင် နာမည်အတိ အကျနဲ့ဝေဖန်ပြောဆိုတာ ကျင့်ဝတ်ရှိတယ်လို့
ကျွန်တော့် ဘက်က မယူဆထားလို့ပဲ။”
“ကျွန်တော့်အသက်(18)နှစ်အရွယ်မှာ ယူနိုက်တက်ကို ရောက်ရှိပါတယ်။
သိတဲ့အတိုင်းပဲ အကောင်းဆုံးကစားနိုင်ဖို့ရုန်းကန်ရတာပေါ့။
စီနီယာကစားသမားတွေက ကျွန်တော့်ကို ဝေဖန်တာ၊
အကြံပေးတာတို့တွေ လုပ်ကြပါတယ်။
ဘာလို့လဲဆို သူတို့ကခက်ခဲတဲ့အခြေအနေကို ကျော်လာခဲ့တဲ့သူတွေမို့လို့ပဲ။
ကျွန်တော်ကတော့ သူတို့ ပြောသမျှကို ကျွန်တော့်အတွက် ကောင်းစေချင်တယ်လို့ခံယူ ပြီး
အကုန်သင်ယူလေ့လာပါတယ်။
အခုခေတ်ကစားသမားတွေက ဒါမျိုးခံယူချက်တွေမရှိကြဘူး။
အကြံပေးစကားပြောရရင်တောင် ဝေဖန်တယ်လို့ပဲ သူတို့ကထင်ကြတယ်။
ဒါမျိုးထင်ရင်တောင် အသင်းတိုးတက်ဖို့လိုတာကြောင့်
စီနီယာတွေက လိုအပ်လာရင်ပြောရမှာပဲ။”ဆိုပြီး ရော်နယ်ဒို ကပြောဆိုပါတယ်။
zawgyi
အသင္းတိုးတက္ဖို႔လိုတာေၾကာင့္ စီနီယာေတြက လိုအပ္လာရင္ေျပာရမွာပဲလို႔ ေရာ္နယ္ဒို ေျပာဆို
ေရာ္နယ္ဒို ဟာ ဒဏ္ရာ အေသးစား ရွိေနတာေၾကာင့္ ဗီလာ ကို
အႏိုင္ ကစားခဲ့တဲ့ FA Cup ပြဲစဥ္မွာ မပါဝင္ ခဲ့ရ ပါဘူး ။
ဒါေပမယ့္ ဒီရာသီမွာ ယူႏိုက္တက္ အတြက္ ဂိုးအမ်ားဆုံး
သြင္းယူ ေပးထားတဲ့ တိုက္စစ္မႉးႀကီး ဟာ ဗီလာပါ့ခ္ မွာ ကစားမယ့္
ပရီးမီးယားလိဂ္ ပြဲစဥ္ မွာေတာ့ ယူႏိုက္တက္ နဲ႔
ျပန္လည္ ပါဝင္ လာႏိုင္ဖို႔ အလားအလာ ေတြ ရွိေနခဲ့ ပါတယ္ ။
ေရာ္နယ္ဒို ကတခ်ိဳ႕ ဂ်ဴနီယာ ကစားသမားေတြရဲ႕ အေၾကာင္းကို
အခုလိုပဲ ေျပာထားပါတယ္။
“ယူႏိုက္တက္ဆိုတာ အမွတ္ေပးၿပိဳင္ပြဲမွာ ခ်န္ပီယံ ဒါမွမဟုတ္
(2)တို႔ (3)တို႔မွာပဲ အဆုံးသတ္သင့္ပါတယ္။
ယူႏိုက္တက္အတြက္ တျခားေနရာရွိသင့္တယ္လို႔လည္း ကြၽန္ေတာ္မျမင္မိပါဘူး။
ကြၽန္ေတာ့္မ်က္စိထဲမွာ ေလာ ေလာဆယ္ ယူႏိုက္တက္ကစားသမားေတြရဲ႕
စိတ္ဓာတ္ကို လက္ခံႏိုင္စရာအေၾကာင္းမရွိဘူး။
ကြၽန္ေတာ့္ထင္ျမင္ယူဆခ်က္မွာ အဆင့္(3)ေအာက္ေလ်ာ့တဲ့အဆင့္မ်ိဳးမွာ
ယူႏိုက္တက္ရွိသင့္တယ္လို႔လည္း မထင္ျမင္ဘူး။”
“တိုးတက္ဖို႔ အေျပာင္းအလဲလုပ္တဲ့အခါ ကြၽန္ေတာ္တို႔ ဘက္က
လိုလိုလားလားနဲ႔ လုပ္လို ကိုင္လိုစိတ္ရွိရမယ္။
တျခားေသာ အေသးစိတ္ကို ကြၽန္ေတာ္မေျပာလိုပါဘူး။
ဘာလို႔လဲဆို ကြၽန္ေတာ္က ကစားသမားတစ္ဦးပါ။
နည္းျပလည္းမဟုတ္သလို အသင္းဥကၠဌလည္းမဟုတ္ ေနပါဘူး။
ဒီေနရာမွာ ကြၽန္ေတာ့္အေနနဲ႔ နာမည္တပ္ေျပာမွာေတာ့မဟုတ္ဘူး။
ဘာလို႔လဲဆိုရင္ နာမည္အတိ အက်နဲ႔ေဝဖန္ေျပာဆိုတာ က်င့္ဝတ္ရွိတယ္လို႔
ကြၽန္ေတာ့္ ဘက္က မယူဆထားလို႔ပဲ။”
“ကြၽန္ေတာ့္အသက္(18)ႏွစ္အ႐ြယ္မွာ ယူႏိုက္တက္ကို ေရာက္ရွိပါတယ္။
သိတဲ့အတိုင္းပဲ အေကာင္းဆုံးကစားႏိုင္ဖို႔႐ုန္းကန္ရတာေပါ့။
စီနီယာကစားသမားေတြက ကြၽန္ေတာ့္ကို ေဝဖန္တာ၊
အႀကံေပးတာတို႔ေတြ လုပ္ၾကပါတယ္။
ဘာလို႔လဲဆို သူတို႔ကခက္ခဲတဲ့အေျခအေနကို ေက်ာ္လာခဲ့တဲ့သူေတြမို႔လို႔ပဲ။
ကြၽန္ေတာ္ကေတာ့ သူတို႔ ေျပာသမွ်ကို ကြၽန္ေတာ့္အတြက္ ေကာင္းေစခ်င္တယ္လို႔ခံယူ ၿပီး
အကုန္သင္ယူေလ့လာပါတယ္။
အခုေခတ္ကစားသမားေတြက ဒါမ်ိဳးခံယူခ်က္ေတြမရွိၾကဘူး။
အႀကံေပးစကားေျပာရရင္ေတာင္ ေဝဖန္တယ္လို႔ပဲ သူတို႔ကထင္ၾကတယ္။
ဒါမ်ိဳးထင္ရင္ေတာင္ အသင္းတိုးတက္ဖို႔လိုတာေၾကာင့္
စီနီယာေတြက လိုအပ္လာရင္ေျပာရမွာပဲ။”ဆိုၿပီး ေရာ္နယ္ဒို ကေျပာဆိုပါတယ္။