
စပါးနည်းပြသစ်ကွန်တီကတော့ အသင်းကို တာဝန်ယူပြီးမကြာခင်မှာပဲ




စပါးအသင်းရဲ့ စားသောက်ခန်းကို ဝင်ရောက်ကြည့်ရူ့ခဲ့ပြီး ကစားသမားတွေကို
ကျွေးမွေးတဲ့ စားသောက်စရာအချို့ကို ပိတ်ပင်လိူက်ပါတယ်။




ကွန်တီပိတ်ပင်လိုက်တဲ့ စားသောက်စရာတွေက အချဥ်၊ မရိုးနိစ်၊ ဆွင်းဒစ်ချ်၊
ထောပတ်၊ အမြှပ်ထနေတဲ့ အချိုရည် အစရှိတာတွေဖြစ်ပြီး
အခုလို ပိတ်ပင်ရခြင်းဟာ ကွင်းအတွင်းမှာ စွမ်းဆောင်ရည်ကောင်းဖို့နဲ့




ဘက်ပေါင်းစုံက ကောင်းမွန်နေဖို့ဖြစ်တယ်လို့လည်း တနင်္ဂနွေနေ့မှာ
ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲမတိုင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ




ကွန်တီက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အသင့်စားအစားအစာတွေ၊ အာလူးကြော်လို ဆီနဲ့ကြော်ထားတဲ့




ကြွပ်ရွနေတဲ့ အကြော်မုန့်တွေ၊ အမြှပ်ထနေတဲ့ အချိုရည်တွေဟာ
ကစားသမားတွေရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုတိုးစေတယ်လို့




နည်းပြတိုင်းက ယုံကြည်မှုရှိကြပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက်
ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြသလို
သီးသန့်စားဖိုမှူးထားပြီး ကျွေးမွေးလေ့လည်း ရှိပါတယ်။




မကြာသေးခင်ကမှ နူနိုဆန်တိုရဲ့နေရာမှာ စပါးနည်းပြသစ်အဖြစ်
တာဝန်ယူခဲ့တဲ့ ကွန်တီကလည်း သူ့ကိုယ်ပိုင်နည်းလမ်းနဲ့




ကစားသမားတွေရဲ့ စားသောက်မှုပုံစံကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြတစ်ဦးနဲ့တစ်ဦး အယူအဆ ကွဲပြားမှု့တွေလည်း ရှိနေပါတယ်။




လက်ရှိ ဝက်ဖို့ဒ်နည်းပြဖြစ်နေတဲ့ လက်စတာနည်းပြဟောင်း
ရေနီယာရီဟာ သူ့ကစားသမားတွေ ပေးဂိုးမရှိပွဲရရင် ပီဇာ ဝယ်ကျွေးမယ်လို့




ပြောခဲ့ဖူးသူပါ။ ဒါပေမယ့် မန်စီးနီးနည်းပြ ဂွါဒီယိုလာကတော့
အီတလီမုန့် ပီဇာဟာ ကိုယ်အလေးချိန်တက်စေလို့
သူ့ကစားသမားတွေစားသောက်ခြင်းကို ပိတ်ပင်ထားပါတယ်။




ဒေးဗစ်မိုယက်စ်ကလည်း မန်ယူကို တာဝန်ယူခဲ့စဥ် ကစားသမားတွေ
အကြော်မုန့်စားခြင်းကို တားမြစ်ခဲ့ဖူးပါတယ်။




အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကလည်း ကစားသမားတွေ
ချောကလက်စားတာကို တားမြစ်ခဲ့သူဖြစ်ပြီး ကာပယ်လိုကလည်း
အင်္ဂလန်ကို တာဝန်ယူခဲ့စဥ္ ကစားသမားတွေ အချဥ်ရည်၊




ထောပတ်စားသုံးခြင်းမှ ပိတ်ပင်ခဲ့သူ ဖြစ်ပါတယ်။