
မန်ယူအသင်းဟာ လက်ရှိမှာ ခြေစွမ်းအရ ရုန်းကန်နေရပေမယ့်
တိုက်စစ်မှုးစီရော်နယ်ဒိုကတော့ နည်းပြရန်းနစ်ကို
ထောက်ခံအားပေးလိုက်ပါတယ်။
ဒါပေမဲ့ အသင်းရဲ့ခြေစွမ်းတိုးတက်ဖို့အတွက်တော့ အဲဒီဂျာမန်သားမှာ
အချိန်လိုအပ်တယ်လို့ စီရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားကို ထုတ်ပယ်အပြီးမှာ ရန်းနစ်ဟာ မန်ယူယာယီနည်းပြအဖြစ်
ရာသီကုန်အထိ ခန့်အပ်ခံခဲ့ရတာပါ။
ဒါပေမဲ့လည်း မန်ယူကစားသမားတွေဟာ
သူလိုချင်တဲ့ပုံစံအတိုင်းကစားနိုင်ဖို့ ရုန်းကန်နေရပြီး
အဲဒီအတွက်လည်း ၆၃ နှစ်အရွယ် ရန်းနစ်ဟာ
မီဒီယာတွေဆီကနေ ဝေဖန်မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။
”သူရောက်လာပြီးကတည်းက အတော်များများကို ပြောင်းလဲခဲ့တာပါ။
ဒါပေမဲ့ ကစားသမားတွေဆီကို သူ့အိုင်ဒီယာတွေရောက်ဖို့က အချိန်လိုအပ်ပါတယ်။
သူကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်တို့အကောင်းဆုံးမကစားနိုင်ပေမယ့်
တိုးတက်ဖို့ ပွဲတွေအများကြီးရှိနေတာပါ။
သူရောက်လာပြီးကတည်းက တချို့နေရာတွေမှာ
ကျွန်တော်တို့ပိုကောင်းလာတယ်လို့ ထင်ပါတယ်။
ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကစားပုံကို
ချင်ချင်းပြောင်းဖို့က မလွယ်ကူပါဘူး”လို့
စီရော်နယ်ဒိုက Sky Sports ရုပ်သံကို ပြောခဲ့တာပါ။
ယူနိုက်တက်ဟာ ရန်းနစ်လက်ထက် ပထမဆုံးရှုံးနိမ့်မှုအဖြစ်
ပြီးခဲ့တဲ့အပတ်က ဝုဗ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီး ရာသီဝက်
အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်နေတာပါ။
ဒါကြောင့်လည်း စီရော်နယ်ဒိုက ထိပ်ဆုံး ၃ နေရာကို
မမျှော်မှန်းနိုင်ရင် လက်ခံနိုင်စရာမဟုတ်ဘဲ အဆင့် ၇ နေရာအတွက်
အသင်းကို သူရောက်နေတာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
မန်ယူဟာ လာမယ့်စနေမှာ အက်ဖ်အေဖလားတုန်းက
သူတို့ကျော်ဖြတ်ခဲ့တဲ့ ဗီလာကို ရင်ဆိုင်ရဦးမှာပါ။