အသင်းခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားရဲ့နေရာမှာ အစားဝင်ဖို့ ရေပန်းစားနေတဲ့ ကြယ်ပွင့်

ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားဟာ

ရာသီသစ်မတိုင်မှာပဲ သူ့ရဲ့အသင်းခေါင်းဆောင်ရာထူး
ဆုံးရှုံးရဖွယ်ရှိနေပြီး အများစုမျှော်လင့်ထားတဲ့
တိုက်စစ်မှူး ရော်နယ်ဒို အသင်းခေါင်းဆောင်သစ်
ဖြစ်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားကို

နည်းပြဟောင်း ဆိုးလ်ရှားက
၂၀၂၀ ဇန်နဝါရီမှာ အသင်းခေါင်းဆောင်အဖြစ်
ခန့်အပ်လိုက်ပြီးနောက် အသင်းအပေါ်
သူ့ရဲ့ထိန်းနိုင်စွမ်းအပေါ် မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်ကနေ

ရော်နယ်ဒို ပြန်ရောက်လာပြီးနောက်
အသင်းရဲ့အဝတ်လဲခန်းအတွင်း
ပါဝါလွန်ဆွဲမှုတွေ ထွက်ပေါ်လာတယ်လို့
သတင်းတွေ ထွက်ပေါ်ခဲ့ပြီး
မက်ဂွိုင်းယားရဲ့အသင်းခေါင်းဆောင်ရာထူးကလည်း

ပိုမိုမသေမချာဖြစ်လာခဲ့ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ
ယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ
အသင်းခေါင်းဆောင်အဖြစ် ဘယ်သူ့ကို
ခန့်အပ်မလဲဆိုတာ နီးစပ်သူတွေကို

ပြောထားတယ်လို့ သိရပါတယ်။
The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ
တန်ဟတ်ဟာ အသင်းခေါင်းဆောင်အဖြစ်
ရော်နယ်ဒိုကို ခန့်အပ်မှာမဟုတ်ဘဲ
ရော်နယ်ဒိုအစား ဂိုးသမား

ဒဟေးယားကိုသာ ခန့်အပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင်ရာထူးအတွက်
လျာထားစာရင်းမှာ သေချာပေါက်
ပါဝင်ပေမယ့် ဒဟေးယားက
အဝတ်လဲခန်းအတွင်း အသင်းဖော်တွေအပေါ်

ဦးဆောင်နိုင်ရာမှာ ပိုမိုအရေးပါတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဒဟေးယားဟာ
ယခုရာသီအတွင်း အထူးလက်စွမ်းပြနိုင်ခဲ့ပြီးနောက်
အသင်းဖော်တွေရဲ့ လေးစားမှု အပြည့်ရထားပြီး
အသင်းဖော်တွေက ရွေးချယ်ချီးမြှင့်တဲ့

တစ်နှစ်တာအကောင်းဆုံး ယူနိုက်တက်ကစားသမားဆုကို
ကစားသမားဘဝတစ်လျှောက်
၄ကြိမ်မြောက် ရရှိထားပါတယ်။
ဂိုးသမားက အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး
ကစားသမားဆု ရတယ်ဆိုတာ ကြည့်ရင်

ဒဟေးယားရဲ့စွမ်းဆောင်ရည် ဘယ်လောက်
မြင့်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Zawgyi

အသင္းေခါင္းေဆာင္အျဖစ္ မက္ဂြိဳင္းယားရဲ႕ေနရာမွာ အစား၀င္ဖို႔ ေရပန္းစားေနတဲ့ ၾကယ္ပြင့္
ယူႏိုက္တက္ေနာက္ခံလူ မက္ဂြိဳင္းယားဟာ
ရာသီသစ္မတိုင္မွာပဲ သူ႕ရဲ႕အသင္းေခါင္းေဆာင္ရာထူး
ဆုံးရံႈးရဖြယ္ရွိေနၿပီး အမ်ားစုေမွ်ာ္လင့္ထားတဲ့
တိုက္စစ္မွဴး ေရာ္နယ္ဒို အသင္းေခါင္းေဆာင္သစ္

ျဖစ္လာမွာမဟုတ္ဘူးလို႔ သိရပါတယ္။
အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားကို
နည္းျပေဟာင္း ဆိုးလ္ရွားက
၂၀၂၀ ဇန္နဝါရီမွာ အသင္းေခါင္းေဆာင္အျဖစ္
ခန္႔အပ္လိုက္ၿပီးေနာက္ အသင္းအေပၚ

သူ႕ရဲ႕ထိန္းႏိုင္စြမ္းအေပၚ ေမးခြန္းေတြ ထြက္ေပၚလာပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္စ္ကေန
ေရာ္နယ္ဒို ျပန္ေရာက္လာၿပီးေနာက္
အသင္းရဲ႕အ၀တ္လဲခန္းအတြင္း
ပါဝါလြန္ဆြဲမႈေတြ ထြက္ေပၚလာတယ္လို႔

သတင္းေတြ ထြက္ေပၚခဲ့ၿပီး
မက္ဂြိဳင္းယားရဲ႕အသင္းေခါင္းေဆာင္ရာထူးကလည္း
ပိုမိုမေသမခ်ာျဖစ္လာခဲ့ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ယူႏိုက္တက္နည္းျပသစ္ တန္ဟတ္ဟာ

အသင္းေခါင္းေဆာင္အျဖစ္ ဘယ္သူ႕ကို
ခန္႔အပ္မလဲဆိုတာ နီးစပ္သူေတြကို
ေျပာထားတယ္လို႔ သိရပါတယ္။
The Sun သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
တန္ဟတ္ဟာ အသင္းေခါင္းေဆာင္အျဖစ္

ေရာ္နယ္ဒိုကို ခန္႔အပ္မွာမဟုတ္ဘဲ
ေရာ္နယ္ဒိုအစား ဂိုးသမား
ဒေဟးယားကိုသာ ခန္႔အပ္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္။
ေရာ္နယ္ဒိုဟာ အသင္းေခါင္းေဆာင္ရာထူးအတြက္
လ်ာထားစာရင္းမွာ ေသခ်ာေပါက္

ပါ၀င္ေပမယ့္ ဒေဟးယားက
အ၀တ္လဲခန္းအတြင္း အသင္းေဖာ္ေတြအေပၚ
ဦးေဆာင္ႏိုင္ရာမွာ ပိုမိုအေရးပါတယ္လို႔ သိရပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ရွိ ဒေဟးယားဟာ
ယခုရာသီအတြင္း အထူးလက္စြမ္းျပႏိုင္ခဲ့ၿပီးေနာက္

အသင္းေဖာ္ေတြရဲ႕ ေလးစားမႈ အျပည့္ရထားၿပီး
အသင္းေဖာ္ေတြက ေရြးခ်ယ္ခ်ီးျမႇင့္တဲ့
တစ္ႏွစ္တာအေကာင္းဆုံး ယူႏိုက္တက္ကစားသမားဆုကို
ကစားသမားဘ၀တစ္ေလွ်ာက္
၄ႀကိမ္ေျမာက္ ရရွိထားပါတယ္။

ဂိုးသမားက အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံး
ကစားသမားဆု ရတယ္ဆိုတာ ၾကည့္ရင္
ဒေဟးယားရဲ႕စြမ္းေဆာင္ရည္ ဘယ္ေလာက္
ျမင့္လဲဆိုတာ ခန္႔မွန္းႏိုင္ပါတယ္။