အသင်းခေါင်းဆောင်ဟောင်းတွေရဲ့မှတ်ချက်အပေါ်တိုက်ရိုက်တုံ့ပြန်လာတဲ့ မက်တိုမီနေး

ယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးကို

အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ
ဒုတိယပိုင်းအရောက် အရှုံးပေးကစားခဲ့တယ်
ဆိုတဲ့မှတ်ချက်တွေကို ကွင်းလယ်လူ
မက်တိုမီနေးက ပယ်ချသွားပြီး အဲဒီမှတ်ချက်တွေကြောင့်
အလွန်အမင်းစိတ်ပျက်ရတယ်လို့ ဝန်ခံပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမှာ စီးတီးကို
အပြန်အလှန်နီးပါး ယှဉ်ကစားနိုင်ခဲ့ပြီး
၁-၁ ဂိုးအဖြစ် လိုက်ကစားနိုင်ခဲ့သလို
ပထမပိုင်းအပြီးမှာ ၂-၁ ဂိုးနဲ့ပဲ အရေးနိမ့်နေခဲ့တာပါ။

ဒါပေမဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ
ဘယ်လိုမှယှဉ်မကစားနိုင်တော့ဘဲ
မာရက်ဇ်ရဲ့သွင်းဂိုးတွေကို ထပ်မံ

ခွင့်ပြုလိုက်ရလို့ ပွဲအပြီးမှာ ၄-၁ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့
ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့က အသင်းရဲ့ဒုတိယပိုင်း
ခြေစွမ်းအပေါ် ပြင်းထန်စွာဝေဖန်ခဲ့ပြီး
ကစားသသမားတွေအနေနဲ့ ဒုတိယပိုင်းမှာ

ပုဝါဖြူပစ်တင်ကာ အရှုံးပေးကစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။


ဒါပေမဲ့ မက်တိုမီနေးကတော့
”ကွင်းထဲမှာ ကိုယ်တိုင်ကစားခဲ့တဲ့ ကျွန်တော့်ရဲ့

အမြင်အရ ပြောရမယ်ဆိုရင်တော့ အဲဒီလိုမှတ်ချက်မျိုး
ကြားရတာ တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်။
သူတို့(ရွိုင်ကိန်းနဲ့နဗီးလ်)အနေနဲ့ ကိုယ့်အမြင်နဲ့ကိုယ်
ရှိတာမှန်ပေမယ့် ကျွန်တော့်ဘက်ကတော့
ဒီစကားမျိုးကြားရတာ တကယ်စိတ်ပျက်မိပါတယ်”လို့

အသက် ၂၅ နှစ်အရွယ်ရှိ မက်တိုမီနေးက ပြောပါတယ်။