အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမရှိတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲတွေကို

ကြာသပတေးနေ့ညက မဲခွဲဆုံးဖြတ်လိုက်ရာ
အသင်းကြီးတွေအားလုံး အချင်းချင်းရှောင်လွှဲနိုင်ခဲ့ပါတယ်။
ယခင်အဆင့်တွေမှာ ယူနိုက်တက်နဲ့
စပါးတို့ကို အံ့အာသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့တဲ့
ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ

ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးကို ဧည့်ခံရမှာဖြစ်ပြီး
ဆောက်သမ်တန်က ပရီးမီးယားလိဂ်မှာ
ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ မန်စီးတီးကို
စိန့်မေရီကို ဧည့်ခံရမှာဖြစ်သလို လီဗာပူးက
တနင်္လာနေ့မှာကစားမယ့် နော်တင်ဟမ်-ဟက်ဒါဖီးလ်အတွဲက

အနိုင်ရမယ့်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။


ယမန်နေ့ညက non-league ကလပ်
ဘိုရီးဟမ်းအသင်းကို ၂-၀ ဂိုးနဲ့

အနိုင်ရခဲ့တဲ့ အဲဗာတန်က ပရီးမီးယားလိဂ်ပြိုင်ဘက်
ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် မဲနှိုက်
ရွေးချယ်ပေးခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲတွေကို
မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပမှာပါ။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ
ပဲလေ့စ် – အဲဗာတန်
နော်တင်ဟမ်/ဟက်ဒါဖီးလ် – လီဗာပူး
မစ်ဒယ်ဘရော့ – ချဲလ်ဆီး
ဆောက်သမ်တန် – မန်စီးတီး