အသင်းကြီးနဲ့အတူ ပြန်ပြီး လေ့ကျင့်ခွင့်ရတော့မယ့် စီရော်နယ်ဒို

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီကနေ့မှာ နည်းပြတန်ဟတ်အပါအဝင် အသင်းတာဝန်ရှိသူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ပြေလည်မှုရခဲ့မယ်ဆိုရင်တော့ အသင်းကြီးနဲ့အတူ ပြန်ပြီး လေ့ကျင့်ခွင့်ရနိုင်တယ်လို့ The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

ယူနိုက်တက် အသင်းကြီး နဲ့ လေ့ကျင့်ခွင့်မရဘဲ တစ်ယောက်တည်း သီးသန့် လေ့ကျင့်မှုလုပ်နေရတဲ့ စီရော်နယ်ဒိုဟာ ဒီကနေ့မှာ မန်ယူရဲ့ ကာရင်တန်လေ့ကျင့်ကွင်းကို လာရောက်ပြီး နည်းပြတန်ဟတ်ကို မဖြစ်မနေ တောင်းပန်ကစားဆိုရမယ်လို့ သိရပါတယ်။

နောက်ပြီး နည်းပြတန်ဟတ်ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လည်း တစ်ပြားသားမှ မလျော့အောင် အတိအကျ လိုက်နာပေးရမှာဖြစ်ပြီး ပြေလည်မှုရခဲ့မယ်ဆိုရင်တော့ အသင်းကြီးနဲ့အတူ ပြန်ပြီး လေ့ကျင့်ခွင့်ရ တော့မှာဖြစ်သလို ပွဲထွက်အသင်း လူစာရင်းမှာလည်း ပါဝင်လာနိုင်တော့မယ့် အခြေအနေမျိုး ရှိလာနိုင်တယ်လို့ သိရပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ တန် ဟတ်ကို ဆက်ပြီး အာဏာဖီဆန်နေဦးမယ်ဆိုရင်တော့ တစ်ကောင်တည်းပဲ ဆက်ပြီး လေ့ကျင့်နေရဦးမှာ ဖြစ်ပါတယ်။

မန်ယူက စပါးကို ၂-၀ ဂိုးနဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ဖို့အတွက် နည်းပြ တန်ဟတ်က ညွှန်ကြားခဲ့ပေမယ့် စီရော်နယ်ဒိုက ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင်မှာတင် ကွင်းအတွင်းကနေ ထွက်ခွာ သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပေါ်တူဂီသားဟာ ချဲလ်ဆီးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ် ပွဲစဉ်မှာလည်း အသင်းနဲ့အတူ ပါဝင်ခွင့် မရခဲ့ သလို အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်လည်းမရဘဲ တစ်ယောက်တည်း လေ့ကျင့်နေရတာပါ။

နောက်ပြီး သူ့ရဲ့ နှစ်ပတ်စာ လုပ်ခလစာကိုလည်း ဒဏ် ကြေးအဖြစ် ပေးဆောင်ရဖို့ ရှိနေတယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက် အရ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ကစားသမားအားလုံးအတွက် နားရက်ပေးထားခဲ့တာဖြစ်လို့ စီရော်နယ်ဒိုနဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ စကားပြောဆိုဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။

မန်ယူကို ပရီးမီးယားလိဂ်ရဲ့ ဒိတ်ဒိတ်ကြဲ အသင်းအဆင့်ကို ပြန်ရောက်လာအောင် စွမ်းဆောင်နေတဲ့ နည်းပြတန်ဟတ်ကို အသင်းဘုတ်အဖွဲ့ဝင် အကြီးအကဲတွေ အပါအဝင် တာဝန်ရှိ သူအားလုံးက လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပြီး စီရော်နယ်ဒိုရဲ့ ကိစ္စမှာ လည်း အေဂျက်ဇ်နည်းပြဟောင်းဘက်ကနေပြီး ရပ်တည်ခဲ့ကြတယ်လို့ သိရ ပါတယ်။

(Zawgyi)

အသင္းႀကီးနဲ႔အတူ ျပန္ၿပီး ေလ့က်င့္ခြင့္ရေတာ့မယ့္ စီေရာ္နယ္ဒို

မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ဒီကေန႔မွာ နည္းျပတန္ဟတ္အပါအဝင္ အသင္းတာဝန္ရွိသူေတြအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ရွိေနၿပီး ေျပလည္မႈ ရခဲ့မယ္ဆိုရင္ေတာ့ အသင္းႀကီးနဲ႔အတူ ျပန္ၿပီး ေလ့က်င့္ခြင့္ရႏိုင္တယ္လို႔ The Sun သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္ အသင္းႀကီး နဲ႔ ေလ့က်င့္ခြင့္မရဘဲ တစ္ေယာက္တည္း သီးသန႔္ ေလ့က်င့္မႈလုပ္ေနရတဲ့ စီေရာ္နယ္ဒိုဟာ ဒီကေန႔မွာ မန္ယူရဲ႕ ကာရင္တန္ေလ့က်င့္ကြင္းကို လာ ေရာက္ၿပီး နည္းျပတန္ဟတ္ကို မျဖစ္မေန ေတာင္းပန္ကစားဆိုရမယ္လို႔ သိရ ပါတယ္။

ေနာက္ၿပီး နည္းျပတန္ဟတ္ခ်မွတ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လည္း တစ္ျပားသားမွ မေလ်ာ့ေအာင္ အတိအက် လိုက္နာေပးရမွာျဖစ္ၿပီး ေျပလည္မႈရခဲ့မယ္ဆိုရင္ေတာ့ အသင္းႀကီးနဲ႔အတူ ျပန္ၿပီး ေလ့က်င့္ခြင့္ရ ေတာ့မွာျဖစ္သလို ပြဲထြက္အသင္း လူစာရင္းမွာလည္း ပါဝင္လာႏိုင္ေတာ့မယ့္ အေျခအေနမ်ိဳး ရွိလာႏိုင္တယ္လို႔ သိရပါတယ္။

အဲဒီလိုမွ မဟုတ္ဘဲ တန္ ဟတ္ကို ဆက္ၿပီး အာဏာဖီဆန္ေနဦးမယ္ဆိုရင္ေတာ့ တစ္ေကာင္တည္းပဲ ဆက္ၿပီး ေလ့က်င့္ေနရဦးမွာ ျဖစ္ပါတယ္။

မန္ယူက စပါးကို ၂-၀ ဂိုးနဲ႔ အႏိုင္ ရခဲ့တဲ့ ပြဲစဥ္မွာ လူစားဝင္ဖို႔အတြက္ နည္းျပ တန္ဟတ္က ၫႊန္ၾကားခဲ့ေပမယ့္ စီေရာ္နယ္ဒိုက ျငင္းဆန္ခဲ့ၿပီး ပြဲမၿပီးခင္မွာတင္ ကြင္းအတြင္းကေန ထြက္ခြာ သြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေပၚတူဂီသားဟာ ခ်ဲလ္ဆီးနဲ႔ တစ္ဂိုးစီ သ ေရက်ခဲ့တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ ပြဲစဥ္မွာလည္း အသင္းနဲ႔အတူ ပါဝင္ခြင့္ မရခဲ့ သလို အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခြင့္လည္းမရဘဲ တစ္ေယာက္တည္း ေလ့ က်င့္ေနရတာပါ။

ေနာက္ၿပီး သူ႔ရဲ႕ ႏွစ္ပတ္စာ လုပ္ခလစာကိုလည္း ဒဏ္ ေၾကးအျဖစ္ ေပးေဆာင္ရဖို႔ ရွိေနတယ္လို႔ The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္ အရ သိရပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔ကေတာ့ ကစားသမားအားလုံးအတြက္ နားရက္ေပးထားခဲ့တာျဖစ္လို႔ စီေရာ္နယ္ဒိုနဲ႔ အသင္းတာဝန္ရွိသူေတြၾကားမွာ စကားေျပာဆိုေဆြးေႏြးမႈမ်ိဳး မရွိခဲ့ပါဘူး။

မန္ယူကို ပရီးမီးယားလိဂ္ရဲ႕ ဒိတ္ဒိတ္ႀကဲ အသင္းအဆင့္ကို ျပန္ေရာက္လာေအာင္ စြမ္းေဆာင္ေနတဲ့ နည္း ျပတန္ဟတ္ကို အသင္းဘုတ္အဖြဲ႕ဝင္ အႀကီးအကဲေတြ အပါအဝင္ တာဝန္ရွိ သူအားလုံးက လုပ္ပိုင္ခြင့္ အျပည့္အ၀ ေပးထားၿပီး စီေရာ္နယ္ဒိုရဲ႕ ကိစၥမွာ လည္း ေအဂ်က္ဇ္နည္းျပေဟာင္းဘက္ကေနၿပီး ရပ္တည္ခဲ့ၾကတယ္လို႔ သိရ ပါတယ္။