အသင်းကြီးတွေရဲ့ Blacklist စာရင်းထဲ ဝင်သွားတဲ့ ကမ္ဘာကျော်တချို့

မကြာခင် ၂၀၂၁-၂၂ ရာသီ အဆုံးသတ်လို့

၂၀၂၂ နွေရာသီအပြောင်းအရွှေ့ဈေးကွက်
ရောက်ရှိလာတော့မှာဖြစ်ပြီး ကလပ်အသင်းပွဲတွေ
တစ်ခဏနားသွားချိန်မှာ အပြောင်းအရွှေ့သတင်းတွေက
ဘောလုံးပရိသတ်တွေရဲ့အာသာဖြေရာဖြစ်လာမှာပါ။
နွေဈေးကွက်မှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာနိုင်သူတွေကတော့

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေနဲ့ ဒေါ့မွန်တိုက်စစ်မှူး
ဟာလန်းတို့ဖြစ်ပြီး သူတို့နှစ်ယောက်လုပွဲက
အတော်လေးစိတ်ဝင်စားစရာ ကောင်းလာနိုင်ပါတယ်။
ဒါပေမဲ့ ကမ္ဘာကျော်ကစားသမားတချို့ကတော့
ခြေစွမ်းကျဆင်းသွားမှုနဲ့အတူ ခေါ်ချင်တဲ့

အသင်းကြီးမရှိတော့တဲ့အထိ အခြေအနေဆိုးနေပါတယ်။
တစ်ယောက်ချင်းစီ ရေးသွားပါမယ်။
(၁)ဂါရတ်ဘေးလ်(ရီးရဲလ်)
တစ်ချိန်က ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားဖြစ်ခဲ့ဖူးသူရဲ့
နောက်ပိုင်းဖြစ်ရပ်တွေက အတော်လေးသံဝေဂရစရာပါ။

ဗိုလ်လုပွဲလိုအဆင့်မျိုးတွေမှာ လှပတဲ့ဂိုးတွေ
တစ်ဒိုင်းဒိုင်းသွင်းယူရင်း အောင်မြင်မှုတွေ
အများအပြား ရခဲ့ပေမယ့် အခုတော့ ရီးရဲလ်မှာ
လုံးဝကို အပယ်ခံဖြစ်နေပြီး ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း
မက်ဒရစ်မှာ အပယ်ခံထားရတာကို လုံးဝမမှုတဲ့သဘော တွေ့ရပါတယ်။

အခုဆိုရင် နွေရာသီမှာ စာချုပ်သက်တမ်းက
ကုန်ဆုံးတော့မှာဖြစ်ပြီး မြင့်မားလွန်းတဲ့လုပ်ခလစာရယ်၊
၃၂ နှစ်ရှိနေပြီဖြစ်တဲ့ အသက်အရွယ်တွေကြောင့်
ခေါ်ယူလိုတဲ့ အသင်းကြီးတွေ မရှိသလောက်ရှားနေပါတယ်။
အသင်းဟောင်း စပါးကို မနှစ်က အငှားနဲ့

တစ်ရာသီ ပြန်ရောက်လာပေမယ့် ရာသီသစ်မှာ
ထပ်ရောက်ဖို့ ရာခိုင်နှုန်းနည်းနေပြီး လက်ရှိစပါးနည်းပြ
ကွန်တီရဲ့နည်းစနစ်နဲ့လည်း အံဝင်နိုင်မယ့်ပုံမပေါ်ပါဘူး။
အဖြစ်နိုင်ဆုံးကတော့ မေဂျာလိဂ်ဖြစ်ပြီး
ရွန်နီ ကစားခဲ့ဖူးတဲ့ ဒီစီယူနိုက်တက်အသင်းက

သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။
(၂)ဟာဇက် (ရီးရဲလ်)
ဟာဇက်ကလည်း ဘေးလ်နဲ့ သိပ်မထူးပါဘူး။
ဒါပေမဲ့ ဘေးလ်နဲ့မတူတာကတော့ သူဟာ
ရီးရဲလ်မှာ အပယ်ခံမဟုတ်ဘဲ လာလီဂါဖလား

အောင်ပွဲခံမှုမှာ အသင်းဖော်တွေကိုယ်တိုင် ပွဲထုတ်ခဲ့သူပါ။
ဟာဇက်ဟာ ၂၀၁၉ နွေရာသီမှာ မြင့်မားတဲ့
မျှော်လင့်ချက်၊ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့အတူ
ချဲလ်ဆီးကနေ ရီးရဲလ်ကို ရောက်လာခဲ့ပေမယ့်
မက်ဒရစ်မှာ မျှော်လင့်ထားသလိုဖြစ်မလာသေးဘဲ

ဒဏ်ရာပြဿနာတွေ၊ ပုံမှန်ခြေစွမ်းအောက်
ရောက်မှုတွေနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်တောင် ဆုံးရှုံးနေရပါတယ်။
ဖြစ်နိုင်ရင် သူ့ကို ရီးရဲလ်က ပြန်ရောင်းထုတ်လိုနေပေမယ့်
ခေါ်မယ့်အသင်းမရှိသလို မြင့်မားလွန်းတဲ့
လုပ်ခလစာကြောင့်လည်း သူ့ကို ခေါ်ယူလိုတဲ့

အလယ်အလတ်တန်းစား ကလပ်တွေအတွက် အတားအဆီးဖြစ်စေပါတယ်။
(၃)အန်တိုနီယိုဂရစ်ဇ်မန်း(အက်သလက်)
ဂရစ်ဇ်မန်းဟာ အက်သလက်မှာ မင်းသားတစ်ပါးအဖြစ်
ခြေစွမ်းပြနေရာကနေ ဘာစီလိုနာကို မြင့်မားတဲ့
ပြောင်းရွှေ့ကြေးနဲ့ ရောက်သွားပေမယ့် ခြေစွမ်းမပြနိုင်ဘဲ

အခု အက်သလက်ကို အငှားနဲ့ ပြန်ရောက်လာချိန်မှာလည်း
မထူးဇာတ် ဆက်ခင်းရင်း ရုန်းကန်နေရပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်က ရွှေဘောလုံးဆုရှင်ဖြစ်ဖို့
ရေပန်းစားခဲ့တဲ့အထိ အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့်
အခုတော့ မြင့်မားတဲ့လစာရယ်၊ ၃၁ နှစ်ရှိနေပြီဖြစ်တဲ့

အသက်အရွယ်ရယ်နဲ့ ပုံမှန်ခြေစွမ်းမပြနိုင်မှုတွေကြောင့်
ခေါ်ချင်တဲ့ထိပ်တန်းကလပ် မရှိဖြစ်နေပါတယ်။
ဂရစ်ဇ်မန်းဟာ အခုဆိုရင် အက်သလက်မှာ
ဂိုးပေါက်ပျောက်နေတာ ၄လကျော်နေပြီဖြစ်ပြီး
ယခုရာသီ လာလီဂါမှာ ၃ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။

(၄)ကာဗာနီ(ယူနိုက်တက်)
အသက် ၃၅ နှစ်အရွယ်ရှိ ကာဗာနီဟာ ယူနိုက်တက်ကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတင်ရောက်ရှိလာခဲ့တုန်းက
ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပေမယ့်
အထူးခြေစွမ်းပြနိုင်ခဲ့လို့ ယူနိုက်တက်က သူ့ကို

တစ်နှစ်သက်တမ်းတိုးကာ ဆက်ထိန်းထားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေအပြင်
ပုံမှန်ခြေစွမ်းအောက် ရောက်မှုတွေကြောင့် ပွဲထွက်ခွင့်ပါ
ဆုံးရှုံးနေရပြီး ယခုရာသီအကုန်မှာ အသင်းကနေ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ သေချာနေပါတယ်။

သူဟာ ဥရောပထိပ်တန်းလိဂ်မှာ ဆက်ကစားချင်သေးပေမယ့်
ခေါ်ချင်တဲ့ကလပ် ရှားပါးနေပြီး အဖြစ်နိုင်ဆုံးကတော့
တောင်အမေရိက ပြန်တာပဲဖြစ်ပါတယ်။
(၅)ရိုဒရီဂွက်ဇ် (အယ်လ်ရေယန်)
၂၀၁၄ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာနဲ့အတူ

ထင်ပေါ်လာခဲ့ပြီးနောက် ရီးရဲလ်ကို ရောက်လာခဲ့တဲ့
ရိုဒရီဂွက်ဇ်ဟာ အမြင့်ဆုံးအဆင့်မှာ အချိန်အကြာကြီး
ဆက်ရှိနေဖို့ ကိုယ့်ရဲ့ခြေစွမ်းကို မထိန်းနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။
ရီးရဲလ်ကနေ အဲဗာတန်ကို ရောက်လာတော့
အစပိုင်းမှာ ဟုတ်တော့မလိုလိုနဲ့ နောက်လည်းကျရော

ဒဏ်ရာပြဿနာတွေ၊ စည်ကမ်းပိုင်းမလိုက်နာမှုတွေကြောင့်
အဲဗာတန်ကနေ အာရှဘက် ရောက်သွားရပါတယ်။
သူဟာ အယ်လ်ရေယန်အသင်းမှာတောင် လူစာရင်းကနေ
ချန်လှပ်ခံခဲ့ရဖူးပြီး အခုတော့ သူလည်း လစာလျှော့ယူပြီး
ဥရောပဘောလုံးလောကဆီ ပြန်လာဖို့ ပြင်ဆင်နေပါတယ်။

Zawgyi

အသင္းႀကီးေတြရဲ႕ Blacklist စာရင္းထဲ ၀င္သြားတဲ့ ကမၻာေက်ာ္တခ်ိဳ႕
မၾကာခင္ ၂၀၂၁-၂၂ ရာသီ အဆုံးသတ္လုိ႔

၂၀၂၂ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္
ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး ကလပ္အသင္းပြဲေတြ
တစ္ခဏနားသြားခ်ိန္မွာ အေျပာင္းအေရႊ႕သတင္းေတြက
ေဘာလုံးပရိသတ္ေတြရဲ႕အာသာေျဖရာျဖစ္လာမွာပါ။
ေႏြေစ်းကြက္မွာ ပ်ိဳတုိင္းႀကိဳက္တဲ့ႏွင္းဆီခုိင္ျဖစ္လာႏုိင္သူေတြကေတာ့

ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပနဲ႔ ေဒါ့မြန္တုိက္စစ္မွဴး
ဟာလန္းတုိ႔ျဖစ္ၿပီး သူတုိ႔ႏွစ္ေယာက္လုပြဲက
အေတာ္ေလးစိတ္၀င္စားစရာ ေကာင္းလာႏိုင္ပါတယ္။
ဒါေပမဲ့ ကမၻာေက်ာ္ကစားသမားတခ်ိဳ႕ကေတာ့
ေျခစြမ္းက်ဆင္းသြားမႈနဲ႔အတူ ေခၚခ်င္တဲ့

အသင္းႀကီးမရွိေတာ့တဲ့အထိ အေျခအေနဆုိးေနပါတယ္။
တစ္ေယာက္ခ်င္းစီ ေရးသြားပါမယ္။
(၁)ဂါရတ္ေဘးလ္(ရီးရဲလ္)
တစ္ခ်ိန္က ကမၻာ့တန္ဖိုးအႀကီးဆုံးကစားသမားျဖစ္ခဲ့ဖူးသူရဲ႕
ေနာက္ပိုင္းျဖစ္ရပ္ေတြက အေတာ္ေလးသံေ၀ဂရစရာပါ။

ဗိုလ္လုပြဲလိုအဆင့္မ်ိဳးေတြမွာ လွပတဲ့ဂိုးေတြ
တစ္ဒိုင္းဒုိင္းသြင္းယူရင္း ေအာင္ျမင္မႈေတြ
အမ်ားအျပား ရခဲ့ေပမယ့္ အခုေတာ့ ရီးရဲလ္မွာ
လုံး၀ကို အပယ္ခံျဖစ္ေနၿပီး ကစားသမားျဖစ္သူကိုယ္တုိင္ကလည္း
မက္ဒရစ္မွာ အပယ္ခံထားရတာကို လုံး၀မမႈတဲ့သေဘာ ေတြ႕ရပါတယ္။

အခုဆိုရင္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းက
ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ျမင့္မားလြန္းတဲ့လုပ္ခလစာရယ္၊
၃၂ ႏွစ္ရွိေနၿပီျဖစ္တဲ့ အသက္အရြယ္ေတြေၾကာင့္
ေခၚယူလုိတဲ့ အသင္းႀကီးေတြ မရွိသေလာက္ရွားေနပါတယ္။
အသင္းေဟာင္း စပါးကို မႏွစ္က အငွားနဲ႔

တစ္ရာသီ ျပန္ေရာက္လာေပမယ့္ ရာသီသစ္မွာ
ထပ္ေရာက္ဖုိ႔ ရာခိုင္ႏႈန္းနည္းေနၿပီး လက္ရွိစပါးနည္းျပ
ကြန္တီရဲ႕နည္းစနစ္နဲ႔လည္း အံ၀င္ႏုိင္မယ့္ပုံမေပၚပါဘူး။
အျဖစ္ႏိုင္ဆုံးကေတာ့ ေမဂ်ာလိဂ္ျဖစ္ၿပီး
ရြန္နီ ကစားခဲ့ဖူးတဲ့ ဒီစီယူႏုိက္တက္အသင္းက

သူ႕ကို ေခၚဖို႔ စိတ္၀င္စားေနပါတယ္။
(၂)ဟာဇက္ (ရီးရဲလ္)
ဟာဇက္ကလည္း ေဘးလ္နဲ႔ သိပ္မထူးပါဘူး။
ဒါေပမဲ့ ေဘးလ္နဲ႔မတူတာကေတာ့ သူဟာ
ရီးရဲလ္မွာ အပယ္ခံမဟုတ္ဘဲ လာလီဂါဖလား

ေအာင္ပဲြခံမႈမွာ အသင္းေဖာ္ေတြကိုယ္တိုင္ ပြဲထုတ္ခဲ့သူပါ။
ဟာဇက္ဟာ ၂၀၁၉ ေႏြရာသီမွာ ျမင့္မားတဲ့
ေမွ်ာ္လင့္ခ်က္၊ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးေတြနဲ႔အတူ
ခ်ဲလ္ဆီးကေန ရီးရဲလ္ကို ေရာက္လာခဲ့ေပမယ့္
မက္ဒရစ္မွာ ေမွ်ာ္လင့္ထားသလိုျဖစ္မလာေသးဘဲ

ဒဏ္ရာျပႆနာေတြ၊ ပုံမွန္ေျခစြမ္းေအာက္
ေရာက္မႈေတြနဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ေတာင္ ဆုံးရံႈးေနရပါတယ္။
ျဖစ္ႏိုင္ရင္ သူ႕ကို ရီးရဲလ္က ျပန္ေရာင္းထုတ္လုိေနေပမယ့္
ေခၚမယ့္အသင္းမရွိသလို ျမင့္မားလြန္းတဲ့
လုပ္ခလစာေၾကာင့္လည္း သူ႕ကို ေခၚယူလုိတဲ့

အလယ္အလတ္တန္းစား ကလပ္ေတြအတြက္ အတားအဆီးျဖစ္ေစပါတယ္။
(၃)အန္တိုနီယိုဂရစ္ဇ္မန္း(အက္သလက္)
ဂရစ္ဇ္မန္းဟာ အက္သလက္မွာ မင္းသားတစ္ပါးအျဖစ္
ေျခစြမ္းျပေနရာကေန ဘာစီလုိနာကို ျမင့္မားတဲ့
ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္သြားေပမယ့္ ေျခစြမ္းမျပႏိုင္ဘဲ

အခု အက္သလက္ကို အငွားနဲ႔ ျပန္ေရာက္လာခ်ိန္မွာလည္း
မထူးဇာတ္ ဆက္ခင္းရင္း ရုန္းကန္ေနရပါတယ္။
သူဟာ ၂၀၁၈ ခုႏွစ္က ေရႊေဘာလုံးဆုရွင္ျဖစ္ဖို႔
ေရပန္းစားခဲ့တဲ့အထိ အထူးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္
အခုေတာ့ ျမင့္မားတဲ့လစာရယ္၊ ၃၁ ႏွစ္ရွိေနၿပီျဖစ္တဲ့

အသက္အရြယ္ရယ္နဲ႔ ပုံမွန္ေျခစြမ္းမျပႏိုင္မႈေတြေၾကာင့္
ေခၚခ်င္တဲ့ထိပ္တန္းကလပ္ မရွိျဖစ္ေနပါတယ္။
ဂရစ္ဇ္မန္းဟာ အခုဆုိရင္ အက္သလက္မွာ
ဂိုးေပါက္ေပ်ာက္ေနတာ ၄လေက်ာ္ေနၿပီျဖစ္ၿပီး
ယခုရာသီ လာလီဂါမွာ ၃ဂိုးပဲ သြင္းယူထားႏုိင္ပါတယ္။

(၄)ကာဗာနီ(ယူႏုိက္တက္)
အသက္ ၃၅ ႏွစ္အရြယ္ရွိ ကာဗာနီဟာ ယူႏုိက္တက္ကို
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ စတင္ေရာက္ရွိလာခဲ့တုန္းက
ပရီးမီးယားလိဂ္မွာ ရုန္းကန္ရလိမ့္မယ္လုိ႔ ခန္႔မွန္းခံခဲ့ရေပမယ့္
အထူးေျခစြမ္းျပနိုင္ခဲ့လို႔ ယူႏုိက္တက္က သူ႕ကို

တစ္ႏွစ္သက္တမ္းတိုးကာ ဆက္ထိန္းထားခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ ဒီရာသီမွာေတာ့ ဒဏ္ရာျပႆနာေတြအျပင္
ပုံမွန္ေျခစြမ္းေအာက္ ေရာက္မႈေတြေၾကာင့္ ပြဲထြက္ခြင့္ပါ
ဆုံးရံႈးေနရၿပီး ယခုရာသီအကုန္မွာ အသင္းကေန
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာမွာ ေသခ်ာေနပါတယ္။

သူဟာ ဥေရာပထိပ္တန္းလိဂ္မွာ ဆက္ကစားခ်င္ေသးေပမယ့္
ေခၚခ်င္တဲ့ကလပ္ ရွားပါးေနၿပီး အျဖစ္ႏိုင္ဆုံးကေတာ့
ေတာင္အေမရိက ျပန္တာပဲျဖစ္ပါတယ္။
(၅)ရိုဒရီဂြက္ဇ္ (အယ္လ္ေရယန္)
၂၀၁၄ ကမၻာ့ဖလားမွာ ကုိလံဘီယာနဲ႔အတူ

ထင္ေပၚလာခဲ့ၿပီးေနာက္ ရီးရဲလ္ကို ေရာက္လာခဲ့တဲ့
ရိုဒရီဂြက္ဇ္ဟာ အျမင့္ဆုံးအဆင့္မွာ အခ်ိန္အၾကာႀကီး
ဆက္ရွိေနဖို႔ ကိုယ့္ရဲ႕ေျခစြမ္းကို မထိန္းနိုင္ခဲ့ဘဲ ရုန္းကန္ခဲ့ရပါတယ္။
ရီးရဲလ္ကေန အဲဗာတန္ကို ေရာက္လာေတာ့
အစပုိင္းမွာ ဟုတ္ေတာ့မလုိလုိနဲ႔ ေနာက္လည္းက်ေရာ

ဒဏ္ရာျပႆနာေတြ၊ စည္ကမ္းပိုင္းမလုိက္နာမႈေတြေၾကာင့္
အဲဗာတန္ကေန အာရွဘက္ ေရာက္သြားရပါတယ္။
သူဟာ အယ္လ္ေရယန္အသင္းမွာေတာင္ လူစာရင္းကေန
ခ်န္လွပ္ခံခဲ့ရဖူးၿပီး အခုေတာ့ သူလည္း လစာေလွ်ာ့ယူၿပီး
ဥေရာပေဘာလုံးေလာကဆီ ျပန္လာဖို႔ ျပင္ဆင္ေနပါတယ္။