အသင်းကြီးတွေရဲ့ပစ်မှတ် အေဘရာဟမ်အတွက် ပေါင်သန်း ၁၀၀ တောင်းဆိုမယ့် ရိုးမား

ရိုးမားအသင်းဟာ လာမယ့်နွေရာသီအတွင်း ကြယ်ပွင့်တိုက်စစ်မှူး

အေဘရာဟမ်ကို ဆက်ထိန်းနိုင်ဖို့ ရာခိုင်နှုန်းနည်းနေပြီး
အင်္ဂလန်လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေး
ပေါင်သန်း ၁၀၀အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။
အေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီက မွေးရပ်မြေကလပ်
ချဲလ်ဆီးကနေ ရိုးမားကို ပေါင် ၃၄သန်နးဲ့ ရောက်လာပြီးချိန်ကတည်းက

အီတလီမှာ အထူးခြေစွမ်းပြနေပြီး ဦးစားပေးကစားသမားအဖြစ်
၃၇ပွဲ ကစားထားတဲ့အနက် ၂၃ဂိုးအထိ သွင်းယူထားပါတယ်။
ဒီလိုခြေစွမ်းပြနေလို့လည်း ပရီးမီးယားလိဂ်ကလပ်အသင်းအများစုက
အေဘရာဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး
အသင်းဟောင်းချဲလ်ဆီးက လာမယ့်နှစ်မှာ ပေါင် ၆၇သန်းနဲ့

ပြန်လည်ခေါ်ယူနိုင်မယ့်အချက် ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးရဲ့ပြည်တွင်းပြိုင်ဘက်တွေကတော့
ယခုရာသီအကုန်မှာပဲ အေဘရာဟမ်ကို
ခေါ်ယူဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းက
နွေဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး

ခေါ်ယူဖွယ်ရှိနေသလို မန်စီးတီးကလည်း
အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ များနေပါတယ်။
ရိုးမားအသင်းက အသက် ၂၄ နှစ်အရွယ်ရှိ
အေဘရာဟမ်ကို အသင်းမှာ ဆက်ထိန်းဖို့
ကြိုးစားနေပြီး ၂၀၂၆ နွေရာသီအထိ စာချုပ်ချုပ်ဆိုထားတဲ့

အေဘရာဟမ်အတွက် ပေါင်သန်း ၁၀၀အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။

Zawgyi

အသင္းႀကီးေတြရဲ႕ပစ္မွတ္ ေအဘရာဟမ္အတြက္ ေပါင္သန္း ၁၀၀ ေတာင္းဆုိမယ့္ ရိုးမား

ရိုးမားအသင္းဟာ လာမယ့္ေႏြရာသီအတြင္း ၾကယ္ပြင့္တုိက္စစ္မွဴး
ေအဘရာဟမ္ကို ဆက္ထိန္းႏိုင္ဖို႔ ရာခိုင္ႏႈန္းနည္းေနၿပီး
အဂၤလန္လက္ေရြးစင္အတြက္ ေျပာင္းေရႊ႕ေၾကး
ေပါင္သန္း ၁၀၀အထိ ေတာင္းဆုိဖြယ္ရွိေနပါတယ္။
ေအဘရာဟမ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေမြးရပ္ေျမကလပ္

ခ်ဲလ္ဆီးကေန ရိုးမားကို ေပါင္ ၃၄သန္နးဲ႔ ေရာက္လာၿပီးခ်ိန္ကတည္းက
အီတလီမွာ အထူးေျခစြမ္းျပေနၿပီး ဦးစားေပးကစားသမားအျဖစ္
၃၇ပြဲ ကစားထားတဲ့အနက္ ၂၃ဂိုးအထိ သြင္းယူထားပါတယ္။
ဒီလုိေျခစြမ္းျပေနလုိ႔လည္း ပရီးမီးယားလိဂ္ကလပ္အသင္းအမ်ားစုက
ေအဘရာဟမ္ကို ေခၚယူဖို႔ စိတ္၀င္စားလာၿပီး

အသင္းေဟာင္းခ်ဲလ္ဆီးက လာမယ့္ႏွစ္မွာ ေပါင္ ၆၇သန္းနဲ႔
ျပန္လည္ေခၚယူႏုိင္မယ့္အခ်က္ ထည့္သြင္းခ်ဳပ္ဆုိထားပါတယ္။
ဒါေပမဲ့ ခ်ဲလ္ဆီးရဲ႕ျပည္တြင္းၿပိဳင္ဘက္ေတြကေတာ့
ယခုရာသီအကုန္မွာပဲ ေအဘရာဟမ္ကို
ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ယူႏုိက္တက္အသင္းက

ေႏြေစ်းကြက္အတြင္း တုိက္စစ္မွဴးတစ္ဦး
ေခၚယူဖြယ္ရွိေနသလုိ မန္စီးတီးကလည္း
အေထာင္တုိက္စစ္မွဴးတစ္ဦး ေခၚယူဖို႔ မ်ားေနပါတယ္။
ရိုးမားအသင္းက အသက္ ၂၄ ႏွစ္အရြယ္ရွိ
ေအဘရာဟမ္ကို အသင္းမွာ ဆက္ထိန္းဖုိ႔

ႀကိဳးစားေနၿပီး ၂၀၂၆ ေႏြရာသီအထိ စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့
ေအဘရာဟမ္အတြက္ ေပါင္သန္း ၁၀၀အထိ ေတာင္းဆုိဖြယ္ရွိေနပါတယ္။