အသင်းကို အားပေးမယ့်အစား ပေါ်တူဂီပြန်သွားတဲ့ ရော်နယ်ဒိုရဲ့လုပ်ရပ်အပေါ် အသင်းဖော်တွေ အံ့အားသင့်နေဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းသားတွေဟာ

ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို စီးတီးနဲ့ဒါဘီပွဲကို
အားပေးမယ့်အစား ပေါ်တူဂီကို ပြန်သွားမှုအပေါ်
အံ့အားသင့်နေတယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်
ရော်နယ်ဒိုဟာ တင်ပါးဒဏ်ရာကြောင့်

မန်စီးတီးကို ၄-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ
မပါနိုင်ခဲ့ဘဲ The Athletic သတင်းဌာနရဲ့
ဖော်ပြချက်အရ သူဟာ အီတီဟတ်ကွင်းမှာ
ကစားခဲ့တဲ့အဲဒီပွဲမတိုင်ခင် မွေးရပ်မြေ
ပေါ်တူဂီကို လေယာဉ်နဲ့ ပြန်သွားတယ်လို့ သိရပါတယ်။


အဲဒီသတင်းဌာနကပဲ ယူနိုက်တက်အသင်းသားအများစုဟာ
ရော်နယ်ဒိုရဲ့ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်နေကြပြီး
တကယ်လို့ အသင်းနဲ့အတူ သူ ရှိနေရင်

အသင်းအတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း
မန်ချက်စတာဒါဘီပွဲမှာ ရော်နယ်ဒို မပါနိုင်တာက
ဒဏ်ရာရနေတာထက်ပိုတဲ့အကြောင်းပြချက်
ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွိုင်ကိန်းရဲ့မှတ်ချက်ကို ပိုပြီးထင်ဟပ်စေတာက
ရော်နယ်ဒိုရဲ့အစ်မဖြစ်သူ ပြောတဲ့မှတ်ချက်ဖြစ်ပြီး
ရော်နယ်ဒိုအနေနဲ့ ဘာဒဏ်ရာမှမရဘူးလို့ အစ်မဖြစ်သူ
ကာတီယာက အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။


ရော်နယ်ဒိုမပါတဲ့ ယူနိုက်တက်ဟာ စီးတီးရဲ့
တစ်ဘက်သတ်ဖိအားပေးခြင်းခံခဲ့ရပြီး
ပထမပိုင်းအပြီးမှာ ၂-၁ ဂိုးနဲ့ပဲ အရေးနိမ့်နေခဲ့ပေမယ့်
ဒုတိယပိုင်းမှာ ၂ဂိုးပေးလိုက်ရလို့

ပွဲအပြီးမှာ ၄-၁ဂိုးနဲပ အရေးနိမ့်ခဲ့ရတာကြောင့်
အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း
ပိုမိုမှေးမှိန်လာပါတယ်။
ယူနိုက်တက်ဟာ ကြားရက်အတွင်း ပွဲကစားစရာမရှိဘဲ
စနေနေ့ နှောင်းပိုင်းကျမှ စပါးနဲ့

ပရီးမီးယားလိဂ်ပွဲကစားရမှာဖြစ်ပြီး
နောက်တစ်ပတ်ကြားရက်မှာတော့ အက်သလက်နဲ့
ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲကစားရမှာပါ။
ဒီအတွက်ကြောင့် ရော်နယ်ဒိုအနေနဲ့
ကြံ့ခိုင်မှုအပြည့်ပြန်ရလာဖို့ တစ်ပတ်လောက်

အချိန်ရမှာဖြစ်ပြီး အသင်းအတွက် ယခုရာသီမှာ
ပွဲ ၃၀ ကစား ၁၅ဂိုးအထိ သွင်းယူထားပါတယ်။