အသင်းကို ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းသွားခဲ့တဲ့ အက်စတွန်ဗီလာအလယ်တန်းကစားသမားကို မခေါ်ပေးလို့ EduOutဆိုပြီး အာဆင်နယ်ပရိသတ် တွေပေါက်ကွဲနေ

အာဆင်နယ်ပရိသတ်တွေဟာ အက်စတွန်ဗီလာအလယ်တန်းကစားသမား ဒေါက်ကလပ်လူးဝစ်ဇ်ကို

အပြောင်းအရွှေ့နောက်ဆုံးနေ့ရောက်ချိန်အထိ မခေါ်ယူနိုင်ခဲ့တဲ့ အသင်းရဲ့နည်းစနစ်ဒါရိုက်တာ အီဒူးကို

ရာထူးကနှုတ်ထွက်ပေးဖို့ ဆိုရှယ်မီဒီယာကတဆင့် ဖိအားပေး တောင်းဆိုနေကြပါတယ်။

နည်းပြအာတီတာဟာ သောမတ်စ်ပါတေး၊ အယ်နီနီတို့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အခြေအနေကြောင့်

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ဗီလာရဲ့အလယ်တန်း ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒေါက်ကလပ်လူးဝစ်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀) နဲ့ စတင်ကမ်းလှမ်းခဲ့တဖြစ်ပြီး

ဆွေးနွေးမှုတွေလုပ်ရင်း ပေါင် (၂၃)သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် ဗီလာဘက်က ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်းသန်း (၄၀)အထိတိုးမြှင့်လိုက်ချိန်မှာတော့

အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့ ဒီဘရာဇီးကစားသမားရဲ့

ပြောင်းရွှေ့ကြေးကိုထပ်တိုးပေးလိုတာမရှိတော့တဲ့ အီဒူးတို့ဘက်က နောက်ဆုတ်ခဲ့ပါတယ်။

အသင်းအတွက်လိုအပ်နေတဲ့ ကွင်းလယ်နေရာကိုဖြည့်ဖို့ ကစားသမားခေါ်ယူရေးမှာ အောင်မြင်တဲ့ညှိနှိုင်းရေးမလုပ်နိုင်ခဲ့တာကြောင့်

အီဒူးရဲ့လုပ်ဆောင်ရည်ကို ပရိသတ်တွေက အယုံအကြည်မဲ့ကာ ဒေါသထွက်နေပြီး

တွစ်တာပေါ်မှာ #EduOut ဆိုပြီးရေးသားလာခဲ့သလို အသင်းရဲ့လုပ်ရပ်ကိုလည်း ပေါက်ကွဲနေကြတပါတယ်။

အသက်၂၄နှစ်သာ ရှိသေးတဲ့ ဒီကစားသမားကလည်း ဗုဒ္ဓဟူးနေ့တုန်းက အာဆင်နယ်ကို၂-၁ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ

ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းခဲ့သူလည်းဖြစ်ပြီး တပတ်အတွင်းမှာတင်

ထောင့်ကန်ဘောကတဆင့် ဒုတိယအကြိမ်မြောက် တိုက်ရိုက်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

အာတီတာဟာ မန်စီးတီးမှာ ဂွာဒီယိုလာရဲ့လက်ထောက် နည်းပြအဖြစ် လုပ်ကိုင်ခဲ့ချိန်တုန်းက

ဒေါက်ကလပ်လူးဝစ်ဇ် ဟာလည်း မန်စီးတီးကစားသမားဖြစ်နေခဲ့ပေမယ့် သူက စပိန်ကလပ် ဂျီရိုနာဆီမှာသာ

အငှားထွက်ကစားခဲ့ရသူဖြစ်တာကြောင့် အသင်းမှာသူခြေစွမ်းကိုတော့ အနီးကပ်လေ့လာခဲ့ရမှာတော့မဟုတ်ပါဘူး။

သူဟာ၂၀၁၉ခုနှစ်မှာတော့ မန်စီးတီးကနေ ပေါင်၁၅သန်းနဲ့ဗီလာဆီကို ရောက်လာပြီး အသင်းမှာ ၁၀၇ ပွဲ ကစားပြီးသွားပါပြီ။

zawgyi

အသင္းကို ေထာင့္ကန္ေဘာကေန တိုက္႐ိုက္ဂိုးသြင္းသြားခဲ့တဲ့ အက္စတြန္ဗီလာအလယ္တန္းကစားသမားကို မေခၚေပးလို႔

EduOutဆိုၿပီး အာဆင္နယ္ပရိသတ္ ေတြေပါက္ကြဲေန

အာဆင္နယ္ပရိသတ္ေတြဟာ အက္စတြန္ဗီလာအလယ္တန္းကစားသမား ေဒါက္ကလပ္လူးဝစ္ဇ္ကို

အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔ေရာက္ခ်ိန္အထိ မေခၚယူႏိုင္ခဲ့တဲ့ အသင္းရဲ႕နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို

ရာထူးကႏႈတ္ထြက္ေပးဖို႔ ဆိုရွယ္မီဒီယာကတဆင့္ ဖိအားေပး ေတာင္းဆိုေနၾကပါတယ္။

နည္းျပအာတီတာဟာ ေသာမတ္စ္ပါေတး၊ အယ္နီနီတို႔ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတဲ့ အေျခအေနေၾကာင့္

အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္မွာ ဗီလာရဲ႕အလယ္တန္း ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

အာဆင္နယ္ဟာ ေဒါက္ကလပ္လူးဝစ္ဇ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း (၂၀) နဲ႔ စတင္ကမ္းလွမ္းခဲ့တျဖစ္ၿပီး

ေဆြးေႏြးမႈေတြလုပ္ရင္း ေပါင္ (၂၃)သန္းအထိ တိုးျမႇင့္ကမ္းလွမ္းခဲ့ပါတယ္။

ဒါေပမယ့္ ဗီလာဘက္က ကစားသမားရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္းသန္း (၄၀)အထိတိုးျမႇင့္လိုက္ခ်ိန္မွာေတာ့

အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ေတာ့တဲ့ ဒီဘရာဇီးကစားသမားရဲ႕

ေျပာင္းေ႐ႊ႕ေၾကးကိုထပ္တိုးေပးလိုတာမရွိေတာ့တဲ့ အီဒူးတို႔ဘက္က ေနာက္ဆုတ္ခဲ့ပါတယ္။

အသင္းအတြက္လိုအပ္ေနတဲ့ ကြင္းလယ္ေနရာကိုျဖည့္ဖို႔ ကစားသမားေခၚယူေရးမွာ ေအာင္ျမင္တဲ့ညႇိႏႈိင္းေရးမလုပ္ႏိုင္ခဲ့တာေၾကာင့္

အီဒူးရဲ႕လုပ္ေဆာင္ရည္ကို ပရိသတ္ေတြက အယုံအၾကည္မဲ့ကာ ေဒါသထြက္ေနၿပီး

တြစ္တာေပၚမွာ #EduOut ဆိုၿပီးေရးသားလာခဲ့သလို အသင္းရဲ႕လုပ္ရပ္ကိုလည္း ေပါက္ကြဲေနၾကတပါတယ္။

အသက္၂၄ႏွစ္သာ ရွိေသးတဲ့ ဒီကစားသမားကလည္း ဗုဒၶဟူးေန႔တုန္းက အာဆင္နယ္ကို၂-၁ဂိုးနဲ႔ ရႈံးနိမ့္တဲ့ပြဲမွာ

ေထာင့္ကန္ေဘာကေန တိုက္႐ိုက္ ဂိုးသြင္းခဲ့သူလည္းျဖစ္ၿပီး တပတ္အတြင္းမွာတင္

ေထာင့္ကန္ေဘာကတဆင့္ ဒုတိယအႀကိမ္ေျမာက္ တိုက္႐ိုက္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

အာတီတာဟာ မန္စီးတီးမွာ ဂြာဒီယိုလာရဲ႕လက္ေထာက္ နည္းျပအျဖစ္ လုပ္ကိုင္ခဲ့ခ်ိန္တုန္းက

ေဒါက္ကလပ္လူးဝစ္ဇ္ ဟာလည္း မန္စီးတီးကစားသမားျဖစ္ေနခဲ့ေပမယ့္ သူက စပိန္ကလပ္ ဂ်ီ႐ိုနာဆီမွာသာ

အငွားထြက္ကစားခဲ့ရသူျဖစ္တာေၾကာင့္ အသင္းမွာသူေျခစြမ္းကိုေတာ့ အနီးကပ္ေလ့လာခဲ့ရမွာေတာ့မဟုတ္ပါဘူး။

သူဟာ၂၀၁၉ခုႏွစ္မွာေတာ့ မန္စီးတီးကေန ေပါင္၁၅သန္းနဲ႔ဗီလာဆီကို ေရာက္လာၿပီး အသင္းမွာ ၁၀၇ ပြဲ ကစားၿပီးသြားပါၿပီ။