အသင်းကနေသူ ထွက်ခွာတော့မယ်ဆိုတာကို ပရိသတ်တွေကို အချက်ပြလိုက်တဲ့ ဟာလန်း

ဒေါ့မန်အသင်းတိုက်စစ်မှူး အာလင်းဟာလန်းဟာ ပရိသတ်တွေကို

လက်ဝှေ့ယမ်းပြနှုတ်ဆက်ခဲ့တာကြောင့် အသင်းကနေသူ ထွက်ခွာတော့မယ်ဆိုတာကို

အချက်ပြလိုက်တာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့

နော်ဝေးလက် ရွေးစင် ဟာလန်းဟာ ဥရောပထိပ်တန်းကလပ်တွေရဲ့

အလိုအရှိဆုံးသူဖြစ်နေတာကြောင့် သူ့နှုတ်ဆက်မှုဟာ ဒေါ့မန်ပရိသတ် တွေကို

နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်နိုင်တယ်လို့ ယူဆနေကြတာပါ။

မန်ယူအသင်းဆိုရင် စီရော်နယ်ဒိုနေရာမှာ ရေရှည်အစား ထိုးရမယ့်သူအဖြစ်

ဟာလန်းကို ခေါ်ယူလိုနေတာဖြစ်ပြီး မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း သူရောက်နိုင်ခြေရှိတဲ့

ကလပ်တွေဖြစ်နေပါတယ်။ ဒေါ့မန်ဟာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ကွင်းမှာ

ဂရူသာဖတ်ကို ၃-၀ နဲ့နိုင်ခဲ့ပြီး ဒီပွဲဟာသူတို့အတွက် ၂၀၂၁ ထဲမှာ

နောက်ဆုံးအိမ်ကွင်းပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့်သူ့ဘက်က

အဲဒီလိုနှုတ်ဆက်မှုကို ဂျာမနီ သတင်းတွေမှာအရေးတယူဖော်ပြနေကြပြီး

ဒေါ့မန်က ဟာသာဘာလင်ကို ၃-၂ နဲ့ရှုံးခဲ့တဲ့စနေနေ့ကပွဲစဥ်အပြီးမှာ

ကလပ်တာ ဝန်ရှိသူတွေကိုလည်း ဟာလန်းရဲ့ ပြုမူပုံနဲ့ပတ်သက်လို့

မေးခွန်းတွေမေးမြန်းခဲ့ကြပါတယ်။

ဒါကိုကလပ်ရဲ့အားကစားဒါရိုက်တာဖြစ်တဲ့ မိုက်ကယ်ဇော့က

ဟာလန်းရဲ့အပြုအမူထူးဆန်းနေတယ်လို့ ပြန်ဖြေခဲ့တာကြောင့်

ဒေါ့မန်နဲ့လမ်းခွဲဖို့နီးလာပြီဆိုတဲ့သတင်းတွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။

မိုက်ကယ်ဇော့က” ဟာလန်းရဲ့အပြုအမူကိုကျုပ်လည်း မြင်ပါတယ်။

ဒါကနည်းနည်းတော့ ထူးဆန်းနေတယ်ဗျ။ ဒါပေမယ့်သူထွက်မယ်ဆိုတာကို

တမင်ရည်ရွယ်ပြီးလုပ်ပြ တာမျိုးတော့ မဟုတ်ဘူးလို့ထင်တယ်။

သူနဲ့ကျွန်တော် ခဏစကားပြောဖြစ်တော့ မင်းဘာကိုရည်ရွယ်ပြီးလုပ်တာလားလို့

မေးခဲ့ပါသေးတယ်။ သူကတော့ဘာမှမဟုတ်ပါဘူးလို့ ပြန်ပြောတယ်ဗျ။

ဒါနဲ့ဘဲ ဒီကိစ္စပြီးသွားရတာပေါ့” လို့ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ ဒေါ့မန်အသင်းအမှုဆောင်အရာရှိ ဂျိုအာချင်ဝက်ဇ်ကီက

ဟာလန်းကိုကိုရီးရဲလ်မက်ဒရစ်ကသေသေချာချာကြီးကို

စိတ်ဝင်စားနေ တာလို့ပြောသွားပါတယ်။ သူက” ကျွန်တော်သိရသလောက်တော့

ရီးရဲလ်ကတကယ်ကိုစိတ်ဝင်စားနေတာဗျ။ သူ့ကိုစိတ်ဝင်စား နေတဲ့

အခြားကလပ် ၂၅ လောက်အထိကိုကျွန်တော်ပြောနိုင်ပါသေးတယ်။

ဒါပေမယ့် ရီးရဲလ်ကတော့အသေချာဆုံးဘဲ။ သူ့ပုံစံ ကစပိန်မှာဆိုပိုပြီး

အံဝင်မယ်လို့ထင်တယ်။ အင်္ဂလန်မှာကျတော့ ကစားတဲ့ပုံစံကတစ်မျိုးလေဗျာ။

ကျွန်တော်တို့ဆီမှာ ဟာလန်း ဆက်ရှိပါ့မလားဆိုတာကို

ကျုပ်သံသယဖြစ်နေတာအမှန်ဘဲဗျ” လို့ပြောသွားပါတယ်။

zawgyi

အသင္းကေနသူ ထြက္ခြာေတာ့မယ္ဆိုတာကို ပရိသတ္ေတြကို အခ်က္ျပလိုက္တဲ့ ဟာလန္း

ေဒါ့မန္အသင္းတိုက္စစ္မႉး အာလင္းဟာလန္းဟာ ပရိသတ္ေတြကို

လက္ေဝွ႔ယမ္းျပႏႈတ္ဆက္ခဲ့တာေၾကာင့္ အသင္းကေနသူ ထြက္ခြာေတာ့မယ္ဆိုတာကို

အခ်က္ျပလိုက္တာျဖစ္တယ္လို႔ ဆိုေနၾကပါတယ္။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့

ေနာ္ေဝးလက္ ေ႐ြးစင္ ဟာလန္းဟာ ဥေရာပထိပ္တန္းကလပ္ေတြရဲ႕

အလိုအရွိဆုံးသူျဖစ္ေနတာေၾကာင့္ သူ႔ႏႈတ္ဆက္မႈဟာ ေဒါ့မန္ပရိသတ္ ေတြကို

ေနာက္ဆုံးႏႈတ္ဆက္ျခင္းျဖစ္ႏိုင္တယ္လို႔ ယူဆေနၾကတာပါ။

မန္ယူအသင္းဆိုရင္ စီေရာ္နယ္ဒိုေနရာမွာ ေရရွည္အစား ထိုးရမယ့္သူအျဖစ္

ဟာလန္းကို ေခၚယူလိုေနတာျဖစ္ၿပီး မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္၊

ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း သူေရာက္ႏိုင္ေျခရွိတဲ့

ကလပ္ေတြျဖစ္ေနပါတယ္။ ေဒါ့မန္ဟာၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အိမ္ကြင္းမွာ

ဂ႐ူသာဖတ္ကို ၃-၀ နဲ႔ႏိုင္ခဲ့ၿပီး ဒီပြဲဟာသူတို႔အတြက္ ၂၀၂၁ ထဲမွာ

ေနာက္ဆုံးအိမ္ကြင္းပြဲလည္းျဖစ္ပါတယ္။ ဒါေၾကာင့္သူ႔ဘက္က

အဲဒီလိုႏႈတ္ဆက္မႈကို ဂ်ာမနီ သတင္းေတြမွာအေရးတယူေဖာ္ျပေနၾကၿပီး

ေဒါ့မန္က ဟာသာဘာလင္ကို ၃-၂ နဲ႔ရႈံးခဲ့တဲ့စေနေန႔ကပြဲစဥ္အၿပီးမွာ

ကလပ္တာ ဝန္ရွိသူေတြကိုလည္း ဟာလန္းရဲ႕ ျပဳမူပုံနဲ႔ပတ္သက္လို႔ေမးခြန္းေတြ

ေမးျမန္းခဲ့ၾကပါတယ္။ ဒါကိုကလပ္ရဲ႕အားကစားဒါ႐ိုက္တာျဖစ္တဲ့

မိုက္ကယ္ေဇာ့က ဟာလန္းရဲ႕အျပဳအမူထူးဆန္းေနတယ္လို႔ ျပန္ေျဖခဲ့တာေၾကာင့္

ေဒါ့မန္နဲ႔လမ္းခြဲဖို႔နီးလာၿပီဆိုတဲ့သတင္းေတြကို ပိုမိုခိုင္မာေစခဲ့ပါတယ္။

မိုက္ကယ္ေဇာ့က” ဟာလန္းရဲ႕အျပဳအမူကိုက်ဳပ္လည္း ျမင္ပါတယ္။

ဒါကနည္းနည္းေတာ့ ထူးဆန္းေနတယ္ဗ်။ ဒါေပမယ့္သူထြက္မယ္ဆိုတာကို

တမင္ရည္႐ြယ္ၿပီးလုပ္ျပ တာမ်ိဳးေတာ့ မဟုတ္ဘူးလို႔ထင္တယ္။

သူနဲ႔ကြၽန္ေတာ္ ခဏစကားေျပာျဖစ္ေတာ့ မင္းဘာကိုရည္႐ြယ္ၿပီးလုပ္တာလားလို႔

ေမးခဲ့ပါေသးတယ္။ သူကေတာ့ဘာမွမဟုတ္ပါဘူးလို႔ ျပန္ေျပာတယ္ဗ်။

ဒါနဲ႔ဘဲ ဒီကိစၥၿပီးသြားရတာေပါ့” လို႔ေျပာခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာဘဲ ေဒါ့မန္အသင္းအမႈေဆာင္အရာရွိ ဂ်ိဳအာခ်င္ဝက္ဇ္ကီက

ဟာလန္းကိုကိုရီးရဲလ္မက္ဒရစ္ကေသေသခ်ာခ်ာႀကီးကို

စိတ္ဝင္စားေန တာလို႔ေျပာသြားပါတယ္။ သူက” ကြၽန္ေတာ္သိရသေလာက္ေတာ့

ရီးရဲလ္ကတကယ္ကိုစိတ္ဝင္စားေနတာဗ်။ သူ႔ကိုစိတ္ဝင္စား ေနတဲ့

အျခားကလပ္ ၂၅ ေလာက္အထိကိုကြၽန္ေတာ္ေျပာႏိုင္ပါေသးတယ္။

ဒါေပမယ့္ ရီးရဲလ္ကေတာ့အေသခ်ာဆုံးဘဲ။ သူ႔ပုံစံ ကစပိန္မွာဆိုပိုၿပီး

အံဝင္မယ္လို႔ထင္တယ္။ အဂၤလန္မွာက်ေတာ့ ကစားတဲ့ပုံစံကတစ္မ်ိဳးေလဗ်ာ။

ကြၽန္ေတာ္တို႔ဆီမွာ ဟာလန္း ဆက္ရွိပါ့မလားဆိုတာကို

က်ဳပ္သံသယျဖစ္ေနတာအမွန္ဘဲဗ်” လို႔ေျပာသြားပါတယ္။