အသက် ၅၅ နှစ်ပြည့်တော့မယ့် တိုက်စစ်မှူးကာဇူ အစ်ကိုဖြစ်သူရဲ့အသင်းကို ရောက်ရှိ

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်တဲ့

တိုက်စစ်မှူး ကာဇူဟာ အသင်းသစ်ရှာဖွေနိုင်ခဲ့ပြီးနောက်
အနည်းဆုံးေ နောက်တစ်နှစ်ကြာ
ဆက်ကစားဦးမှာဖြစ်ပါတယ်။
ကာဇူဟာ ဖေဖော်ဝါရီလဆို အသက် ၅၅ နှစ်
ပြည့်တော့မှာဖြစ်ပေမယ့် အစ်ကိုဖြစ်သူ ယာဆူတိုရှီ

တာဝန်ယူနေတဲ့ ဆူဇူကာအသင်းကို
ရောက်လာပြီးနောက် အသက်အရွယ်က
သာမန်ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်း
ထပ်မံသက်သေပြလိုက်ပါတယ်။


ကင်းကာဇူဟာ ယိုကိုဟားမားအသင်းကနေ
ဂျပန်စတုတ္ထတန်းကလပ်ကို
အငှားနဲ့ ရောက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယိုကိုဟားမားအသင်း

ဂျေလိဂ်-၁ ကနေ တန်းဆင်းခဲ့ရသလို
သူကိုယ်တိုင်လည်း တစ်မိနစ်ပဲ ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ မတ်လက အူရာဝါရက်ဒိုင်းမွန်းအသင်းနဲ့ပွဲမှာ
ပါဝင်ကစားပြီးနောက် အသက် ၅၄ နှစ်၊ ၁၂ ရက်နဲ့
အသက်အကြီးဆုံးကစားသမားအဖြစ် ထပ်မံစံချိန်တင်နိုင်ခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကာဇူဟာ ၁၉၈၆ ခုနှစ်မှာ
ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး
ပီအက်စ်ဂျီအသင်းထက် အသက် ၃ နှစ်ပိုကြီးသလို
လီဗာပူးအသင်းနည်းပြ ကလော့ပ်နဲ့ အသက်အတူတူပဲဖြစ်ပါတယ်။


ဂျပန်အသင်းအတွက် ၈၉ပွဲမှာ ၅၅ ဂိုးသွင်းယူပေးခဲ့တဲ့
ကာဇူကတော့ သူ့အနေနဲ့ အသက် ၆၀ အရွယ်
ရောက်တဲ့အထိ ဆက်ကစားသွားဦးမယ်လို့ ဆိုပါတယ်။