အသက်(၃၉)နှစ်အရွယ်အထိ ဂိုးသမားနူအာကို အသင်းမှာဆက်ရှိနေဖို့ စာချုပ်သစ်ချုပ်ဆိုမယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂျာမနီဝါရင့်ဂိုးသမားကြီးနူအာဟာ

အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေပြီး စာချုပ်သစ်အရ

ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူနူအာဟာ ၂၀၁၁ ခုနှစ်တုန်းက

ရှော်လ်ကေးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး

ဘိုင်ယန်မြူးနစ်ကစားသမားဘဝ ဆယ်စုနှစ်တစ်ခုကြာကာလအတွင်း

ပွဲပေါင်း(၄၅၁)ပွဲအထိကစားခဲ့သလို ဆုဖလားအောင်မြင်မှုတွေ

အများကြီးရယူနိုင်ခဲ့ပါတယ်။ နူအာရဲ့လက်ရှိစာချုပ်က ၂၀၂၂-၂၃ ရာသီကုန်ကျရင်

သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေက

သူတို့ရဲ့နံပါတ်(၁)ဂိုးသမားကို စာချုပ်သက်တမ်းတိုးဖို့အတွက်

စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။

နူအာကလည်း ဘိုင်ယန်မြူးနစ်အသင်းမှာပဲ

ဆက်လက်ကစားဖို့ဆန္ဒရှိနေတာကြောင့် စာချုပ်သစ်ကိစ္စအတွက်

ဆွေးနွေးမှုက ထင်ထားတာထက်တောင် ပိုမြန်ဆန်နေတယ်လို့

Sport1 ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ

နူအာကို ၂၀၂၅ ခုနှစ်အထိစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး

အဲဒီစာချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်ကျရင် နူအာရဲ့အသက်က

(၃၉)နှစ်အထိရှိနေမှာပါ။ နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက်

ပြသခဲ့တဲ့စွမ်းဆောင်ရည်၊ အသင်းနဲ့အတူရရှိခဲ့တဲ့အောင်မြင်မှုတွေအရ

လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ်

သတ်မှတ်ခံထားရပြီး သူဟာ ဘွန်ဒစ်လီဂါ(၉)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်၊

ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေအပါအဝင်

ဆုဖလားပေါင်း(၂၆)ခုအထိရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရွေးစင်ကစားသမားဘဝမှာလည်း ဂျာမနီအသင်းနဲ့အတူ

၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တာကြောင့် အဲဒီနှစ် Ballon d’Or ဆုအတွက်

ရပ်တည်မှုမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ရဲ့နောက်

တတိယနေရာရရှိခဲ့သူဖြစ်ပါတယ်။ နူအာအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့

စာချုပ်သက်တမ်းတိုးပြီးသွားရင် အသင်းသမိုင်းတစ်လျှောက်

ပွဲအများဆုံးကစားသူစာရင်းမှာ ထိပ်ဆုံး(၁၀)ဦးအတွင်းဝင်နိုင်ဖို့ရှိနေပြီး

အခုလောလောဆယ် အဆင့်(၁၀)နေရာက ရှဝိန်းစတိုင်ဂါနဲ့(၄၉)ပွဲကွာဟနေပါတယ်။

zawgyi

အသက္(၃၉)ႏွစ္အ႐ြယ္အထိ ဂိုးသမားႏူအာကို အသင္းမွာဆက္ရွိေနဖို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္ ဘိုင္ယန္

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ဂ်ာမနီဝါရင့္ဂိုးသမားႀကီးႏူအာဟာ

အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ျပင္ဆင္ေနၿပီး စာခ်ဳပ္သစ္အရ

ဘိုင္ယန္ျမဴးနစ္အသင္းမွာ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနမွာျဖစ္ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူႏူအာဟာ ၂၀၁၁ ခုႏွစ္တုန္းက

ေရွာ္လ္ေကးအသင္းကေန ဘိုင္ယန္ျမဴးနစ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

ဘိုင္ယန္ျမဴးနစ္ကစားသမားဘဝ ဆယ္စုႏွစ္တစ္ခုၾကာကာလအတြင္း

ပြဲေပါင္း(၄၅၁)ပြဲအထိကစားခဲ့သလို ဆုဖလားေအာင္ျမင္မႈေတြ

အမ်ားႀကီးရယူႏိုင္ခဲ့ပါတယ္။ ႏူအာရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၂-၂၃ ရာသီကုန္က်ရင္

သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ အသင္းတာဝန္ရွိသူေတြက

သူတို႔ရဲ႕နံပါတ္(၁)ဂိုးသမားကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္

စတင္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။ ႏူအာကလည္း ဘိုင္ယန္ျမဴးနစ္အသင္းမွာပဲ

ဆက္လက္ကစားဖို႔ဆႏၵရွိေနတာေၾကာင့္ စာခ်ဳပ္သစ္ကိစၥအတြက္

ေဆြးေႏြးမႈက ထင္ထားတာထက္ေတာင္ ပိုျမန္ဆန္ေနတယ္လို႔

Sport1 ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ

ႏူအာကို ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး

အဲဒီစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္အခ်ိန္က်ရင္ ႏူအာရဲ႕အသက္က

(၃၉)ႏွစ္အထိရွိေနမွာပါ။ ႏူအာဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္

ျပသခဲ့တဲ့စြမ္းေဆာင္ရည္၊ အသင္းနဲ႔အတူရရွိခဲ့တဲ့ေအာင္ျမင္မႈေတြအရ

လက္ရွိကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးဂိုးသမားတစ္ဦးအျဖစ္

သတ္မွတ္ခံထားရၿပီး သူဟာ ဘြန္ဒစ္လီဂါ(၉)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္၊

ဥေရာပစူပါဖလား၊ ဖီဖာကလပ္ကမာၻ႔ဖလားေတြအပါအဝင္

ဆုဖလားေပါင္း(၂၆)ခုအထိရရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္ေ႐ြးစင္

ကစားသမားဘဝမွာလည္း ဂ်ာမနီအသင္းနဲ႔အတူ

၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံဆုရရွိခဲ့တာေၾကာင့္ အဲဒီႏွစ္ Ballon d’Or ဆုအတြက္

ရပ္တည္မႈမွာ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ရဲ႕ေနာက္

တတိယေနရာရရွိခဲ့သူျဖစ္ပါတယ္။ ႏူအာအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔

စာခ်ဳပ္သက္တမ္းတိုးၿပီးသြားရင္ အသင္းသမိုင္းတစ္ေလွ်ာက္

ပြဲအမ်ားဆုံးကစားသူစာရင္းမွာ ထိပ္ဆုံး(၁၀)ဦးအတြင္းဝင္ႏိုင္ဖို႔ရွိေနၿပီး

အခုေလာေလာဆယ္ အဆင့္(၁၀)ေနရာက ရွဝိန္းစတိုင္ဂါနဲ႔(၄၉)ပြဲကြာဟေနပါတယ္။