အသက်(၃၀)ကျော် ကစားသမားအပြောင်းအရွှေ့ထဲမှာ ဒုတိယတန်ကြေးအမြင့်ဆုံး ကက်စ်မီရို

အသက်(၃၀)ကျော် ကစားသမားအပြောင်းအရွှေ့ထဲမှာ ကက်စ်မီရိုဟာ ဒုတိယတန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်ကွင်လယ်လူ ကက်စ်မီရိုကို ယူရို သန်း ၇၀ နဲ့ မန်ယူကခေါ်ယူလိုက်ပြီးနောက် စီရော်နယ်ဒိုပြီးရင် ဒုတိယတန် ကြေးအမြင့်ဆုံး ကစားသမားစာရင်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန် ထိတော့ အသက် ၃၀ကျော် ကစားသမားတွေထဲမှာ စီရော်နယ်ဒိုရဲ့ ပြောင်းရွှေ့ကြေးကို ကျော်နိုင်သူ မရှိသေးဘူးလို့ ဆိုရမှာပါ။ လက်ရှိမှာ အသက် (၃၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၁၈ခုနှစ်မှာ ရီးရဲလ်ကနေ ဂျူဗင် တပ်ကို ယူရို သန်း ၁၀၀နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က ရီးရဲလ်ပရိသတ်တွေဟာ သူတို့ရဲ့ တိုက်စစ် မှူးကို ရောင်းချတာဟာ အချိန်စောလွန်းနေသေးတယ်ဆိုပြီးလည်း ရီးရဲလ်ကိုဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါ တယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ၄ ကြိမ်အထိရယူနိုင်ခဲ့တဲ့ ဂန္တဝင်ကစားသမား တစ်ယောက်လည်းဖြစ်ခဲ့တာပါ။

အသင်းက မထွက်ခင်နောက်ဆုံးနှစ်မှာ ရီးရဲလ်အတွက် ချန်ပီယံလိဂ်သမိုင်းမှာ ဘယ်အသင်းမှမလုပ်ပြနိုင်သေးတဲ့ ၃ နှစ်ဆက်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုနောက်ထပ် ရီးရဲလ်ကထွက်ခွာခဲ့တဲ့ ကစားသမားတစ်ယောက်ကလည်း အသက်(၃၀)ကျော် ဒုတိယတန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာတာကတော့ထူးခြားမှုပါပဲ။

ကက်စ်မီရိုမတိုင်ခင်မှာ ဒုတိယတန် ကြေးအမြင့်ဆုံးကစားအဖြစ် ရပ်တည်နေခဲ့တာကတော့ ပီဂျာနစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လမှာ ဘာစီလိုနာဟာ အသက် (၃၂) အရွယ် ပီဂျာနစ်ကို ဂျူဗင်တပ်ကနေ ယူရိုသန်း ၆၀နဲ့ ခေါ်ယူခဲ့တာပါ။

အခုတော့ပီဂျာနစ်အနေနဲ့ တတိယ နေရာကို ရောက်သွားခဲ့ရပြီဖြစ်ပါတယ်။ ပီဂျာနစ်ပြီးရင် နံပါတ် ၄ နေရာမှာရှိနေတာကတော့ ဘာစီလိုနာတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးပဲဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ် လီဝန်ဒေါစကီးကတော့ အခုနွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်ကနေ ဘာစီလိုနာကို ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ အသက်(၃၀)ကျော်တန်ကြေးအမြင့်ဆုံး ထိပ်တန်းကစားသမား ၁၀ ယောက်ထဲမှာ စီရော်နယ်ဒို၊ ကက်စ်မီရီု၊ ပီဂျာနစ်နဲ့ လီဝန်ဒေါစကီး

တို့ပြီးရင် ပေါ်လင်ဟို ယူရို ၄၂သန်း၊ ဘိုနုချီ ယူရို ၄၂သန်း၊ ကူလီဘာလီ ယူရို သန်း ၄၀၊ နိုင်ဂိုလန် ယူရို ၃၈သန်း၊ ဂါဘရီရယ် ဘာတစ် တူတာ ယူရို ၃၆သန်း၊ ဆီလက်ဆင် ယူရို ၃၅ သန်းနဲ့ အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

(zawgyi)

အသက္(၃၀)ေက်ာ္ ကစားသမားအေျပာင္းအေ႐ႊ႕ထဲမွာ ကက္စ္မီ႐ိုဟာ ဒုတိယတန္ေၾကးအျမင့္ဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္။ ရီးရဲလ္ကြင္လယ္လူ ကက္စ္မီ႐ိုကို ယူ႐ို သန္း ၇၀ နဲ႔ မန္ယူကေခၚယူလိုက္ၿပီးေနာက္ စီေရာ္နယ္ဒိုၿပီးရင္ ဒုတိယတန္ ေၾကးအျမင့္ဆုံး ကစားသမားစာရင္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ ထိေတာ့ အသက္ ၃၀ေက်ာ္ ကစားသမားေတြထဲမွာ စီေရာ္နယ္ဒိုရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေက်ာ္ႏိုင္သူ မရွိေသးဘူးလို႔ ဆိုရမွာပါ။ လက္ရွိမွာ အသက္ (၃၇)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ၂၀၁၈ခုႏွစ္မွာ ရီးရဲလ္ကေန ဂ်ဴဗင္ တပ္ကို ယူ႐ို သန္း ၁၀၀နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္က ရီးရဲလ္ပရိသတ္ေတြဟာ သူတို႔ရဲ႕ တိုက္စစ္ မႉးကို ေရာင္းခ်တာဟာ အခ်ိန္ေစာလြန္းေနေသးတယ္ဆိုၿပီးလည္း ရီးရဲလ္ကိုေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကတာျဖစ္ပါ တယ္။ စီေရာ္နယ္ဒိုဟာ ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဆုဖလားကို ၄ ႀကိမ္အထိရယူႏိုင္ခဲ့တဲ့ ဂႏၲဝင္ကစားသမား တစ္ေယာက္လည္းျဖစ္ခဲ့တာပါ။

အသင္းက မထြက္ခင္ေနာက္ဆုံးႏွစ္မွာ ရီးရဲလ္အတြက္ ခ်န္ပီယံလိဂ္သမိုင္းမွာ ဘယ္အသင္းမွမလုပ္ျပႏိုင္ေသးတဲ့ ၃ ႏွစ္ဆက္ခ်န္ပီယံဆုကို ရယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အခုေနာက္ထပ္ ရီးရဲလ္ကထြက္ခြာခဲ့တဲ့ ကစားသမားတစ္ေယာက္ကလည္း အသက္(၃၀)ေက်ာ္ ဒုတိယတန္ေၾကးအျမင့္ဆုံး ကစားသမားျဖစ္လာတာကေတာ့ထူးျခားမႈပါပဲ။

ကက္စ္မီ႐ိုမတိုင္ခင္မွာ ဒုတိယတန္ ေၾကးအျမင့္ဆုံးကစားအျဖစ္ ရပ္တည္ေနခဲ့တာကေတာ့ ပီဂ်ာနစ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ ဩဂုတ္လမွာ ဘာစီလိုနာဟာ အသက္ (၃၂) အ႐ြယ္ ပီဂ်ာနစ္ကို ဂ်ဴဗင္တပ္ကေန ယူ႐ိုသန္း ၆၀နဲ႔ ေခၚယူခဲ့တာပါ။ အခုေတာ့ပီဂ်ာနစ္အေနနဲ႔ တတိယ ေနရာကို ေရာက္သြားခဲ့ရၿပီျဖစ္ပါတယ္။

ပီဂ်ာနစ္ၿပီးရင္ နံပါတ္ ၄ ေနရာမွာရွိေနတာကေတာ့ ဘာစီလိုနာတိုက္စစ္မႉးသစ္ လီဝန္ေဒါစကီးပဲျဖစ္ပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ လီဝန္ေဒါစကီးကေတာ့ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဘိုင္ယန္ကေန ဘာစီလိုနာကို ယူ႐ို ၄၅သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာပါ။ အသက္(၃၀)ေက်ာ္တန္ေၾကးအျမင့္ဆုံး ထိပ္တန္းကစားသမား ၁၀ ေယာက္ထဲမွာ

စီေရာ္နယ္ဒို၊ ကက္စ္မီ႐ီု၊ ပီဂ်ာနစ္နဲ႔ လီဝန္ေဒါစကီးတို႔ၿပီးရင္ ေပၚလင္ဟို ယူ႐ို ၄၂သန္း၊ ဘိုႏုခ်ီ ယူ႐ို ၄၂သန္း၊ ကူလီဘာလီ ယူ႐ို သန္း ၄၀၊ ႏိုင္ဂိုလန္ ယူ႐ို ၃၈သန္း၊ ဂါဘရီရယ္ ဘာတစ္ တူတာ ယူ႐ို ၃၆သန္း၊ ဆီလက္ဆင္ ယူ႐ို ၃၅ သန္းနဲ႔ အသီးသီးရပ္တည္ေနတာျဖစ္ပါတယ္။