အသက်(၁၃)နှစ်အရွယ်နဲ့ အသက်အငယ်ဆုံးကစားသမားစံချိန်တင်ခဲ့သူ

အမေရိကန်မှာ မေဂျာလိဂ်ပြီးရင် ဒုတိယတန်းအဖြစ်သတ်မှတ်ရမယ့် USL

Championship က ရီးယဲလ်မိုနာ့ချ်အသင်းတိုက်စစ်မှူးအက်ဇဲလ်ကေဟာ

သောကြာညက စီနီယာအသင်းအတွက်ပထမဆုံးပါဝင်ကစားခွင့်ရခဲ့ပြီး

အသက်က (၁၃)နှစ်သာရှိသေးလို့ အမေရိကန်ပရော်ဖက်ရှင်နယ်ဘောလုံး

သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဘောလုံးသမားအဖြစ် စံချိန်တင်

နိုင်ခဲ့ပါတယ်။

ကော်လိုရာဒိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အက်ဇဲလ်ကေဟာ ဒုတိယ

ပိုင်း(၆၁)မိနစ်အရောက်မှာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပြိး အသက်(၁၃)နှစ်၊

(၉)လ၊ (၉)ရက်နဲ့ အခုလို သမိုင်းဝင်စံချိန်မှတ်တမ်းပိုင်ဆိုင်ခဲ့တာပါ။

အက်ဇဲလ်ကေမတိုင်ခင် အမေရိကန်ဘောလုံးသမိုင်းမှာ အသက်အငယ်ဆုံး

ကစားသမားအဖြစ်စံချိန်တင်ခဲ့တာက နာမည်ကျော်ဘောလုံးသမား

ဖရက်ဒီအဒူးဖြစ်ပြီး D.C ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့ချိန်မှာ

အသက်(၁၄)နှစ်နဲ့စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၇၊ ဒီဇင်ဘာလ(၃၀)ရက်မှာ မွေးဖွားခဲ့သူ အက်ဇဲလ်ကေဟာ အိုင်ဗရီကို့စ်

လူမျိုးဖြစ်ပေမယ့် ငယ်ငယ်ကတည်းက သူ့မိသားစုဟာ ကယ်လီဖိုးနီးယားကို

ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မေဂျာလိဂ်နာမည်ကျော်ကလပ် ရီးယဲလ်ဆော့လိတ်အသင်း

အကယ်ဒမီကိုရောက်ရှိခဲ့သူ အက်ဇဲလ်ကေဟာ ယူ-၁၅ အသင်းရဲ့ဂိုးသွင်းအများဆုံး

ကစားသမားဖြစ်ခဲ့ပြီး ရီးယဲလ်ဆော့လိတ်အသင်းဟာ အခုနှစ်၊ ဇူလိုင်လတုန်းက

MLS NEXT Cup ဗိုလ်လုပွဲမှာ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဖဲလ်ဒယ်လ်ဖီး

ယားယူနီယံအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရယူပြီးတော့ အသင်းသမိုင်းတစ်လျှောက်

ပထမဆုံး MLS NEXT Cup ဖလားရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အက်ဇဲလ်ကေဟာ ပြိုင်ပွဲတစ်လျှောက်အသင်းအတွက်ခြေစွမ်းပြကစား

နိုင်ခဲ့သလို သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အက်ဇ်လ်ကေဟာ အမေရိကန်ဘောလုံးလောကမှာသာမက အမေရိကန်

အားကစားအသင်းတွေထဲမှာ အသက်အငယ်ဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့

ပြီး (၁၃)နှစ်အရွယ်မှာကတည်းက သမိုင်းဝင်စံချိန်ကောင်းတစ်ခုပိုင်ဆိုင်ခဲ့သလို

လာမယ့်အနာဂတ်မှာလည်း အောင်မြင်မှုတွေဆက်လက်ရယူနိုင်မလားဆိုတာ

စောင့်ကြည့်ရမှာပါ.

Zawgyi

အေမရိကန္မွာ ေမဂ်ာလိဂ္ၿပီးရင္ ဒုတိယတန္းအျဖစ္သတ္မွတ္ရမယ့္ USL

Championship က ရီးယဲလ္မိုနာ့ခ်္အသင္းတိုက္စစ္မႉးအက္ဇဲလ္ေကဟာ

ေသာၾကာညက စီနီယာအသင္းအတြက္ပထမဆုံးပါဝင္ကစားခြင့္ရခဲ့ၿပီး

အသက္က (၁၃)ႏွစ္သာရွိေသးလို႔ အေမရိကန္ပေရာ္ဖက္ရွင္နယ္ေဘာလုံး

သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးေဘာလုံးသမားအျဖစ္ စံခ်ိန္တင္

ႏိုင္ခဲ့ပါတယ္။

ေကာ္လိုရာဒိုအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ အက္ဇဲလ္ေကဟာ ဒုတိယ

ပိုင္း(၆၁)မိနစ္အေရာက္မွာ လူစားဝင္ကစားခြင့္ရခဲ့တာျဖစ္ၿပိး အသက္(၁၃)ႏွစ္၊

(၉)လ၊ (၉)ရက္နဲ႔ အခုလို သမိုင္းဝင္စံခ်ိန္မွတ္တမ္းပိုင္ဆိုင္ခဲ့တာပါ။

အက္ဇဲလ္ေကမတိုင္ခင္ အေမရိကန္ေဘာလုံးသမိုင္းမွာ အသက္အငယ္ဆုံး

ကစားသမားအျဖစ္စံခ်ိန္တင္ခဲ့တာက နာမည္ေက်ာ္ေဘာလုံးသမား

ဖရက္ဒီအဒူးျဖစ္ၿပီး D.C ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ခြင့္ရခဲ့ခ်ိန္မွာ

အသက္(၁၄)ႏွစ္နဲ႔စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

၂၀၀၇၊ ဒီဇင္ဘာလ(၃၀)ရက္မွာ ေမြးဖြားခဲ့သူ အက္ဇဲလ္ေကဟာ အိုင္ဗရီကို႔စ္

လူမ်ိဳးျဖစ္ေပမယ့္ ငယ္ငယ္ကတည္းက သူ႔မိသားစုဟာ ကယ္လီဖိုးနီးယားကို

ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ေမဂ်ာလိဂ္နာမည္ေက်ာ္ကလပ္ ရီးယဲလ္ေဆာ့လိတ္အသင္း

အကယ္ဒမီကိုေရာက္ရွိခဲ့သူ အက္ဇဲလ္ေကဟာ ယူ-၁၅ အသင္းရဲ႕ဂိုးသြင္းအမ်ားဆုံး

ကစားသမားျဖစ္ခဲ့ၿပီး ရီးယဲလ္ေဆာ့လိတ္အသင္းဟာ အခုႏွစ္၊ ဇူလိုင္လတုန္းက

MLS NEXT Cup ဗိုလ္လုပြဲမွာ ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ဖဲလ္ဒယ္လ္ဖီး

ယားယူနီယံအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရယူၿပီးေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္

ပထမဆုံး MLS NEXT Cup ဖလားရယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အက္ဇဲလ္ေကဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္အသင္းအတြက္ေျခစြမ္းျပကစား

ႏိုင္ခဲ့သလို သြင္းဂိုး(၅)ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံးေ႐ႊဖိနပ္ဆုဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

အက္ဇ္လ္ေကဟာ အေမရိကန္ေဘာလုံးေလာကမွာသာမက အေမရိကန္

အားကစားအသင္းေတြထဲမွာ အသက္အငယ္ဆုံးကစားသမားအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့

ၿပီး (၁၃)ႏွစ္အ႐ြယ္မွာကတည္းက သမိုင္းဝင္စံခ်ိန္ေကာင္းတစ္ခုပိုင္ဆိုင္ခဲ့သလို

လာမယ့္အနာဂတ္မွာလည္း ေအာင္ျမင္မႈေတြဆက္လက္ရယူႏိုင္မလားဆိုတာ

ေစာင့္ၾကည့္ရမွာပါ.