
သောကြာညက ကစားခဲ့တဲ့ ဂလက်ဘတ်နဲ့ပွဲမှာ ပေါလ်ဝမ်နာဆိုတဲ့
ချာတိတ်လေးဟာ ဘိုင်ယန်သမိုင်းတစ်လျှောက်
အသက်အငယ်ဆုံးဘွန်ဒက်စ်လီဂါပွဲထွက်သူဖြစ်လာပါတယ်။
ဘိုင်ယန်အသင်းမှာ ကိုဗစ်ပြသနာကြုံတွေ့နေချိန်
အဲဒီ ၁၆ နှစ်သားလေးဟာ အခုလိုအခွင့်အရေးမျိုးရရှိခဲ့တာပါ။
ကိုဗစ်ကြောင့် ဘိုင်ယန်ပထမအသင်းကစားသမား ၉ ယောက်
မကစားနိုင်ဖြစ်နေချိန် နည်းပြနာဂယ်စမန်ဟာ ယူ-၁၉ အသင်းက
၁၆ နှစ်အရွယ် ကစားသမားနှစ်ယောက်ကို
ဂလက်ဘတ်နဲ့ပွဲအတွက် ခေါ်ယူခဲ့တာဖြစ်တယ်။
ဘယ်ခြေအားသန်သူဖြစ်တဲ့ ပေါလ်ဝမ်နာဟာ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ကမှ ၁၆ နှစ်ပြည့်ခဲ့တာပါ။
ဒါကြောင့် ဂလက်ဘတ်နဲ့ပွဲမှာ လူစားဝင်ကစားချိန်
သူ့အသက်က ၁၆ နှစ်နဲ့ ၁၅ ရက်သာရှိသေးပြီး စံချိန်သစ်ရှင်ဖြစ်လာခဲ့ပါတယ်။
ပေါလ်ဝမ်နာအနေနဲ့ လက်ရှိဘိုင်ယန်ကွင်းလယ်လူမူဆီယာလာရဲ့
စံချိန်ကို ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂလက်ဘတ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့ မူဆီယာလာဟာ
၂၀၂၀ ဇွန်လတုန်းက ၁၇ နှစ် ၁၁၅ ရက်နဲ့ ဘိုင်ယန်ရဲ့
အသက်အငယ်ဆုံးဘွန်ဒက်စ်လီဂါပွဲထွက်သူဖြစ်ခဲ့တာပါ။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့
ပေါလ်ဝမ်နာဟာ ဒုတိယအသက်အငယ်ဆုံး ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်
အသက်အငယ်ဆုံးစံချိန်ရှင်ကတော့ ဒေါ့မန်တိုက်စစ်မှုးမိုကိုကိုဖြစ်ပြီး
၁၆ နှစ်ပြည့်ပြီးနောက်တစ်ရက်မှာ ဘွန်ဒက်စ်လီဂါပွဲဦးထွက်ခဲ့တာပါ။
လူငယ်ကွင်းလယ်လူပေါလ်ဝမ်နာဟာ သူဝင်ရောက်ကစားခွင့်ရခဲ့တဲ့
၁၅ မိနစ်မှာ ဘောလုံးထိချက် ၇ ကြိမ်ရှိခဲ့ပြီး ပေးပို့မှု ၆၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ပါတယ်။
zawgyi
အသက္အငယ္ဆုံးပြဲထြက္သူျဖစ္လာတဲ့ ၁၆ ႏွစ္သားေလး ေပါလ္ဝမ္နာ
ေသာၾကာညက ကစားခဲ့တဲ့ ဂလက္ဘတ္နဲ႔ပြဲမွာ ေပါလ္ဝမ္နာဆိုတဲ့
ခ်ာတိတ္ေလးဟာ ဘိုင္ယန္သမိုင္းတစ္ေလွ်ာက္
အသက္အငယ္ဆုံးဘြန္ဒက္စ္လီဂါပြဲထြက္သူျဖစ္လာပါတယ္။
ဘိုင္ယန္အသင္းမွာ ကိုဗစ္ျပသနာႀကဳံေတြ႕ေနခ်ိန္
အဲဒီ ၁၆ ႏွစ္သားေလးဟာ အခုလိုအခြင့္အေရးမ်ိဳးရရွိခဲ့တာပါ။
ကိုဗစ္ေၾကာင့္ ဘိုင္ယန္ပထမအသင္းကစားသမား ၉ ေယာက္
မကစားႏိုင္ျဖစ္ေနခ်ိန္ နည္းျပနာဂယ္စမန္ဟာ ယူ-၁၉ အသင္းက
၁၆ ႏွစ္အ႐ြယ္ ကစားသမားႏွစ္ေယာက္ကို
ဂလက္ဘတ္နဲ႔ပြဲအတြက္ ေခၚယူခဲ့တာျဖစ္တယ္။
ဘယ္ေျခအားသန္သူျဖစ္တဲ့ ေပါလ္ဝမ္နာဟာ
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၃ ကမွ ၁၆ ႏွစ္ျပည့္ခဲ့တာပါ။
ဒါေၾကာင့္ ဂလက္ဘတ္နဲ႔ပြဲမွာ လူစားဝင္ကစားခ်ိန္
သူ႔အသက္က ၁၆ ႏွစ္နဲ႔ ၁၅ ရက္သာရွိေသးၿပီး စံခ်ိန္သစ္ရွင္ျဖစ္လာခဲ့ပါတယ္။
ေပါလ္ဝမ္နာအေနနဲ႔ လက္ရွိဘိုင္ယန္ကြင္းလယ္လူမူဆီယာလာရဲ႕
စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဂလက္ဘတ္နဲ႔ပြဲမွာ ပါဝင္ကစားခဲ့တဲ့ မူဆီယာလာဟာ
၂၀၂၀ ဇြန္လတုန္းက ၁၇ ႏွစ္ ၁၁၅ ရက္နဲ႔ ဘိုင္ယန္ရဲ႕
အသက္အငယ္ဆုံးဘြန္ဒက္စ္လီဂါပြဲထြက္သူျဖစ္ခဲ့တာပါ။
ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာေတာ့
ေပါလ္ဝမ္နာဟာ ဒုတိယအသက္အငယ္ဆုံး ျဖစ္ပါတယ္။
ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္
အသက္အငယ္ဆုံးစံခ်ိန္ရွင္ကေတာ့ ေဒါ့မန္တိုက္စစ္မႈးမိုကိုကိုျဖစ္ၿပီး
၁၆ ႏွစ္ျပည့္ၿပီးေနာက္တစ္ရက္မွာ ဘြန္ဒက္စ္လီဂါပြဲဦးထြက္ခဲ့တာပါ။
လူငယ္ကြင္းလယ္လူေပါလ္ဝမ္နာဟာ သူဝင္ေရာက္ကစားခြင့္ရခဲ့တဲ့
၁၅ မိနစ္မွာ ေဘာလုံးထိခ်က္ ၇ ႀကိမ္ရွိခဲ့ၿပီး ေပးပို႔မႈ ၆၀ ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့ပါတယ္။