
ပေါ်တူဂီကြယ်ပွင့်ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းကို ပြောင်းရွှေ့ဖို့စံချိန်တင်သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်တယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် သူ့ရဲ့ ၅ကြိမ်မြောက် ကမ္ဘာ့ဖလားကို ကလပ်လက်မဲ့အနေအထားနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။
ဘလွန်ဒီအော် ၅ကြိမ်ရှင်ဟာ ကာတာမှာပေါ်တူဂီအသင်းနဲ့အလုပ်များနေပေမဲ့
ပြိုင်ပွဲအပြီးမှာနောက်ထပ်အပြောင်းအရွှေ့အတွက်စီစဉ်ထားပြီးဖြစ်တယ်လို့ စပိန်သတင်းစာ Marca ကဖွင့်ချလိုက်ပါတယ်။
GOAT ကြီးဟာ ဇန်နဝါရီ ၁ရက်နေ့မှာ အယ်လ်နက်ဆာအသင်းနဲ့ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ရှိနေပြီး
တစ်ရာသီကို ယူရိုသန်း ၂၀၀ ရရှိမှာဖြစ်လို့ ကမ္ဘာ့လစာငွေအမြင့်ဆုံးကစားသမားဖြစ်လာဖို့ရှိနေပါတယ်။
တနည်းအားဖြင့်တော့ ရော်နယ်ဒိုဟာ တစ်စက္ကန့်ကို ၂၆ ယူရိုဝင်နေမှာဖြစ်ပြီး အသက်ရှုတိုင်းငွေဝင်နေတဲ့ ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။
အသက် ၃၇နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီး၊ နယူးကာဆယ်တို့နဲ့ချိတ်ဆက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ဥရောပကိုကျောခိုင်းဖို့ဖြစ်လာခဲ့ပါတယ်။
ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာကတည်း ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့တယ်လို့ ရော်နယ်ဒိုက ဖွင့်ဟထားတာဖြစ်တယ်။
ကမ္ဘာ့ဖလားအပြီးမှာတော့ GOAT တစ်ယောက်ဥရောပဘောလုံးလောက ကပျောက်ကွယ်ဖို့သေချာသွားခဲ့ပါပြီ။
“မှန်ပါတယ်၊ တကယ်အမှန်ပဲ။ မီဒီယာတွေက ငါ့ကိုဘယ်သူမှမလိုချင်တဲ့အမှိုက်လို့ ဆိုနေကြတယ်၊ ဒါလုံးဝကိုမှားတယ်။
အရှင်းဆုံးပြောရရင် ယူနိုက်တက်မှာပျော်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ခရစ္စတီယာနိုကိုမလိုချင်တော့ဘူးလို့ထပ်ပြောကြတယ်။
မနှစ်က ပြိုင်ပွဲစုံ(နိုင်ငံနဲ့ကလပ်) ၃၂ဂိုး သွင်းတဲ့ကစားသမားကိုသူတို့မလိုချင်ကြဘူး။ ဒါကခက်တယ်ဗျာ၊ ခက်တယ်။
ဒီလိုပါပဲ ပျော်နေခဲ့တယ်။ ကျွန်တော်ဂိုးတွေသွင်းနိုင်တုန်းပဲလေ” လို့ ပေါက်ကွဲအားပြင်းတဲ့အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။
zawgyi
အသက္တစ္ခ်က္ရႈတိုင္း ၂၆ ယူ႐ိုဝင္ေနမယ့္စာခ်ဳပ္နဲ႔ ေဆာ္ဒီကလပ္ကိုေျပာင္းေ႐ႊ႕ဖို႔အတြက္ ေရာ္နယ္ဒို သေဘာတူလိုက္ၿပီ
ေပၚတူဂီၾကယ္ပြင့္ေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္အယ္လ္နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔စံခ်ိန္တင္သေဘာတူညီမႈရယူႏိုင္ခဲ့ၿပီျဖစ္တယ္။
ေရာ္နယ္ဒိုဟာ ယူႏိုက္တက္နဲ႔စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ၅ႀကိမ္ေျမာက္ ကမာၻ႔ဖလားကို ကလပ္လက္မဲ့အေနအထားနဲ႔ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္တယ္။
ဘလြန္ဒီေအာ္ ၅ႀကိမ္ရွင္ဟာ ကာတာမွာေပၚတူဂီအသင္းနဲ႔အလုပ္မ်ားေနေပမဲ့
ၿပိဳင္ပြဲအၿပီးမွာေနာက္ထပ္အေျပာင္းအေ႐ႊ႕အတြက္စီစဥ္ထားၿပီးျဖစ္တယ္လို႔ စပိန္သတင္းစာ Marca ကဖြင့္ခ်လိုက္ပါတယ္။
GOAT ႀကီးဟာ ဇန္နဝါရီ ၁ရက္ေန႔မွာ အယ္လ္နက္ဆာအသင္းနဲ႔ ၂ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ရွိေနၿပီး
တစ္ရာသီကို ယူ႐ိုသန္း ၂၀၀ ရရွိမွာျဖစ္လို႔ ကမာၻ႔လစာေငြအျမင့္ဆုံးကစားသမားျဖစ္လာဖို႔ရွိေနပါတယ္။
တနည္းအားျဖင့္ေတာ့ ေရာ္နယ္ဒိုဟာ တစ္စကၠန႔္ကို ၂၆ ယူ႐ိုဝင္ေနမွာျဖစ္ၿပီး အသက္ရႈတိုင္းေငြဝင္ေနတဲ့ ကစားသမားျဖစ္လာဖို႔ရွိေနပါတယ္။
အသက္ ၃၇ႏွစ္အ႐ြယ္ကစားသမားဟာ ခ်ဲလ္ဆီး၊ နယူးကာဆယ္တို႔နဲ႔ခ်ိတ္ဆက္ခဲ့ေပမဲ့ ေနာက္ဆုံးမွာေတာ့ဥေရာပကိုေက်ာခိုင္းဖို႔ျဖစ္လာခဲ့ပါတယ္။
ပီးယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာကတည္း ေဆာ္ဒီကလပ္ရဲ႕ကမ္းလွမ္းမႈကိုလက္ခံရရွိခဲ့တယ္လို႔ ေရာ္နယ္ဒိုက ဖြင့္ဟထားတာျဖစ္တယ္။
ကမာၻ႔ဖလားအၿပီးမွာေတာ့ GOAT တစ္ေယာက္ဥေရာပေဘာလုံးေလာက ကေပ်ာက္ကြယ္ဖို႔ေသခ်ာသြားခဲ့ပါၿပီ။
“မွန္ပါတယ္၊ တကယ္အမွန္ပဲ။ မီဒီယာေတြက ငါ့ကိုဘယ္သူမွမလိုခ်င္တဲ့အမႈိက္လို႔ ဆိုေနၾကတယ္၊ ဒါလုံးဝကိုမွားတယ္။
အရွင္းဆုံးေျပာရရင္ ယူႏိုက္တက္မွာေပ်ာ္ခဲ့တယ္။ ဒါေပမဲ့ သူတို႔က ခရစၥတီယာႏိုကိုမလိုခ်င္ေတာ့ဘူးလို႔ထပ္ေျပာၾကတယ္။
မႏွစ္က ၿပိဳင္ပြဲစုံ(ႏိုင္ငံနဲ႔ကလပ္) ၃၂ဂိုး သြင္းတဲ့ကစားသမားကိုသူတို႔မလိုခ်င္ၾကဘူး။ ဒါကခက္တယ္ဗ်ာ၊ ခက္တယ္။
ဒီလိုပါပဲ ေပ်ာ္ေနခဲ့တယ္။ ကြၽန္ေတာ္ဂိုးေတြသြင္းႏိုင္တုန္းပဲေလ” လို႔ ေပါက္ကြဲအားျပင္းတဲ့အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက ေျပာဆိုခဲ့ပါတယ္။