အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ပရီးမီးယားလိဂ်ကစားသမားဟောင်း

ဆန်တာခရုဇ်ဆိုတာ ပါရာဂွေးလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်ပြီး

ဥရောပရဲ့ထိပ်တန်းကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊

မန်စီးတီး အစရှိတဲ့အသင်းတွေအပြင် မာလာဂါ၊ ဘလက်ဘန်း အစရှိတဲ့

အသင်းတွေမှာပါကစားခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အီဘရာဟီမိုဗစ်၊

စီရော်နယ်ဒို အစရှိတဲ့သူတွေဟာအသက်အရွယ်ရလာကြပေမယ့်

ဥရောပရဲ့ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ကစားနေကြသေးလို့ အားလုံးက

အံ့အားသင့်နေကြပါတယ်။ ဒါပေမယ့် ဆန်တာခရုဇ် အကြောင်းကြားရင်

ပိုပြီးအံ့အားသင့်ကြရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်စစ်မှူးဟာ

အခုဆိုရင်အသက် ၄၀ ကျော်နေပြီဖြစ်ပေမယ့် ကြံ့ခိုင်မှုအပြည့်နဲ့

ဘောလုံးကစားနေဆဲဖြစ်ပြီး မကြာသေးခင်ကလည်း သူကစားနေတဲ့

ပါရာဂွေးကလပ် အိုလံပီယာနဲ့အတူ ဆုဖလားဆွတ်ခူးခဲ့သေးတာပါ။

အသက် ၄၀ ပြည့်ပြီးတာ ၄ လကျော်ခဲ့ပြီဖြစ်ပေမယ့် ဆန်တာခရုဇ်ဟာ

သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ ပရော်ဖက်ရှင်နယ်

ကစားသမားဘဝကိုအဆုံးသတ်ဖို့ စိတ်မကူးသေးပါဘူး။

အခုကစားနေတဲ့ အိုလံပီယာအသင်းဟာသူ့ဘဝမှာပထမဆုံး

ပရော်ဖက်ရှင်နယ်ဘဝစတင်ခဲ့တဲ့ကလပ်ဖြစ်ပြီး အဲဒီမှာ ၁၉၉၇ က‌နေ ၁၉၉၉ အထိ

ကစားပြီးမှာ ဘိုင်ယန်မြူးနစ်ကိုပြောင်းသွားတာဖြစ်ပါတယ်။

မကြာသေးခင်က ပါရာဂွေးစူပါဖလားပွဲမှာ အိုလံပီယာက ပေါ်တီနိုကို ၃-၁ နဲ့နိုင်ပြီး

ဖလားရခဲ့တော့ ဆန်တာခရုဇ်ဟာအသင်းအတွက်အရေးပါတဲ့အဖွင့်ဂိုးသွင်းပေးခဲ့သေးတာပါ။

ဒီပွဲဟာသူ့အတွက်နောက်ဆုံးပွဲဖြစ်မယ်လို့ဆိုနေကြပေမယ့်

သူကတော့ ကစားသမာဘဝကိုအဆုံးသတ်ဦးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

သူက” အိုလံပီယာနဲ့နောက်ဆုံးပွဲကစားပြီး ဖလားလည်းရခဲ့လို့

ကျွန်တော့်ကစားသမားဘဝအဆုံးသတ်တော့မယ်လို့ ပြောနေကြပါတယ်။

ဒါပေမယ့်အဆုံးသတ်မှာက အိုလံပီယာနဲ့ပါ။ အခြားအသင်းတစ်ခုကိုသွားပြီး

ကျွန်တော်ကစားဦးမှာပါ” လို့ပြောသွားပါတယ်။

ဆန်တာခရုဇ်ဟာ ပါရာဂွေးအတွက် ၁၁၂ ပွဲကစားခဲ့လို့ ပွဲအရေအတွက်

အများဆုံးကစားသူဖြစ်တဲ့အပြင် ၃၂ ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးသူအဖြစ်

ရပ်တည်နေပါတယ်။ ပါရာဂွေးမှာ ဆန်တာခရုဇ်လို့ပြောလိုက်ရင်

မျိုးဆက်ဟောင်းရော မျိုးဆက်သစ်ပရိသတ်တွေပါ သူ့ကိုနိုင်ငံရဲ့အကြီးကျယ်ဆုံးသော

ဘောလုံးသမာအဖြစ် သိရှိကြပါတယ်။ အရပ် ၆ ပေနဲ့ ၄ လက်မမြင့်ပေမယ့်

ကစားတဲ့အခါမှာ အရပ်နဲ့မလိုက်အောင် အရှိန်ကိုထိန်းနိုင်သူ၊

ဘောလုံးလှည့်ဖြားနိုင်စွမ်းရှိသူအဖြစ်လည်း နာမည်ကျော်ခဲ့တဲ့ ဆန်တာခရုဇ် ရဲ့

ကြံ့ခိုင်မှုဟာတကယ့်ကိုမယုံနိုင်စရာကောင်းနေတာအမှန်ပါဘဲ။

zawgyi

အသက္ႀကီးေပမယ့္ မပ်က္စီးေသးတဲ့ ပရီးမီးယားလိဂ္ကစားသမားေဟာင္း

ဆန္တာခ႐ုဇ္ဆိုတာ ပါရာေဂြးလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းျဖစ္ၿပီး

ဥေရာပရဲ႕ထိပ္တန္းကလပ္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊

မန္စီးတီး အစရွိတဲ့အသင္းေတြအျပင္ မာလာဂါ၊ ဘလက္ဘန္း အစရွိတဲ့

အသင္းေတြမွာပါကစားခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာ အီဘရာဟီမိုဗစ္၊

စီေရာ္နယ္ဒို အစရွိတဲ့သူေတြဟာအသက္အ႐ြယ္ရလာၾကေပမယ့္

ဥေရာပရဲ႕ထိပ္တန္းအဆင့္ၿပိဳင္ပြဲေတြမွာ ကစားေနၾကေသးလို႔ အားလုံးက

အံ့အားသင့္ေနၾကပါတယ္။ ဒါေပမယ့္ ဆန္တာခ႐ုဇ္ အေၾကာင္းၾကားရင္

ပိုၿပီးအံ့အားသင့္ၾကရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီတိုက္စစ္မႉးဟာ

အခုဆိုရင္အသက္ ၄၀ ေက်ာ္ေနၿပီျဖစ္ေပမယ့္ ႀကံ့ခိုင္မႈအျပည့္နဲ႔

ေဘာလုံးကစားေနဆဲျဖစ္ၿပီး မၾကာေသးခင္ကလည္း သူကစားေနတဲ့

ပါရာေဂြးကလပ္ အိုလံပီယာနဲ႔အတူ ဆုဖလားဆြတ္ခူးခဲ့ေသးတာပါ။

အသက္ ၄၀ ျပည့္ၿပီးတာ ၄ လေက်ာ္ခဲ့ၿပီျဖစ္ေပမယ့္ ဆန္တာခ႐ုဇ္ဟာ

သက္တမ္း ၂၅ ႏွစ္ရွိၿပီျဖစ္တဲ့ ပေရာ္ဖက္ရွင္နယ္

ကစားသမားဘဝကိုအဆုံးသတ္ဖို႔ စိတ္မကူးေသးပါဘူး။

အခုကစားေနတဲ့ အိုလံပီယာအသင္းဟာသူ႔ဘဝမွာပထမဆုံး

ပေရာ္ဖက္ရွင္နယ္ဘဝစတင္ခဲ့တဲ့ကလပ္ျဖစ္ၿပီး အဲဒီမွာ ၁၉၉၇ က‌ေန ၁၉၉၉ အထိ

ကစားၿပီးမွာ ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းသြားတာျဖစ္ပါတယ္။

မၾကာေသးခင္က ပါရာေဂြးစူပါဖလားပြဲမွာ အိုလံပီယာက ေပၚတီႏိုကို ၃-၁ နဲ႔ႏိုင္ၿပီး

ဖလားရခဲ့ေတာ့ ဆန္တာခ႐ုဇ္ဟာအသင္းအတြက္အေရးပါတဲ့အဖြင့္ဂိုးသြင္းေပးခဲ့ေသးတာပါ။

ဒီပြဲဟာသူ႔အတြက္ေနာက္ဆုံးပြဲျဖစ္မယ္လို႔ဆိုေနၾကေပမယ့္

သူကေတာ့ ကစားသမာဘဝကိုအဆုံးသတ္ဦးမွာမဟုတ္ဘူးလို႔ဆိုပါတယ္။

သူက” အိုလံပီယာနဲ႔ေနာက္ဆုံးပြဲကစားၿပီး ဖလားလည္းရခဲ့လို႔

ကြၽန္ေတာ့္ကစားသမားဘဝအဆုံးသတ္ေတာ့မယ္လို႔ ေျပာေနၾကပါတယ္။

ဒါေပမယ့္အဆုံးသတ္မွာက အိုလံပီယာနဲ႔ပါ။ အျခားအသင္းတစ္ခုကိုသြားၿပီး

ကြၽန္ေတာ္ကစားဦးမွာပါ” လို႔ေျပာသြားပါတယ္။

ဆန္တာခ႐ုဇ္ဟာ ပါရာေဂြးအတြက္ ၁၁၂ ပြဲကစားခဲ့လို႔ ပြဲအေရအတြက္

အမ်ားဆုံးကစားသူျဖစ္တဲ့အျပင္ ၃၂ ဂိုးသြင္းယူၿပီး ဂိုးသြင္းအမ်ားဆုံးသူအျဖစ္

ရပ္တည္ေနပါတယ္။ ပါရာေဂြးမွာ ဆန္တာခ႐ုဇ္လို႔ေျပာလိုက္ရင္

မ်ိဳးဆက္ေဟာင္းေရာ မ်ိဳးဆက္သစ္ပရိသတ္ေတြပါ သူ႔ကိုႏိုင္ငံရဲ႕အႀကီးက်ယ္ဆုံးေသာ

ေဘာလုံးသမာအျဖစ္ သိရွိၾကပါတယ္။ အရပ္ ၆ ေပနဲ႔ ၄ လက္မျမင့္ေပမယ့္

ကစားတဲ့အခါမွာ အရပ္နဲ႔မလိုက္ေအာင္ အရွိန္ကိုထိန္းႏိုင္သူ၊

ေဘာလုံးလွည့္ျဖားႏိုင္စြမ္းရွိသူအျဖစ္လည္း နာမည္ေက်ာ္ခဲ့တဲ့ ဆန္တာခ႐ုဇ္ ရဲ႕

ႀကံ့ခိုင္မႈဟာတကယ့္ကိုမယုံႏိုင္စရာေကာင္းေနတာအမွန္ပါဘဲ။