အဝေးကွင်းမှာ အရှက်ကွဲ… အိမ်ကွင်းမှာလည်း မနိုင်တဲ့ .. ရိုးမား

စီးရီးအေနာမည်ကျော်ရိုးမားအသင်းဟာ အဝေးကွင်းမှာ(၆-၁)ဂိုးနဲ့အရှက်တကွဲ

ရှုံးနိမ့်ခဲ့တဲ့ Bodo/Glimt အသင်းကို အိမ်ကွင်းမှာ (၂-၂)ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး

မော်ရင်ဟိုကတော့ ထုံးစံအတိုင်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို ဝေဖန်ပြစ်တင်

လိုက်ပါတယ်။

ရိုးမားအသင်းဟာ အိမ်ကွင်းမှာလည်း Bodo/Glimt အသင်းကို

ဦးဆောင်ဂိုးတွေပေးခဲ့ရပြီးမှ သရေကျအောင်အသည်းအသန်ကစားခဲ့ရပြီး

ပထမပိုင်းနာကျင်အချိန်ပိုမှာ ဆိုလ်ဘက်ကန်၊ (၆၅)မိနစ်မှာ ဘို့သ်သိမ်းတို့က

Bodo/Glimt အသင်းအတွက်ဂိုးတွေသွင်းယူခဲ့ပေမယ့် (၅၄)မိနစ်မှာ

အယ်လ်ရှာရာဝီ၊ (၈၄)မိနစ်မှာ အီဘာနက်ဇ်တို့က ချေပဂိုးပြန်သွင်းယူခဲ့တာ

ဖြစ်ပါတယ်။ မော်ရင်ဟိုက ဒီပွဲမှာ သူတို့အသင်းရသင့်တဲ့ပယ်နယ်တီနှစ်ကြိမ်ကို

ဒိုင်လူကြီးက ငြင်းဆန်ခဲ့တယ်လို့ဝေဖန်လိုက်ပြီး UEFA ရဲ့တတိယတန်းစား

ပြိုင်ပွဲဖြစ်တဲ့ Europa Conference League မှာက VAR စနစ်အသုံးမပြုတာ

ကြောင့် မော်ရင်ဟိုဟာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဒေါသပေါက်ကွဲခဲ့တာပါ။

ပွဲအပြီးမှာ မော်ရင်ဟိုက “ဒီရလဒ်က စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့အသင်း

ပယ်နယ်တီနှစ်ကြိမ်ရသင့်တယ်ဆိုတာ အသိအသာကြီးပါ။ ဒါပေမဲ့ ပွဲရလဒ်က

(၂-၂)ဆိုတဲ့ရလဒ်ထွက်ပေါ်ခဲ့ပြီး သူတို့အသင်းဟာ ဂိုးပေါက်တည့်မှုနှစ်ကြိမ်ကနေ

နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဂိုးပြန်သွင်းခဲ့ပေမယ့် ပယ်နယ်တီ

နှစ်ကြိမ်ငြင်းဆန်ခံခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ အရည်အသွေးနိမ့်ပါးပြီး ဒိုင်လူကြီး

အဖြစ် အခုမှစတင်ဆောင်ရွက်တဲ့သူတွေကို တာဝန်ပေးထားတာလားဆိုတာတော့

ကျွန်တော်လည်းမသိပါဘူး။ နော်ဝေမှာ ပထမအကျော့ကစားခဲ့တဲ့ပွဲတုန်းက

ကျွန်တော်တို့အသင်း (၆-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒိုင်လူကြီးတွေနဲ့ပတ်သက်လို့

ဘာမှမဝေဖန်ခဲ့ပေမယ့် အခုပွဲမှာတော့ ပယ်နယ်တီနှစ်ကြိမ်ရသင့်တယ်ဆိုတာ

အထင်အရှားတွေ့ရမှာဖြစ်ပါတယ်”လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့တုန်းက ရလဒ်ကောင်းတွေ

ရယူနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ

(၁)ပွဲသာအနိုင်ရခဲ့တာဖြစ်ပါတယ်။

Zawgyi

အေဝးကြင္းမွာ အရွက္ကြဲ… အိမ္ကြင္းမွာလည္း မႏိုင္တဲ့ .. ႐ိုးမား

စီးရီးေအနာမည္ေက်ာ္႐ိုးမားအသင္းဟာ အေဝးကြင္းမွာ(၆-၁)ဂိုးနဲ႔အရွက္တကြဲ

ရႈံးနိမ့္ခဲ့တဲ့ Bodo/Glimt အသင္းကို အိမ္ကြင္းမွာ (၂-၂)ဂိုးစီသေရသာကစားႏိုင္ခဲ့ၿပီး

ေမာ္ရင္ဟိုကေတာ့ ထုံးစံအတိုင္း ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေတြကို ေဝဖန္ျပစ္တင္

လိုက္ပါတယ္။ ႐ိုးမားအသင္းဟာ အိမ္ကြင္းမွာလည္း Bodo/Glimt အသင္းကို

ဦးေဆာင္ဂိုးေတြေပးခဲ့ရၿပီးမွ သေရက်ေအာင္အသည္းအသန္ကစားခဲ့ရၿပီး

ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ဆိုလ္ဘက္ကန္၊ (၆၅)မိနစ္မွာ ဘို႔သ္သိမ္းတို႔က

Bodo/Glimt အသင္းအတြက္ဂိုးေတြသြင္းယူခဲ့ေပမယ့္ (၅၄)မိနစ္မွာ

အယ္လ္ရွာရာဝီ၊ (၈၄)မိနစ္မွာ အီဘာနက္ဇ္တို႔က ေခ်ပဂိုးျပန္သြင္းယူခဲ့တာ

ျဖစ္ပါတယ္။ ေမာ္ရင္ဟိုက ဒီပြဲမွာ သူတို႔အသင္းရသင့္တဲ့ပယ္နယ္တီႏွစ္ႀကိမ္ကို

ဒိုင္လူႀကီးက ျငင္းဆန္ခဲ့တယ္လို႔ေဝဖန္လိုက္ၿပီး UEFA ရဲ႕တတိယတန္းစား

ၿပိဳင္ပြဲျဖစ္တဲ့ Europa Conference League မွာက VAR စနစ္အသုံးမျပဳတာ

ေၾကာင့္ ေမာ္ရင္ဟိုဟာ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေဒါသေပါက္ကြဲခဲ့တာပါ။

ပြဲအၿပီးမွာ ေမာ္ရင္ဟိုက “ဒီရလဒ္က စိတ္ပ်က္စရာပါပဲ။ ကြၽန္ေတာ္တို႔အသင္း

ပယ္နယ္တီႏွစ္ႀကိမ္ရသင့္တယ္ဆိုတာ အသိအသာႀကီးပါ။ ဒါေပမဲ့ ပြဲရလဒ္က

(၂-၂)ဆိုတဲ့ရလဒ္ထြက္ေပၚခဲ့ၿပီး သူတို႔အသင္းဟာ ဂိုးေပါက္တည့္မႈႏွစ္ႀကိမ္ကေန

ႏွစ္ဂိုးသြင္းယူခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ႏွစ္ဂိုးျပန္သြင္းခဲ့ေပမယ့္ ပယ္နယ္တီ

ႏွစ္ႀကိမ္ျငင္းဆန္ခံခဲ့ရပါတယ္။ ဒီၿပိဳင္ပြဲမွာ အရည္အေသြးနိမ့္ပါးၿပီး ဒိုင္လူႀကီး

အျဖစ္ အခုမွစတင္ေဆာင္႐ြက္တဲ့သူေတြကို တာဝန္ေပးထားတာလားဆိုတာေတာ့

ကြၽန္ေတာ္လည္းမသိပါဘူး။ ေနာ္ေဝမွာ ပထမအေက်ာ့ကစားခဲ့တဲ့ပြဲတုန္းက

ကြၽန္ေတာ္တို႔အသင္း (၆-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒိုင္လူႀကီးေတြနဲ႔ပတ္သက္လို႔

ဘာမွမေဝဖန္ခဲ့ေပမယ့္ အခုပြဲမွာေတာ့ ပယ္နယ္တီႏွစ္ႀကိမ္ရသင့္တယ္ဆိုတာ

အထင္အရွားေတြ႕ရမွာျဖစ္ပါတယ္”လို႔ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ

႐ိုးမားအသင္းကို စတင္ကိုင္တြယ္ခဲ့တုန္းက ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့ေပမယ့္

အခုအခ်ိန္မွာေတာ့ ႐ုန္းကန္ေနရၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး(၇)ပြဲမွာ (၁)ပြဲသာ

အႏိုင္ရခဲ့တာျဖစ္ပါတယ္။