ပဲလေ့စ်နဲ့ပွဲစဉ်မှာ အဝါကတ်ပြသခံရတဲ့နောက ကက်စ်မီရိုဟာ
အသင်းဖော်တစ်ယောက်ကိုအသေအလဲစိုက်ကြည့်ပြီးမကျေနပ်တဲ့
ဟန်ပြသခဲ့တယ်လို့ sportbible ကဖော်ပြလိုက်ပါတယ်။
ဘရာဇီးသားဟာ ဒီပွဲမှာ အဝါကတ်မထိဖို့အတွက်အထူး
အာရုံစိုက်ကစားခဲ့ပေမဲ့ ဇာဟာကိုအဝင်ကြမ်းခဲ့တဲ့နောက်တော့
အဝါထိခဲ့ပြီး အရေးကြီးတဲ့အာဆင်နယ်နဲ့ပွဲစဉ်ကိုလွဲချော်
သွားခဲ့ရတာဖြစ်တယ်။ အားလုံးကတော့ ကက်စ်မီရိုဟာ
ဒီလောက်အထိစွန့်စားဖို့မလိုဘူးလို့ သုံးသပ်နေကြပေမဲ့
သူ့အတွက်တော့ ဒါက စိတ်အားထက်သန်မှုပါပဲ။
ရီးရဲလ်ကွင်းလယ်လူဟောင်းဟာ ပွဲသိမ်းဖို့ ၁၀ မိနစ်
အလိုလောက်မှ အဝါကတ်ထိခဲ့တာဖြစ်တယ်။
ဒီဖြစ်စဉ်ကိုပြန်ကြည့်ရင်တော့ ဘရူနိုဖာနန်ဒက်စ်ဟာ
ပြိုင်ဘက်ဘယ်နောက်ခံလူမီချယ်ဆီကဘောလုံးကို စိန်ခေါ်ဖို့
ပျက်ကွက်ခဲ့တဲ့နောက် ကက်စ်မီရိုဟာ တစ်ဆင့်ထွက်ပြီး
ရောက်လာတဲ့ ဇာဟာကိုအပိုင်တီးပြီးဘောလုံးလမ်းကြောင်း
ဖျက်ချလိုက်တာပါ။ Sky Sports ရုပ်သံတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့
ဂျေမီရက်နပ်ကတော့ ဖာနန်ဒက်စ်အနေနဲ့ အဝါကတ်ယူပြီး
အပိုင်တီးထုတ်ရမှာဖြစ်ပေမဲ့ ပျက်ကွက်ခဲ့တာကြောင့်
ဘရာဇီးသားကဝင်ရင်းခဲ့တာလို့ သုံးသပ်လိုက်ပါတယ်။
“ယူနိုက်တက်ရဲ့အမြင်အရကြည့်ရင်တော့ ဒီထက်ပိုဆိုးလို့
မဖြစ်နိုင်ပါဘူး။ ပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့
ကက်စ်မီရို အဝါကတ်ထိလို့မရတဲ့အကြောင်းပြောခဲ့ကြတယ်။
ကတ်မထိပါစေနဲ့၊ ထိပ်တိုက်ရင်ဆိုင်မှုမဝင်ပါနဲ့၊
သူက အရမ်းအရေးကြီးပြီး တနင်္ဂနွေနေ့မှာ သူ့ကိုလိုအပ်ပါတယ်။
သူက အဝါကတ်ထိပြီး ယူနိုကတက်ကနေရုန်းထွက်လိုက်သလိုပါပဲ၊
ဒါက သူတို့ကိုအရမ်းထိခိုက်စေတယ်၊ ခံစစ်အတွက်
အရေးအကြီးဆုံးကစားသမားတစ်ယောက်သွားပြီဆိုတာ
သူတို့သိကြပါတယ်။ ရူးသွပ်တဲ့အခိုက်အတန့်ပဲ၊
အသင်းဖော် ဖာနန်ဒက်စ်ကိုဒေါသထွက်နေတာမြင်ရမှာပါ၊
သူက စိန်ခေါ်မှုလုပ်ဖို့ခုန်ထွက်လာခဲ့ပြီး အဝါကတ်
ပြသခံရခြင်းနဲ့အဆုံးသတ်လိုက်တယ်၊ ဒါက အနီကတ်လည်း
ဖြစ်သွားနိုင်တယ်” လို့ ဂျေမီရက်နပ်က ဆိုခဲ့ပါတယ်။
zawgyi
အဝါကတ်ပြသခံခဲ့ရတဲ့နောက် ဘရူနိုဖာနန်ဒက်စ်ကို ကက်စ်မီရို အတော်လေးတင်းခဲ့တယ်လို့ ဂျေမီရက်နပ် ထောက်ပြလိုက်