အဝတ်လဲခန်းထဲမှာ သိုးမည်းဖြစ်နေတဲ့ ရော်နယ်ဒိုကို မန်ယူအသင်းဖော်တွေ ပေါက်နေကြပြီ

ပီးယာ့စ်မော်ဂန်နဲ့ သီးသန့် အင်တာဗျူးအစီအစဉ်မှာ မန်ယူနဲ့ပတ်သက်ပြီး သွားပုပ်လေလွင့် ပြောခဲ့တဲ့ စကားတွေကြောင့် တိုက်စစ်မှူး စီရော်နယ်ဒိုအပေါ် နည်းပြအဲရစ်တန်ဟတ်နဲ့

အသင်းသားအားလုံး စိတ်ပျက်နေကြပြီဖြစ်တယ်လို့ Mirror သတင်းစာက ရေးသားဖော်ပြပါတယ်။ မန်ယူဟာ သူ့ကို သစ္စာဖောက်ခဲ့တယ်လို့ ပြောခဲ့ပြီး နည်းပြတန်ဟတ်အနေနဲ့ သူ့ကို

လေးစားမှု မရှိရင် သူကလည်း ပြန်ပြီး လေးစားမှာ မဟုတ်ဘူးလို့ ပေါ်တင်ကြီး ပြောခဲ့တဲ့ စီရော်နယ်ဒိုဟာ မန်ယူအဝတ်လဲခန်းအတွင်းမှာတော့ သိုးမည်းတစ်ကောင် ဖြစ်လာပါတယ်။

စီရော်နယ်ဒိုရဲ့ အင်တာဗျူးအစီအစဉ်ကို မန်ယူအသင်းက မျက်ဝါးထင်ထင် တွေ့မြင်ကြားသိရလိုက်ရချိန်မှာတော့ အားလုံးဟာ တုန်လှုပ်ခဲ့ရပြီး ပေါ်တူဂီသားဟာ လက်ရှိ မန်ယူအသင်း

ခံစားကြုံတွေ့နေရတဲ့ ဒဏ်ရာတွေကို နည်းလမ်းမှန်မှန်နဲ့ ကုစားရမယ့်အစား ဆေးထိုးကြမ်းခဲ့တာကြောင့် အကုန်လုံးရဲ့ မျက်မုန်းကျိုးမှုကို ခံနေရပြီဖြစ်ပါတယ်။ လက်ရှိမှာ

အင်္ဂလန်ပရီးမီးယားလိဂ် ပြိုင်ပွဲအပါအဝင် ပြည်တွင်း အမှတ်ပေးပြိုင်ပွဲအားလုံး ခရီးတစ်ထောက် ရပ်နားခဲ့ပြီဖြစ်သလို ဘောလုံးသမားတွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့အတူ

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားခဲပြီး သွားရောက်ကြဖို့ ပြင်ဆင်နေကြပြီဖြစ်တာကြောင့် နည်းပြတန်ဟတ်ဟာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး စကားပြောဖို့ အလားအလာ

သိပ်မရှိ လောက်တော့ပါဘူး။ ဒါပေမဲ့ ကြားသိရတဲ့ သတင်းတွေအရတော့ မန်ယူအသင်း တာဝန်ရှိသူတွေအပါအဝင် တစ်သင်းလုံးက စီရော်နယ်ဒိုအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး အပြစ်ပေး

အရေးယူတဲ့အနေနဲ့ ပေါင် တစ်သန်းအထိ ဒဏ်ကြေးချမှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပေါ်တူ ဂီတိုက်စစ်မှူးဟာ မဆိုင်တဲ့ သင်္ဘောပင်ပါ အကုန်ဆွဲထည့် ပတ်ရမ်းခဲ့တာဖြစ်ပြီး

မန်ယူအသင်းဖော်ဟောင်း ဝိန်းရွန်နေးကိုလည်း ဝေဖန်တိုက်ခိုက် သွားခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းကလည်း စီရော် နယ်ဒိုအပေါ်မှာ မနှစ်မြို့ကြတော့ဘူးလို့

သတင်းတွေက ရေးသားဖော်ပြနေပါတယ်။

(Zawgyi)

အဝတ္လဲခန္းထဲမွာ သိုးမည္းျဖစ္ေနတဲ့ ေရာ္နယ္ဒိုကို မန္ယူအသင္းေဖာ္ေတြ ေပါက္ေနၾကၿပီ

ပီးယာ့စ္ေမာ္ဂန္နဲ႔ သီးသန႔္ အင္တာဗ်ဴးအစီအစဥ္မွာ မန္ယူနဲ႔ပတ္သက္ၿပီး သြားပုပ္ေလလြင့္ ေျပာခဲ့တဲ့ စကားေတြေၾကာင့္ တိုက္စစ္မႉး စီေရာ္နယ္ဒိုအ ေပၚ နည္းျပအဲရစ္တန္ဟတ္နဲ႔

အသင္းသားအားလုံး စိတ္ပ်က္ေနၾကၿပီျဖစ္ တယ္လို႔ Mirror သတင္းစာက ေရးသားေဖာ္ျပပါတယ္။ မန္ယူဟာ သူ႔ကို သစၥာေဖာက္ခဲ့တယ္လို႔ ေျပာခဲ့ၿပီး နည္းျပတန္ဟတ္အေနနဲ႔

သူ႔ကို ေလးစားမႈ မရွိရင္ သူကလည္း ျပန္ၿပီး ေလးစားမွာ မဟုတ္ဘူးလို႔ ေပၚတင္ႀကီး ေျပာခဲ့တဲ့ စီေရာ္နယ္ဒိုဟာ မန္ယူအဝတ္လဲခန္းအတြင္းမွာေတာ့ သိုးမည္းတစ္ေကာင္ ျဖစ္လာပါတယ္။

စီေရာ္နယ္ဒိုရဲ႕ အင္တာဗ်ဴးအစီအစဥ္ကို မန္ယူအသင္းက မ်က္ဝါးထင္ထင္ ေတြ႕ျမင္ၾကားသိရလိုက္ရခ်ိန္မွာေတာ့ အားလုံးဟာ တုန္လႈပ္ခဲ့ရၿပီး ေပၚတူဂီသားဟာ လက္ရွိ မန္ယူအသင္း ခံစားႀကဳံေတြ႕ေနရတဲ့

ဒဏ္ရာေတြကို နည္းလမ္းမွန္မွန္နဲ႔ ကုသရမယ့္အစား ေဆးထိုးၾကမ္းခဲ့တာ ေၾကာင့္ အကုန္လုံးရဲ႕ မ်က္မုန္းက်ိဳးမႈကို ခံေနရၿပီျဖစ္ပါတယ္။ လက္ရွိမွာ အဂၤလန္ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ အပါအဝင္

ျပည္တြင္း အမွတ္ေပးၿပိဳင္ပြဲအား လုံး ခရီးတစ္ေထာက္ ရပ္နားခဲ့ၿပီျဖစ္သလို ေဘာလုံးသမားေတြဟာ သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္းေတြနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အ

ားခဲၿပီး သြားေရာက္ၾကဖို႔ ျပင္ဆင္ေနၾကၿပီျဖစ္တာေၾကာင့္ နည္းျပတန္ဟတ္ ဟာ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံၿပီး စကားေျပာဖို႔ အလားအလာ သိပ္မရွိ ေလာက္ေတာ့ပါဘူး။

ဒါေပမဲ့ ၾကားသိရတဲ့ သတင္းေတြအရေတာ့ မန္ယူအ သင္း တာဝန္ရွိသူေတြအပါအဝင္ တစ္သင္းလုံးက စီေရာ္နယ္ဒိုအေပၚမွာ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကၿပီး အျပစ္ေပး အေရးယူတဲ့အေနနဲ႔

ေပါင္ တစ္ သန္းအထိ ဒဏ္ေၾကးခ်မွတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေပၚတူ ဂီတိုက္စစ္မႉးဟာ မဆိုင္တဲ့ သေဘၤာပင္ေတြပါ အကုန္ဆြဲထည့္ ပတ္ရမ္းခဲ့ တာျဖစ္ၿပီး

မန္ယူအသင္းေဖာ္ေဟာင္း ဝိန္း႐ြန္ေနးကိုလည္း ေဝဖန္တိုက္ခိုက္ သြားခဲ့ပါတယ္။ ဒါေၾကာင့္ အဂၤလန္ေဘာလုံးအသိုင္းအဝိုင္းကလည္း

စီေရာ္ နယ္ဒိုအေပၚမွာ မႏွစ္ၿမိဳ႕ၾကေတာ့ဘူူးလို႔ သတင္းေတြက ေရးသားေဖာ္ျပေန ပါတယ္။