အဝတ်လဲခန်းထဲက ရော်နယ်ဒိုနဲ့ပတ်သတ်တဲ့ အေးတိအေးစက်ကိစ္စကို ဘရူနိုဖာနန်ဒက်စ် ပြန်ရှင်းပြီ

ဂါနာနဲ့အုပ်စုအဖွင့်ပွဲမတိုင်ခင်မှာတော့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ရော်နယ်ဒိုနဲ့အဝတ်လဲခန်းကိစ္စကို ပြန်ရှင်းပြသွားခဲ့ပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့ ရော်နယ်ဒိုတို့ရဲ့ နှစ်ပိုင်းဆက် အင်တာဗျူးကို

လူပြောများလာခဲ့ပြီးနောက် ဖာနန်ဒက်စ်နဲ့ GOAT ကြီးကြားမှာသဘောထားကွဲလွဲမှုတွေ ရှိနေပြီလို့ အားလုံးကယူဆခဲ့ကြပါတယ်။ နောက်ဆုံးတော့ ဖာနန်ဒက်စ်က ဘာပြဿနာမှမရှိပါဘူးလို့ ပြန်ရှင်းပြခဲ့တာပါ။

ဖာနန်ဒက်စ်အဝတ်လဲခန်းအတွင်း ဝင်သွားခဲ့ပြီး ရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်ကို CNN ကမျှဝေခဲ့ပြီးတဲ့တော့ ဒီကိစ္စလူပြောများခဲ့တာ ဖြစ်တယ်။ အသင်းဖော် ဂျာအိုမာရီယိုက ကြားဖြတ်ဝင်ရှင်းပေမဲ့

ဖာနန်ဒက်စ်နဲ့ ရော်နယ်ဒိုကတော့ နှုတ်ဆိတ်နေခဲ့တာပါ။ နိုင်ဂျီးရီးယားကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာတော့ ဘရူနိုဖာနန်ဒက်စ်က “သူတို့က ရုပ်ပြနဲ့ အသံသွင်းလိုက်တာပါ။ ခင်ဗျားတို့အသံနဲ့ကြားရတာလား။

ဒါနဲ့ပတ်သတ်ပြီး ပေါ်တူဂီမှာ ပြဿနာရှိနေတယ်။ ဒီအကြောင်းနဲ့ပတ်သတ်လို့ အေးတိအေးစက်နဲ့ ဆိုးရွားတယ်ဆိုပြီး ချန်နယ်တစ်ခုက ၄၅ မိနစ်လောက်အချိန်ပေးပြောနေတာကို ကျွန်တော်ထိုင်ကြည့်ဖြစ်ခဲ့တယ်။

သူတို့ရုတ်တရတ်ဆိုသလို ရပ်လိုက်တယ်၊ ပြီးတော့မှ ရော်နယ်ဒိုက ကျွန်တော့်ကိုနောက်ပြီးရယ်နေတာပါဆိုတဲ့ အသံဝင်လာပါတယ်။ သူတို့ပြန်လာတဲ့အချိန်မှာ ဟာသတစ်ခုပြောပြီး အဲဒီနေရာမှာဖြတ်ချလိုက်တယ်။

နောက်ပြန်ကြည့်ရင်တော့ပြဿနာရှိသလိုလိုပုံစံဖြစ်နေတာပါ။ ဗီဒီယိုထဲမှာဘာပါလဲပြောလိုက်ရင် လူတွေသိသွားမှာပေါ့၊ ဒါပေမဲ့ သူတို့ဘက်ကတော့ အမှန်အတိုင်းရှင်းပြခဲ့ပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ဒီအချိန်က နိုင်ငံအသင်းအတွက်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ နောက်ပိုင်းရောက်ရင်တော့ ယူနိုက်တက်အတွက် အာရုံပြန်စိုက်မှာပါ” လို့ ဂျင်းထည့်ခံရတာကို ရှင်းပြသွားခဲ့ပါတယ်။

(Zawgyi)

အဝတ္လဲခန္းထဲက ေရာ္နယ္ဒိုနဲ႔ပတ္သတ္တဲ့ ေအးတိေအးစက္ကိစၥကို ဘ႐ူႏိုဖာနန္ဒက္စ္ ျပန္ရွင္းၿပီ

ဂါနာနဲ႔အုပ္စုအဖြင့္ပြဲမတိုင္ခင္မွာေတာ့ ေပၚတူဂီကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေရာ္နယ္ဒိုနဲ႔အဝတ္လဲခန္းကိစၥကိုျပန္ရွင္းျပသြားခဲ့ပါတယ္။

ပီးယာ့စ္ေမာ္ဂန္နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ ႏွစ္ပိုင္းဆက္အင္တာဗ်ဴးကို လူေျပာမ်ားလာခဲ့ၿပီးေနာက္ ဖာနန္ဒက္စ္နဲ႔ GOAT ႀကီးၾကားမွာသေဘာထားကြဲလြဲမႈေတြရွိေနၿပီလို႔

အားလုံးကယူဆခဲ့ၾကပါတယ္။ ေနာက္ဆုံးေတာ့ ဖာနန္ဒက္စ္က ဘာျပႆနာမွမရွိပါဘူးလို႔ျပန္ရွင္းျပခဲ့တာပါ။ ဖာနန္ဒက္စ္အဝတ္လဲခန္းအတြင္းဝင္သြားခဲ့ၿပီး ေရာ္နယ္ဒိုနဲ႔ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့

ဗီဒီယိုဖိုင္ကို CNN ကမွ်ေဝခဲ့ၿပီးတဲ့ေတာ့ ဒီကိစၥလူေျပာမ်ားခဲ့တာျဖစ္တယ္။ အသင္းေဖာ္ဂ်ာအိုမာရီယိုကၾကားျဖတ္ဝင္ရွင္းေပမဲ့ ဖာနန္ဒက္စ္နဲ႔ ေရာ္နယ္ဒိုကေတာ့ ႏႈတ္ဆိတ္ေနခဲ့တာပါ။

ႏိုင္ဂ်ီးရီးယားကို ၄ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲအၿပီးမွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္က “သူတို႔က ႐ုပ္ျပနဲ႔အသံသြင္းလိုက္တာပါ။ ခင္ဗ်ားတို႔အသံနဲ႔ၾကားရတာလား။

ဒါနဲ႔ပတ္သတ္ၿပီး ေပၚတူဂီမွာျပႆနာရွိေနတယ္။ ဒီအေၾကာင္းနဲ႔ပတ္သတ္လို႔ ေအးတိေအးစက္နဲ႔ ဆိုး႐ြားတယ္ဆိုၿပီး ခ်န္နယ္တစ္ခုက ၄၅ မိနစ္ေလာက္အခ်ိန္ေပးေျပာေနတာကို ကြၽန္ေတာ္ထိုင္ၾကည့္ျဖစ္ခဲ့တယ္။

သူတို႔႐ုတ္တရတ္ဆိုသလို ရပ္လိုက္တယ္၊ ၿပီးေတာ့မွ ေရာ္နယ္ဒိုက ကြၽန္ေတာ့္ကိုေနာက္ၿပီးရယ္ေနတာပါဆိုတဲ့ အသံဝင္လာပါတယ္။ သူတို႔ျပန္လာတဲ့အခ်ိန္မွာ ဟာသတစ္ခုေျပာၿပီး အဲဒီေနရာမွာျဖတ္ခ်လိုက္တယ္။

ေနာက္ျပန္ၾကည့္ရင္ေတာ့ျပႆနာရွိသလိုလိုပုံစံျဖစ္ေနတာပါ။ ဗီဒီယိုထဲမွာဘာပါလဲေျပာလိုက္ရင္ လူေတြသိသြားမွာေပါ့၊ ဒါေပမဲ့ သူတို႔ဘက္ကေတာ့ အမွန္အတိုင္းရွင္းျပခဲ့ပါတယ္။

ကြၽန္ေတာ္ေျပာခဲ့သလိုပဲ ဒီအခ်ိန္ကႏိုင္ငံအသင္းအတြက္ျဖစ္ၿပီး ဒီဇင္ဘာ ၁၈ ေနာက္ပိုင္းေရာက္ရင္ေတာ့ ယူႏိုက္တက္အတြက္အာ႐ုံျပန္စိုက္မွာပါ” လို႔ ဂ်င္းထည့္ခံရတာကို ရွင္းျပသြားခဲ့ပါတယ္။