အလှတွေချည်း ရွေးစုထားတဲ့ ရမ်ဆေးရဲ့ Roulette-Assist

ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးဟာ

ဘယ်လ်ဂျီယံနဲ့ သရေကျခဲ့တဲ့နေးရှင်းလိဂ်ပွဲမှာ
ဘရန်နန်ဂျွန်ဆင် ဂိုးသွင်းနိုင်ရေးအတွက်
ရူးလောက်တဲ့ပေးပို့မှု ပြုလုပ်ရင်း
မှော်အစွမ်းတွေ ထုတ်ပြသွားပါတယ်။
ရမ်ဆေးဟာ ပွဲပြီးခါနီးမှာ တိုက်စစ်မှူး

ဂျွန်ဆင် အသင့်စားလု့ိရအောင်
အကောင်းဆုံး တည်ခင်းဧည့်ခံပေးခဲ့တာဖြစ်ပြီး
နီကိုဝီလျံက ရမ်ဆေးရဲ့ပြေးလမ်းထဲ
ထိုးပေးလိုက်ရာမှာ ရမ်ဆေးက မမ့ီတမီ
အနေအထားမှာ ပြိုင်ဘက်နောက်ခံလူဆီ

မရောက်ခင် လှဲပြီး ဆလိုက်ထိုးရယူလိုက်ပါတယ်။
အဲဒီနောက် ရမ်ဆေးဟာ ညာခြေနဲ့
နောက်ပြန်ဆွဲယူရင်း ဘယ်ခြေဖဝါးနဲ့
ဂျွန်ဆင့်ထံ အသာလေး နောက်ပေါက်ပေးလိုက်ပါတယ်။
ဂျွန်ဆင်ကလည်း ဖြည်းဖြည်းလေးလာတဲ့

ဘောလုံးကို ဂိုးပေါက်နဲ့ ကွက်တိမိတ်ဆက်ပေးနိုင်ခဲ့ပြီး
ဝေးလ်လည်း နာမည်ကြီး ဘယ်လ်ဂျီယံကို
အိမ်ကွင်း သရေကစားနိုင်ခဲ့ပါတယ်။
အဲဒီဖန်တီးပေးမှုနဲ့ပတ်သက်လို့
ပရိသတ်တွေက အွန်လိုင်းမှာ ရမ်ဆေးကို

အသီးသီးချီးကျူးနေကြပါတယ်။
”ရမ်ဆေးရဲ့အကောင်းဆုံးဂိုးဖန်တီးမှုပါပဲ”
”တချို့က ရမ်ဆေးအနေနဲ့
ကြက်ကန်းဆန်အိုး တိုးသွားပြီး
ရည်ရွယ်ချက်ရှိရှိ ပေးလိုက်တာမဟုတ်ဘူးလို့

ပြောနေပေမယ့် ကျွန်တော်ကတော့
သူ့ရဲ့အကွက်တွေကို သိထားပါတယ်”
”သူဟာ အဲဒီလိုအကွက်မျိုး
အာဆင်နယ်မှာ အများကြီးလုပ်ပြခဲ့တယ်လေ”လို့
ပရိသတ်တွေက ရေးသားခဲ့ပါတယ်။

Zawgyi

အလွေတြခ်ည္း ေရြးစုထားတဲ့ ရမ္ေဆးရဲ႕ Roulette-Assist
ေ၀းလ္ကြင္းလယ္လူ အာရြန္ရမ္ေဆးဟာ

ဘယ္လ္ဂ်ီယံနဲ႔ သေရက်ခဲ့တဲ့ေနးရွင္းလိဂ္ပြဲမွာ
ဘရန္နန္ဂၽြန္ဆင္ ဂိုးသြင္းႏုိင္ေရးအတြက္
ရူးေလာက္တဲ့ေပးပို႔မႈ ျပဳလုပ္ရင္း
ေမွာ္အစြမ္းေတြ ထုတ္ျပသြားပါတယ္။
ရမ္ေဆးဟာ ပြဲၿပီးခါနီးမွာ တုိက္စစ္မွဴး

ဂၽြန္ဆင္ အသင့္စားလု႔ိရေအာင္
အေကာင္းဆုံး တည္ခင္းဧည့္ခံေပးခဲ့တာျဖစ္ၿပီး
နီကို၀ီလ်ံက ရမ္ေဆးရဲ႕ေျပးလမ္းထဲ
ထိုးေပးလုိက္ရာမွာ ရမ္ေဆးက မမ့ီတမီ
အေနအထားမွာ ၿပိဳင္ဘက္ေနာက္ခံလူဆီ

မေရာက္ခင္ လွဲၿပီး ဆလုိက္ထုိးရယူလုိက္ပါတယ္။
အဲဒီေနာက္ ရမ္ေဆးဟာ ညာေျခနဲ႔
ေနာက္ျပန္ဆြဲယူရင္း ဘယ္ေျခဖ၀ါးနဲ႔
ဂၽြန္ဆင့္ထံ အသာေလး ေနာက္ေပါက္ေပးလုိက္ပါတယ္။
ဂၽြန္ဆင္ကလည္း ျဖည္းျဖည္းေလးလာတဲ့

ေဘာလုံးကို ဂိုးေပါက္နဲ႔ ကြက္တိမိတ္ဆက္ေပးႏိုင္ခဲ့ၿပီး
ေ၀းလ္လည္း နာမည္ႀကီး ဘယ္လ္ဂ်ီယံကို
အိမ္ကြင္း သေရကစားႏိုင္ခဲ့ပါတယ္။
အဲဒီဖန္တီးေပးမႈနဲ႔ပတ္သက္လုိ႔
ပရိသတ္ေတြက အြန္လုိင္းမွာ ရမ္ေဆးကို

အသီးသီးခ်ီးက်ဴးေနၾကပါတယ္။
”ရမ္ေဆးရဲ႕အေကာင္းဆုံးဂိုးဖန္တီးမႈပါပဲ”
”တခ်ိဳ႕က ရမ္ေဆးအေနနဲ႔
ၾကက္ကန္းဆန္အိုး တုိးသြားၿပီး
ရည္ရြယ္ခ်က္ရွိရွိ ေပးလုိက္တာမဟုတ္ဘူးလုိ႔

ေျပာေနေပမယ့္ ကၽြန္ေတာ္ကေတာ့
သူ႕ရဲ႕အကြက္ေတြကို သိထားပါတယ္”
”သူဟာ အဲဒီလိုအကြက္မ်ိဳး
အာဆင္နယ္မွာ အမ်ားႀကီးလုပ္ျပခဲ့တယ္ေလ”လုိ႔
ပရိသတ္ေတြက ေရးသားခဲ့ပါတယ္။