အလွဲကြီးလွဲတဲ့ လီပူးက ဂျိုတာ

လီဗာပူးဟာ မနေ့ညက ဝုဖ်ကို Molineux မှာ လူစားဝင် ကစားသမား ဖြစ်သူ

အိုရီဂီရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ အတူ အနိုင်ရရှိခဲ့ကာ ခြေချော်ခဲ့တဲ့ ထိပ်ဆုံးက

ချဲလ်ဆီးရဲ့ အမှားကို အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။

လီဗာပူးဟာ ဒီပွဲစဉ်မှာ အခွင့်အရေးကောင်း များစွာ ရရှိခဲ့ပေမယ့်လည်း

ဂျိုတာ ဆာလား မာနေး တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ အပြင်

ဂိုးသမား ဂျိုဆေးဆာ ကလည်း အကောင်းဆုံး လက်စွမ်းပြခဲ့တာကြောင့်

ဂိုးမရှိသရေနဲ့ ပွဲပြီးမယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း

လူစားဝင် ကစားသမား ဖြစ်သူ အိုရီဂီဟာ ပွဲချိန် ၉၄ မိနစ်မှာ

ဆာလားရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် နောက်ကျ အနိုင်ဂိုး

သွင်းယူပေးခဲ့ပြီးလီဗာပူးဟာ လာမယ့် ပွဲကျပ်တွေ မတိုင်မီ ပြိုင်ပွဲစုံမှာ

နောက်ဆုံး ငါးပွဲဆက်အနိုင်ရရှိခဲ့ပြီး အရှိန်အဟုန်ကောင်းကို ရရှိနေပါတယ်။

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဂျိုတာဟာ ဝုဖ်အသင်းနဲ့ပွဲစဉ်မှာအနီးကပ်

ကန်သွင်းမှုကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့တဲ့နောက်

ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး လွဲချော်မှုဖြစ်လာခဲ့ပါတယ်။

ဝုဖ်ဂိုးသမားဟာ ၎င်းရဲ့အသင်းဖော်တွေထဲက တစ်ဦးနဲ့ နားလည်မှု

လွဲချော်သွားခဲ့ပြီးနောက် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးပေါက်ဆီ

အသည်းအသန် ပြန်ပြေးလွှားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျိုတာက ချက်ချင်းပဲ ရရှိလာတဲ့ ဘောလုံးကို ရယူခဲ့ပြီး လာလုယူမယ့်သူမရှိတဲ့

ပင်နယ်တီဧရိယာထဲမှာ ဂိုးစည်းပေါ် ရပ်နေတဲ့ ကော်နာ ကိုဒီနဲ့

မက်စ် ကေးမန်းတို့ကာကွယ်ထားတဲ့ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို

ကန်သွင်းခွင့် ရခဲ့တာဖြစ်ပါတယ်။ဝုဖ်ဂိုးသမားဟာ ဂိုးပေါက်ကို

အချိန်မီပြန်ရောက်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အသက် ၂၅ နှစ်အရွယ်

လီဗာပူးတိုက်စစ်မှူးအနေနဲ့ ဂိုးပေါက်ကို သေချာချိန်ပြီးကိုဒီနဲ့ ကေးမန်းတို့

တားဆီးဖို့ အဆင်သင့်မဖြစ်သေးခင် ကန်သွင်းဖို့ အချိန်အများကြီး

ရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဂျိုတာရဲ့ ကန်သွင်းချက်က ကိုဒီကို

သွားထိခဲ့ပြီးဘောလုံးက ဘေးထွက်သွားခဲ့တဲ့အတွက်

ဒေါသထွက်နေတဲ့ပရိသတ်တွေရဲ့ ပြစ်တင်မှုကို ခံနေရပါတယ်။

zawgyi

အလြဲႀကီးလြဲတဲ့ လီပူးက ဂ်ိဳတာ

လီဗာပူးဟာ မေန႔ညက ဝုဖ္ကို Molineux မွာ လူစားဝင္ ကစားသမား ျဖစ္သူ

အိုရီဂီရဲ႕ ေနာက္က် အႏိုင္ဂိုးနဲ႔ အတူ အႏိုင္ရရွိခဲ့ကာ ေျခေခ်ာ္ခဲ့တဲ့ ထိပ္ဆုံးက

ခ်ဲလ္ဆီးရဲ႕ အမွားကို အခြင့္ေကာင္း ယူႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာ ဒီပြဲစဥ္မွာ အခြင့္အေရးေကာင္း မ်ားစြာ ရရွိခဲ့ေပမယ့္လည္း

ဂ်ိဳတာ ဆာလား မာေနး တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ အျပင္

ဂိုးသမား ဂ်ိဳေဆးဆာ ကလည္း အေကာင္းဆုံး လက္စြမ္းျပခဲ့တာေၾကာင့္

ဂိုးမရွိသေရနဲ႔ ပြဲၿပီးမယ့္ အေရးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ဒါေပမယ့္လည္း

လူစားဝင္ ကစားသမား ျဖစ္သူ အိုရီဂီဟာ ပြဲခ်ိန္ ၉၄ မိနစ္မွာ

ဆာလားရဲ႕ ဖန္တီးေပးမႈကေန တစ္ဆင့္ ေနာက္က် အႏိုင္ဂိုး

သြင္းယူေပးခဲ့ၿပီးလီဗာပူးဟာ လာမယ့္ ပြဲက်ပ္ေတြ မတိုင္မီ ၿပိဳင္ပြဲစုံမွာ

ေနာက္ဆုံး ငါးပြဲဆက္အႏိုင္ရရွိခဲ့ၿပီး အရွိန္အဟုန္ေကာင္းကို ရရွိေနပါတယ္။

လီဗာပူးၾကယ္ပြင့္တိုက္စစ္မႉး ဂ်ိဳတာဟာ ဝုဖ္အသင္းနဲ႔ပြဲစဥ္မွာအနီးကပ္

ကန္သြင္းမႈကေန ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ျခင္းမရွိခဲ့တဲ့ေနာက္

ယခုရာသီ ပရီးမီးယားလိဂ္ရဲ႕ အဆိုး႐ြားဆုံး လြဲေခ်ာ္မႈျဖစ္လာခဲ့ပါတယ္။

ဝုဖ္ဂိုးသမားဟာ ၎ရဲ႕အသင္းေဖာ္ေတြထဲက တစ္ဦးနဲ႔ နားလည္မႈ

လြဲေခ်ာ္သြားခဲ့ၿပီးေနာက္ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးေပါက္ဆီ

အသည္းအသန္ ျပန္ေျပးလႊားခဲ့ရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ဂ်ိဳတာက

ခ်က္ခ်င္းပဲ ရရွိလာတဲ့ ေဘာလုံးကို ရယူခဲ့ၿပီး လာလုယူမယ့္သူမရွိတဲ့

ပင္နယ္တီဧရိယာထဲမွာ ဂိုးစည္းေပၚ ရပ္ေနတဲ့ ေကာ္နာ ကိုဒီနဲ႔

မက္စ္ ေကးမန္းတို႔ကာကြယ္ထားတဲ့ ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို

ကန္သြင္းခြင့္ ရခဲ့တာျဖစ္ပါတယ္။ဝုဖ္ဂိုးသမားဟာ ဂိုးေပါက္ကို

အခ်ိန္မီျပန္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ အသက္ ၂၅ ႏွစ္အ႐ြယ္

လီဗာပူးတိုက္စစ္မႉးအေနနဲ႔ ဂိုးေပါက္ကို ေသခ်ာခ်ိန္ၿပီးကိုဒီနဲ႔ ေကးမန္းတို႔

တားဆီးဖို႔ အဆင္သင့္မျဖစ္ေသးခင္ ကန္သြင္းဖို႔ အခ်ိန္အမ်ားႀကီး

ရခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္လည္း ဂ်ိဳတာရဲ႕ ကန္သြင္းခ်က္က ကိုဒီကို

သြားထိခဲ့ၿပီးေဘာလုံးက ေဘးထြက္သြားခဲ့တဲ့အတြက္

ေဒါသထြက္ေနတဲ့ပရိသတ္ေတြရဲ႕ ျပစ္တင္မႈကို ခံေနရပါတယ္။