အလွဲကြီးလွဲခဲ့တဲ့ တီမိုဝါနာကို ပေါင် သန်း ၂၀ အရှုံးခံပြီး လစ်ပ်ဇစ်ဆီ ချဲလ်ဆီးပြန်ရောင်း

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို အသင်းဟောင်း ဘွန်ဒက်စ်လီဂါကလပ် လစ်ဇစ်က ပြန်လည်ခေါ်ယူလိုက်ပါတယ်။ တိုက်စစ်မှူး တီမိုဝါနာအနေနဲ့ ချဲလ်ဆီးမှာ ၂ ရာသီကြာကစားပြီးနောက် အသင်းဟောင်း လစ်ပ်ဇစ်ကို ပြန်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာ တိုက်စစ်မှူးဝါနာကို ၂၀၂၀ ခုနှစ်မှာ လစ်ဇစ်အသင်းကနေ ပေါင် ၄၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အခုအပြောင်းအရွှေ့ဈေးကွက်မှာ လစ်ပ်ဇစ်အသင်းကိုပဲ ပေါင် ၂၅ သန်းနဲ့ အရှုံးခံပြီး ပြန်လည်ရောင်းချခဲ့တာပါ။

လစ်ပ်ဇစ်အသင်းဟာ သူတိုရဲ့ တိုက်စစ်မှူးဟောင်းကို ၄နှစ်စာချုပ်နဲ့ပြန်လည်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူးဝါနာကတော့ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ပျော်ရွှင်မိကြောင်းအခုလိုပြောထားပါတယ်။

“ လစ်ပ်ဇစ်အတွက် ထပ်ပြီးကစားခွင့်ရလိုပျော်ရွှင်မိပါတယ်။ ၂၀၁၆ ကနေ ၂၀၂၀ အထိ ဘွန်ဒက်စ်လီဂါကိုရောက်လာတဲ့ မျက်နှာသစ်အသင်းအနေနဲ့ ကျွန်တော်အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့ အချိန်တွေ ကျွန်တော့်အတွက်တော့ အံ့မခန်းအခိုက်အတန့်တွေပါပဲ။

အခုတော့ ဒါတွေဟာအတိတ်မှာကျန်ခဲ့ပြီ ဖြစ်သလို လစ်ပ်ဇစ်ကလည်းပြီးခဲ့တဲ့နှစ်တွေထက်စာရင် အများကြီးတိုးတက်လာတဲ့အသင်းဖြစ်နေပါပြီ ”လိုပြောခဲ့ ပါတယ်။ ဝါနာဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၈၉ ပွဲကစားပေးခဲ့ပြီး

၂၃ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အပြင် ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ နွေရာသီမှာ ဥရောပ ထိပ်တန်းတိုက်စစ်မှူးစာရင်းဝင်နေတဲ့ ဝါနာကို လီဗာပူး ၊

ဘိုင်ယန်၊ အက်သလက်တီကိုတိုနဲ့ အပြိုင်ကမ်းလှမ်းပြီး ချဲလ်ဆီးက ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဝါနာဟာ ပရီးမီးယားလိဂ်ကိုရောက်လာပြီးနောက်ပိုင်း ထိပ်တန်းတိုက်စစ်မှူးအဆင့်ကနေ လျော့ကျသွားပြီး

၂ ရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၀ ဂိုးသာသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝါနာဟာ လစ်ပ်ဇစ်အသင်းကို ၂၀၁၆ခုနှစ်မှာ စတုဂတ်ကနေရောက်လာတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၅၉ ပွဲမှာ ၉၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးတိုက္စစ္မႉး တီမိုဝါနာကို အသင္းေဟာင္း ဘြန္ဒက္စ္လီဂါကလပ္ လစ္ဇစ္က ျပန္လည္ေခၚယူလိုက္ပါတယ္။ တိုက္စစ္မႉး တီမိုဝါနာအေနနဲ႔ ခ်ဲလ္ဆီးမွာ ၂ ရာသီၾကာကစားၿပီးေနာက္ အသင္းေဟာင္း လစ္ပ္ဇစ္ကို ျပန္ေရာက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ တိုက္စစ္မႉးဝါနာကို ၂၀၂၀ ခုႏွစ္မွာ လစ္ဇစ္အသင္းကေန ေပါင္ ၄၅ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ၿပီး အခုအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လစ္ပ္ဇစ္အသင္းကိုပဲ ေပါင္ ၂၅ သန္းနဲ႔ အရႈံးခံၿပီး ျပန္လည္ေရာင္းခ်ခဲ့တာပါ။

လစ္ပ္ဇစ္အသင္းဟာ သူတိုရဲ႕ တိုက္စစ္မႉးေဟာင္းကို ၄ႏွစ္စာခ်ဳပ္နဲ႔ျပန္လည္ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။ တိုက္စစ္မႉးဝါနာကေတာ့ အသင္းေဟာင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ခြင့္ရတဲ့အတြက္ ေပ်ာ္႐ႊင္မိေၾကာင္းအခုလိုေျပာထားပါတယ္။

“ လစ္ပ္ဇစ္အတြက္ ထပ္ၿပီးကစားခြင့္ရလိုေပ်ာ္႐ႊင္မိပါတယ္။ ၂၀၁၆ ကေန ၂၀၂၀ အထိ ဘြန္ဒက္စ္လီဂါကိုေရာက္လာတဲ့ မ်က္ႏွာသစ္အသင္းအေနနဲ႔ ကြၽန္ေတာ္အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့တဲ့ အခ်ိန္ေတြ ကြၽန္ေတာ့္အတြက္ေတာ့ အံ့မခန္းအခိုက္အတန႔္ေတြပါပဲ။

အခုေတာ့ ဒါေတြဟာအတိတ္မွာက်န္ခဲ့ၿပီ ျဖစ္သလို လစ္ပ္ဇစ္ကလည္းၿပီးခဲ့တဲ့ႏွစ္ေတြထက္စာရင္ အမ်ားႀကီးတိုးတက္လာတဲ့အသင္းျဖစ္ေနပါၿပီ ”လိုေျပာခဲ့ ပါတယ္။ ဝါနာဟာ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစုံ ၈၉ ပြဲကစားေပးခဲ့ၿပီး

၂၃ ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့အျပင္ ၂၀၂၁ ခုႏွစ္မွာ ခ်ဲလ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္ဆုဖလားကိုလည္း ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၀ ေႏြရာသီမွာ ဥေရာပ ထိပ္တန္းတိုက္စစ္မႉးစာရင္းဝင္ေနတဲ့ ဝါနာကို လီဗာပူး ၊

ဘိုင္ယန္၊ အက္သလက္တီကိုတိုနဲ႔ အၿပိဳင္ကမ္းလွမ္းၿပီး ခ်ဲလ္ဆီးက ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဝါနာဟာ ပရီးမီးယားလိဂ္ကိုေရာက္လာၿပီးေနာက္ပိုင္း ထိပ္တန္းတိုက္စစ္မႉးအဆင့္ကေန ေလ်ာ့က်သြားၿပီး

၂ ရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၁၀ ဂိုးသာသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဝါနာဟာ လစ္ပ္ဇစ္အသင္းကို ၂၀၁၆ခုႏွစ္မွာ စတုဂတ္ကေနေရာက္လာတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၅၉ ပြဲမွာ ၉၅ ဂိုးအထိသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။