
သရဲနီဂန္တဝင်နည်းပြကြီးဖာဂူဆန်ကတော့ သူ့ရဲ့ ဒုတိယမြောက်





ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ဟင်းနရစ်လာဆင်ကို အလွန်အမင်း
သဘောကျနှစ်သက်ကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ်။





ဖာဂူဆန်ကြီးဟာ တိုက်စစ်မှူးဆာဟာ ဒဏ်ရာရသွားချိန်မှာ
အစားထိုးဖို့အတွက် ၂၀၀၇ ဇန်နဝါရီမှာ လာဆင်ကို အငှားနဲ့
ခေါ်ယူခဲ့တာဖြစ်တယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့





လာဆင်ရဲ့ သရဲနီကစားသမားဘဝသက်တမ်းက ၂လ သာကြာခဲ့ပြီး
ဟယ်လ်ဆင်ဘော့အသင်းဆီ ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆွီဒင်သားဟာ





၂လ အတွင်း ဖာဂူဆန်ရဲ့နှလုံးသားကိုဖမ်းဆုပ်သွားခဲ့ပြီး
သူကစားခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့နောက်ဆုံးပွဲစဉ်အကြောင်းကို
စကော့တလန်သားကြီးက အတ္ထုပ္ပတ္တိမှာ ထည့်သွင်း





ရေးသားခဲ့တာဖြစ်တယ်။ “တကယ့်ကိုအံ့အားသင့်စရာဖြစ်သလို
ဘောလုံးနဲ့ပက်သတ်လို့ကျွမ်းကျင်ပိုင်နိုင်မှု၊ စိတ်နေသဘောထားနဲ့





လုပ်ခဲ့သမျှအားလုံးအကုန်ကောင်းခဲ့တယ်။ အရှင်းဆုံးပြောရရင်
သူ့ကိုဆက်ဆွဲထားချင်ပေမဲ့ သူကတော့ သူ့မိသားစုနဲ့
ဟယ်ဆင်ဘော့အသင်းကို ကတိပေးထားပြီးဖြစ်နေလို့ ဒါကိုတော့





လေးစားသင့်ပါတယ်။ သူ့ကိုဆက်ထိန်းဖို့အတွက် အရာအားလုံး
ငါလုပ်ခဲ့တယ်။ သူ့ရဲ့နောက်ဆုံးပွဲမှာ မစ်ဒယ်ဘရော့ကို ၂-၁ နဲ့





ဦးဆောင်ထားခဲ့သလို လာဆင်က ကွင်းလယ်အထိဆင်းပြီး
ဘောလုံးကိုအတင်းလိုက်ဖျက်နေခဲ့ပါတယ်။ အဝတ်လဲခန်းထဲ
အရောက်မှာတော့ ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေက





သူ့အတွက်လက်ခုပ်တီးပေးနေကြတယ်။
၂ လဆိုတဲ့ အချိန်အတွင်းမှာ ဒီလိုဖန်တီးနိုင်ဖို့မလွယ်ပါဘူး။





ကစားသမားတစ်ယောက် အလုပ်မလုပ်ဘူးဆိုရင် သူနဲ့ပက်သတ်တဲ့
လေးစားမှု ၂ မိနစ် အတွင်းပျောက်ကွယ်သွားလိမ့်မယ်။
လာဆင်ကတော့ သူ့ဂုဏ်သိက္ခာကိုထိန်းနိုင်ခဲ့တယ်။





သူလုပ်ခဲ့တဲ့အရာတွေအားလုံးကိုကြည့်ရင် ပကတိ ယူနိုက်တက်
ကစားသမားတစ်ယောက်လိုပါပဲ” လို့ ဖာဂူဆန်ကြီးက ချီးကျူးရေးသားခဲ့တာဖြစ်တယ်။





zawgyi
အလြန္အမင္းႏွစ္သက္ခဲ့ရတဲ့ သရဲနီတစ္ေယာက္အေၾကာင္းကို ဒုတိယေျမာက္ကိုယ္တိုင္ေရး အတၳဳပၸတၱိမွာ ဖာဂူဆန္ ထည့္သြင္းေရးသားခဲ့
သရဲနီဂႏၲဝင္နည္းျပႀကီးဖာဂူဆန္ကေတာ့ သူ႔ရဲ႕ ဒုတိယေျမာက္





ကိုယ္တိုင္ေရး အတၳဳပၸတၱိမွာ ဟင္းနရစ္လာဆင္ကို အလြန္အမင္း
သေဘာက်ႏွစ္သက္ေၾကာင္း ထည့္သြင္းေရးသားခဲ့ပါတယ္။





ဖာဂူဆန္ႀကီးဟာ တိုက္စစ္မႉးဆာဟာ ဒဏ္ရာရသြားခ်ိန္မွာ
အစားထိုးဖို႔အတြက္ ၂၀၀၇ ဇန္နဝါရီမွာ လာဆင္ကို အငွားနဲ႔
ေခၚယူခဲ့တာျဖစ္တယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့





လာဆင္ရဲ႕ သရဲနီကစားသမားဘဝသက္တမ္းက ၂လ သာၾကာခဲ့ၿပီး
ဟယ္လ္ဆင္ေဘာ့အသင္းဆီ ျပန္သြားခဲ့ပါတယ္။ ဒါေပမဲ့ ဆြီဒင္သားဟာ





၂လ အတြင္း ဖာဂူဆန္ရဲ႕ႏွလုံးသားကိုဖမ္းဆုပ္သြားခဲ့ၿပီး
သူကစားခဲ့တဲ့ မစ္ဒယ္ဘေရာ့နဲ႔ေနာက္ဆုံးပြဲစဥ္အေၾကာင္းကို
စေကာ့တလန္သားႀကီးက အတၳဳပၸတၱိမွာ ထည့္သြင္း





ေရးသားခဲ့တာျဖစ္တယ္။ “တကယ့္ကိုအံ့အားသင့္စရာျဖစ္သလို
ေဘာလုံးနဲ႔ပက္သတ္လို႔ကြၽမ္းက်င္ပိုင္ႏိုင္မႈ၊ စိတ္ေနသေဘာထားနဲ႔





လုပ္ခဲ့သမွ်အားလုံးအကုန္ေကာင္းခဲ့တယ္။ အရွင္းဆုံးေျပာရရင္
သူ႔ကိုဆက္ဆြဲထားခ်င္ေပမဲ့ သူကေတာ့ သူ႔မိသားစုနဲ႔
ဟယ္ဆင္ေဘာ့အသင္းကို ကတိေပးထားၿပီးျဖစ္ေနလို႔ ဒါကိုေတာ့





ေလးစားသင့္ပါတယ္။ သူ႔ကိုဆက္ထိန္းဖို႔အတြက္ အရာအားလုံး
ငါလုပ္ခဲ့တယ္။ သူ႔ရဲ႕ေနာက္ဆုံးပြဲမွာ မစ္ဒယ္ဘေရာ့ကို ၂-၁ နဲ႔





ဦးေဆာင္ထားခဲ့သလို လာဆင္က ကြင္းလယ္အထိဆင္းၿပီး
ေဘာလုံးကိုအတင္းလိုက္ဖ်က္ေနခဲ့ပါတယ္။ အဝတ္လဲခန္းထဲ
အေရာက္မွာေတာ့ ကစားသမားေတြနဲ႔ အသင္းဝန္ထမ္းေတြက





သူ႔အတြက္လက္ခုပ္တီးေပးေနၾကတယ္။
၂ လဆိုတဲ့ အခ်ိန္အတြင္းမွာ ဒီလိုဖန္တီးႏိုင္ဖို႔မလြယ္ပါဘူး။





ကစားသမားတစ္ေယာက္ အလုပ္မလုပ္ဘူးဆိုရင္ သူနဲ႔ပက္သတ္တဲ့
ေလးစားမႈ ၂ မိနစ္ အတြင္းေပ်ာက္ကြယ္သြားလိမ့္မယ္။
လာဆင္ကေတာ့ သူ႔ဂုဏ္သိကၡာကိုထိန္းႏိုင္ခဲ့တယ္။





သူလုပ္ခဲ့တဲ့အရာေတြအားလုံးကိုၾကည့္ရင္ ပကတိ ယူႏိုက္တက္
ကစားသမားတစ္ေယာက္လိုပါပဲ” လို႔ ဖာဂူဆန္ႀကီးက ခ်ီးက်ဴးေရးသားခဲ့တာျဖစ္တယ္။